KIC News
DKBA နှင့် KNLA တပ်ဖွဲ့ဝင်များ ကရင့်တော်လှန်ရေးနေ့တွင် ပူးတွဲစစ်ရေးပြမည်
ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
လာမည့် ဇန်နဝါရီ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၅နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များနှင့်အတူ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ)တို့ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးပြမည်ဟု သိရသည်။
ကေအဲန်ယူ ဖားအံခရိုင် ထိန်းချုပ်နယ်မြေအတွင်းရှိ KNLA တပ်မဟာ(၇) ဌာနချုပ်နေရာ၌ ကျင်းပမည့် ကရင့်တော်လှန်ရေးနေ့...
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၏
အမြင်သဘောထား (၁)
ကျနော်တို့က အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွေမှာ သဘောတူထားခဲ့တဲ့ သဘောတူညီချက်တွေကို လေးစား တန်ဖိုးထားတယ်။ ကျနော်တို့ အလေးအနက် လေးစားတန်ဖိုးထားသလိုပဲ လိုင်ဇာညီလာခံကြီးမှာ တိုင်းရင်းသားတွေ အတူတူ လက်မှတ်ရေးထိုးထားတဲ့ လိုင်ဇာသဘောတူညီချက်ကိုလည်း ကျနော်တို့ တန်ဖိုးထားပါတယ်။ ဒါကြောင့်မို့လို့ အဲဒီသဘောတူ ညီမှု နှစ်ရပ်ပေါ်မှာ အခြေခံပြီးတော့...
ဟောင်သရောမြစ်အတွင်း လှိုင်ကွယ်-မဲသရောအပိုင်း တံတား စတင် ဆောက်လုပ်နေပြီ
ဇန်နဝါရီ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ (လှိုင်ကွယ်-မဲသရောအပိုင်း) ဟောင်သရောတံတားကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကော့ကရိတ်မြို့နယ် တံတားဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၂)က တာဝန်ယူကာ ဇန်နဝါရီ လ ပထမအပတ်မှစ၍ ဆောက်လုပ်နေပြီဖြစ်သည်။
အရှည်ပေ ၉၂၀၊ အကျယ် ၂၄ပေရှိ အာစီတိုင်၊ သံချည်တို့ဖြင့် တည်ဆောက်လုပ်သွားမည့်...
ကရင့်တော်လှန်ရေးနေ့တွင် Karen Unity Hope Network ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ခွင့်ရ
ဇန်နဝါရီလ ၂၇ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် ကရင်ညီညွတ်မှုကို မျှော်လင့်သော ကွန်ယက်အဖွဲ့ (Karen Unity Hope Network)မှ ပထမဆုံးအကြိမ်အဖြစ် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။
လက်ရှိ ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်...
စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ချီတက်ကြပါစို့
(မောင်ကျော်စွာ)
၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၂၆ရက်
(ဖဆပလ)၊ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)၊ ကြံ့ဖွံ့အစိုးရ စသဖြင့် အုပ်စိုးသူအစိုးရတွေ “ပြောင်း” သွားသော် လည်း ယနေ့အထိ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ပြဿနာကို ရှင်းရှင်းပြတ်ပြတ် ပြေလည်စွာ မဖြေရှင်းနိုင်သေး။ ပြည်တွင်းစစ် သည် တိုးလို့တန်းလန်း တည်ရှိနေဆဲပင်။ ပြည်တွင်းစစ်ဆိုသည်မှာ...
အယ်ဒီတာ့အာဘော်
တိကျသေချာတဲ့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုကို ကြိုဆို
ကမ္ဘာ့ကုလသမဂ္ဂသည် ဖွံ့ဖြိုးမှုနှင့် လူဦးရေတိုးတက်မှုကို တိုင်းတာနိုင်ရန်အတွက် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူရန် အကြံပြုထားသည်။ သို့မှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်မီသော အုပ်ချုပ်မှုတို့အတွက် အဓိက ကျသော အခန်းကဏ္ဍတွင် ပါဝင်နိုင်ရမည်ဖြစ်သည်။ ထိုကဲ့သို့ လူဦးရေနှင့် အိမ်အကြောင်းအရာ...
လော်ခီးလာကွန်ဖရင့်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အတည်ပြုလက်မှတ်ရေးထိုး
ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ (ကေအိုင်စီ)
လိုင်ဇာတွင် မူကြမ်းရေးဆွဲခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုး သားအစည်းအရုံး(KNU) ထိန်းချုပ်ရာ လော်ခီးလာ(လေးဝါး)စခန်း၌ ဇန်နဝါရီ ၂၅ရက်(ယမန်နေ့)က ကျင်းပပြီးစီးသည့် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ကွန်ဖရင့်တွင် အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့-NCCT...
ကရင်အမျိုးသားပါတီတည်ထောင်ရန် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း
ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ရန်ကုန် ကရင့်နိုင်ငံရေးအသိုင်းအဝိုင်း၌ လွန်ခဲ့သည့် တနှစ်ဝန်းကျင်က ထူထောင်ရန်ရှိခဲ့သည့် ကရင်အမျိုးသားပါတီ(Karen National Party)ကို ဖွဲ့စည်းသွားနိုင်ရန်အတွက် ဇန်နဝါရီ ၂၅ရက်နေ့တွင် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် တံခွန်တိုင်ကျေးရွာ၌ သက်ဆိုင်ရာ ကရင်ကိုယ်စားလှယ်များက အစည်းအဝေးပြုလုပ်ပြီး ပါတီဖြစ်မြောက်ရေးကော်မတီကို ဧရာဝတီတိုင်းဒေသကြီးရှိ ပန်းတနော်၊...
ဘိတ်/ထားဝယ်ခရိုင်တွင် KNU မြေယာတိုင်းတာမည်
ဇန်နဝါရီ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်/ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေရှိ မြေယာများကို မြန်မာအစိုးရမှ တရားဝင် အသိမှတ်ပြုနိုင်ရန် ဇန်နဝါရီမှ ဖေဖော်ဝါရီလအထိ တိုင်းတာသတ်မှတ်သွားမည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်၏ တွဲဘက်အတွင်းရေးမှူး ပဒိုစောအဲ့နာက ပြောဆိုလိုက်သည်။
“အခု တိုင်းတာမယ့် မြေယာတွေက ပိုင်ရှင်ရှိပြီး မြေဂရမ် စာရွက်စာတမ်းမရှိသေးတဲ့...
မိုးကိုစံကုမ္ပဏီက ကရင်ပြည်နယ်ရှိ အိမ်ခြေ ၇၈ဝ ကို ဆိုလာမီး အခမဲ့တပ်ဆင်ပေးမည်
ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီနှင့် ဖားအံမြို့နယ်တို့ အတွင်းရှိ အိမ်ခြေ ၇၈ဝ လုံးကို မြဝတီမြို့ အခြေစိုက် မိုးကိုစံကုမ္ပဏီက ဦးဆောင်၍ ဆိုလာလျှပ်စစ်မီး အခမဲ့ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ...












