Home သတင်း ကရင့်‌တော်လှန်‌ရေး‌နေ့တွင် Karen Unity Hope Network ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်တွင် ပါဝင်ခွင့်ရ

ကရင့်‌တော်လှန်‌ရေး‌နေ့တွင် Karen Unity Hope Network ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်တွင် ပါဝင်ခွင့်ရ

2060

ဇန်နဝါရီလ ၂၇ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း

ဇန်နဝါရီလ ၃၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၅ နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ကရင်ညီညွတ်မှုကို ‌မျှော်လင့်‌သော ကွန်ယက်အဖွဲ့ (Karen Unity Hope Network)မှ ပထမဆုံးအကြိမ်အဖြစ် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

လက်ရှိ ထိုင်းမြန်မာနယ်စပ်တွင် အ‌ခြေစိုက် Karen Unity Hope Network သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)ဌာနချုပ်၌ ဇန်နဝါရီလ ၂၉ မှ ၃၁ ရက်‌နေ့အထိ ကျင်းပမည့် ကရင့်‌တော်လှန်‌ရေး‌နေ့အခမ်းအနားတွင် တစ်ညတာ ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်အဖြစ် ပါဝင်မည်ဖြစ်သည်ဟု ယင်းအဖွဲ့၏ တာဝန်ခံ‌ခေါင်း‌ဆောင် ‌စောမို‌ရှေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောမို‌ရှေးက “Karen Unity Hope Network ရဲ့ လှုပ်ရှားမှုအ‌နေနဲ့ ပထမဆုံး‌ခြေလှမ်း စလိုက်တာပါ။ ပြီး‌တော့ ဒီလို ‌နေ့ထူး‌နေ့မြတ်မှာ ကျ‌နော်တို့အ‌နေနဲ့လည်း တတ်နိုင်တဲ့ ဘက်‌နေ ပါဝင်ကူညီချင်တာပါ။ ပါဝင်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပါတယ်”ဟု ‌ပြောဆိုသည်။

ထိုသို့ ‌ဖျော်‌ဖြေတင်ဆက်ရာတွင်လည်း Karen Unity Hope Network က ဖွဲ့စည်းထား‌သော Kawthoolei Artist team အဖွဲ့မှ တက်သစ်စ ကရင်လူငယ်အဆို‌တော်များဖြင့် တီးခတ်ပြီး ‌ဖျော်‌ဖြေ တင်ဆက်သွားမည် ဖြစ်‌ကြောင်းလည်း ‌စောမို‌ရှေးက ဆက်လက်‌ပြောဆိုသည်။

အဆိုပါ ကွန်ယက်ကို ကရင်လူမျိုးတို့၏ အနာဂတ်ဘဝအတွက် ‌ရှေးရှုလုပ်‌ဆောင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလတွင် တက်ကြွ‌သော ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားပြီး ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် ယဉ်‌ကျေးမှု‌ရေးရာများကို ဖြည့်ဆည်း‌ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က KNU တပ်မဟာ (၇)၌ ကျင်းပခဲ့သည့် ၆၄ ကြိမ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် စစ်‌ရေးပြခြင်းအခမ်းအနား၊ ‌ဟော‌ပြောပွဲများ၊ ကရင်ဒုံးယိမ်းများ၊ ‌တေးသီချင်း‌ဖျော်‌ဖြေမှု အစီအစဉ်များဖြင့် ပြုလုပ်ကျင်းပခဲ့သလို အခြား‌သော KNU ထိန်းချုပ်နယ်‌မြေများတွင်လည်း အစဉ်အလာမပျက် ယ‌နေ့ထိတိုင် အသီးသီးကျင်းပလာခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်‌ရေးရရှိပြီး‌နောက် ကရင်အမျိုးသားများသည် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ ‌ရေးအတွက် ပဆပလ အစိုးရထံသို့ နိုင်ငံ‌ရေးနည်းအရ‌တောင်းဆိုခဲ့ရာ မ‌အောင်မြင်သဖြင့် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်‌နေ့တွင် စတင်တိုက်ပွဲဝင်‌တောင်းဆိုခဲ့ရာမှ ကရင့်‌တော်လှန်‌ရေး‌နေ့ ဖြစ်‌ပေါ်လာခဲ့ခြင်းဖြစ်သည်။