Home သတင်း ကရင်အမျိုးသားပါတီတည်‌ထောင်ရန် ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဖွဲ့စည်း

ကရင်အမျိုးသားပါတီတည်‌ထောင်ရန် ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဖွဲ့စည်း

1791

ကရင်အမျိုးသားပါတီ နာယကတစ်ဦးဖြစ်သူ မန်းသိန်း‌ရွှေ

ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန် ကရင့်နိုင်ငံ‌ရေးအသိုင်းအဝိုင်း၌ လွန်ခဲ့သည့် တနှစ်ဝန်းကျင်က ထူ‌ထောင်ရန်ရှိခဲ့သည့် ကရင်အမျိုးသားပါတီ(Karen National Party)ကို ဖွဲ့စည်းသွားနိုင်ရန်အတွက် ဇန်နဝါရီ ၂၅ရက်‌နေ့တွင် ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌ကျောင်းကုန်းမြို့နယ် တံခွန်တိုင်‌ကျေးရွာ၌ သက်ဆိုင်ရာ ကရင်ကိုယ်စားလှယ်များက အစည်းအ‌ဝေးပြုလုပ်ပြီး ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီကို ဧရာဝတီတိုင်း‌ဒေသကြီးရှိ ပန်းတ‌နော်၊ ‌ညောင်တုန်းမြို့နယ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီး များရှိ ‌မြောင်းမြ၊ တွံ‌တေး၊ ‌ကော့မှူး၊ ကွမ်းခြံကုန်း၊ အိမ်မဲနှင့် ‌ကျောင်းကုန်းမြို့နယ်တို့မှ လူပုဂ္ဂိုလ် ၁၄ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အစည်း‌ဝေးဖြစ်‌မြောက်‌ရေး စီစဉ်ဦး‌ဆောင်သူ မန်း‌ကျော်ငြိမ်းက “အစည်းအ‌ဝေးတက်လာသူအားလုံးက ပါတီသစ်တစ်ခု တည် ‌ထောင်ဖို့ ဆုံးဖြတ်တယ်။ ပါတီနာယက မန်းသိန်း‌ရွှေ၊ မန်းရှီးရှိုထွန်းတို့က ဦး‌ဆောင်မယ်။ ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီကို‌တော့ တစ်မြို့နယ် နှစ်‌ယောက်နှုန်းနဲ့ ‌ရွေးထားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ပါတီ၏ နာယကအဖွဲ့ကိုလည်း တိုးချဲ့နိုင်ရန်ရှိ‌သော်လည်း ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်များကို ထုတ်‌ဖော်‌ပြောဆို ခြင်း မရှိ‌သေး‌ပေ။ KNP ပါတီသည် ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးများရှိ ကရင်လူမျိုး အများဆုံး ‌နေထိုင်ရာ ‌ဒေသများတွင် အ‌ခြေစိုက် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး လာမည့်မတ်လတွင် အစည်းအ‌ဝေး ထပ်မံ ပြုလုပ်ကာ ပါတီ၏ အလံ၊ တံဆိပ်နှင့် ဖွဲ့စည်းပုံ စသည်တို့ကို ‌ရေးဆွဲသွားမည်ဖြစ်‌ကြောင်း သိရသည်။

KNP ပါတီကို ကရင်အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်ခွင့်ရရှိ‌ရေး၊ အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌စေ‌ရေး၊ ကရင်လူထု နစ်နာဆုံးရှုံးမှုများကို ကာကွယ်‌ပေးပြီး ရပိုင်ခွင့်များကို ‌တောင်းဆို‌ရေး စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်‌ကြောင်းလည်း အဆိုပါအစည်းအ‌ဝေး ဦး‌ဆောင်စီစဉ်သူတစ်ဦး ဖြစ်သည့် မန်းမင်းရဲ‌ထွေးကလည်း ‌ပြောဆိုသည်။

ယင်းသို့ ကရင်ပါတီသစ် တည်‌ထောင်‌ရေးနှင့် ပတ်သက်၍ ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၏ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက “လူတိုင်းမှာ လွတ်လပ်တဲ့နိုင်ငံ‌ရေးအမြင် ရှိတာပဲ။ သူတို့ကို ဘာမှကန့်ကွက်တားဆီးဖို့မရှိပါဘူး။ သူတို့လည်းပဲ ကရင်အမျိုးသားအတွက် လုပ်နိုင်သ‌လောက်လုပ်‌ပေါ့”ဟု မှတ်ချက်‌ပေး ‌ပြောဆိုသည်။

KNP ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီ အစည်းအ‌ဝေးသို့ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ပန်းတ‌နော်၊ ‌မြောင်းမြ၊ ‌ကျောင်းကုန်း၊ ‌ညောင်တုန်း၊ ဝါးခယ်မမြို့နယ်တို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ‌မှော်ဘီ၊ တွံ‌တေး၊ ‌ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များမှ နိုင်ငံ‌ရေးစိတ်ဝင်စားသူ ကရင်အမျိုးသား ၁၀ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားများအတွက် လက်ရှိကရင်ပြည်နယ်အတွင်း၌ PSDP အပါအဝင် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက် ‌ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)တို့ရှိပြီး ရန်ကုန်တိုင်း‌ဒေသကြီး၌လည်း ကရင်ပြည်သူ့ပါတီ(KPP)က အ‌ခြေ စိုက် လုပ်‌ဆောင်လျှက်ရှိသည်။