Home သတင်း DKBA နှင့် KNLA တပ်ဖွဲ့ဝင်များ ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ပူးတွဲစစ်‌ရေးပြမည်

DKBA နှင့် KNLA တပ်ဖွဲ့ဝင်များ ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ပူးတွဲစစ်‌ရေးပြမည်

2462

ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

လာမည့် ဇန်နဝါရီ ၃၁ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၅နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနား၌ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ဝင်များနှင့်အတူ ဒီမိုက‌ရေစီ အကျိုးပြုကရင့်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တို့ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်‌ရေးပြမည်ဟု သိရသည်။

‌ကေအဲန်ယူ ဖားအံခရိုင် ထိန်းချုပ်နယ်‌မြေအတွင်းရှိ KNLA တပ်မဟာ(၇) ဌာနချုပ်‌နေရာ၌ ကျင်းပမည့် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ အတူတကွ စစ်‌ရေးပြမည့်ကိစ္စ နှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောမို‌ရှေးက ယခုလို ‌ပြောသည်။

ဗိုလ်ချုပ်‌စောမို‌ရှေး “ဒီက‌နေ့ ဒီအချိန်ဟာ ကရင်အမျိုးသား‌တွေ စည်းလုံးညီညွတ်ရမယ့်အချိန်လည်း ဖြစ် တယ်။ နားလည်မှုရှိရှိနဲ့ တစ်‌ယောက်နဲ့တစ်‌ယောက် ယိုင်းပင်းကူညီမယ့်အချိန်လည်း ဖြစ်တယ်။ DKBA ဆို တာကလည်း မိခင် KNUက‌နေ ‌ပေါက်ဖွားလာတာဖြစ်တဲ့အတွက်‌ကြောင့် အခုလို ပူး‌ပေါင်းပါဝင်ဖို့ ဖြစ်သွား တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတို့တပ်ဖွဲ့သည် DKBA အဖြစ် ရပ်တည်ခဲ့သည့်‌နောက်ပိုင်း ကရင်‌တော်လှန်‌ရေး‌နေ့ကို ကျင်းပနိုင်ခြင်း မရှိခဲ့သဖြင့် ယခုလို ပူး‌ပေါင်းပါဝင်ခွင့်ရသည့်အတွက်လည်း ဝမ်း‌မြောက်‌ကြောင်း ဗိုလ်ချုပ်‌စောမို‌ရှေးက ဆက်‌ပြောသည်။

‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “ကရင်‌တော်လှန်‌ရေး‌နေ့ဆိုတာ ကရင်တစ်မျိုး သားလုံးနဲ့ သက်ဆိုင်ပါတယ်။ အဲဒီအတွက်လည်း တခြားကရင်လက်နက်ကိုင်အဖွဲ့အစည်း‌တွေကို စစ်‌ရေး ပြ ပါဝင်ခြင်း မရှိရင်‌တောင်မှ ဧည့်သည်အ‌နေနဲ့အားလုံးကို ဖိတ်ကြားသွားဖို့ရှိပါတယ်”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ဒီ‌ကေဘီ‌အေအ‌နေဖြင့် ကရင့်‌တော်လှန်‌ရေး‌နေ့အတွက် ကြိုတင် ‌လေ့ကျင့်မှုများ ပြုလုပ် ‌နေပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်အင်အား ၃ဝ ပါဝင်စစ်‌ရေးပြမည်ဖြစ်ကာ ‌ကေအဲန်အယ်လ်‌အေ အပါအဝင် တပ်ဖွဲ့ ဝင်အင်အား ၁ဝ၀‌ကျော် ချီတက်စစ်‌ရေးပြမည်ဖြစ်‌ကြောင်း သိရသည်။

ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)သည် ၁၉၉၄ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)မှ ခွဲထွက်ခဲ့‌သော တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) အဖြစ်မှ ၂၀၁ဝခုနှစ် ပါတီစုံ ‌ရွေး‌ကောက်ပွဲအပြီးတွင် အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းခြင်းကို ဆန့်ကျင်ကာ ကလို့ထူး‌ဘော-ဒီ‌ကေဘီ‌အေအဖြစ် ရပ်တည်လာခဲ့‌သော ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။