Home ထိပ်တန်းသတင်း ‌လော်ခီးလာကွန်ဖရင့်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် အတည်ပြုလက်မှတ်‌ရေးထိုး

‌လော်ခီးလာကွန်ဖရင့်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် အတည်ပြုလက်မှတ်‌ရေးထိုး

1678

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ကို တိုင်းရင်းသား ‌ခေါင်း‌ဆောင်များ လက်မှတ်‌ရေးထိုး‌နေစဉ်

ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ (‌ကေအိုင်စီ)

လိုင်ဇာတွင် မူကြမ်း‌ရေးဆွဲခဲ့‌သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုး သားအစည်းအရုံး(KNU) ထိန်းချုပ်ရာ ‌လော်ခီးလာ(‌လေးဝါး)စခန်း၌ ဇန်နဝါရီ ၂၅ရက်(ယမန်‌နေ့)က ကျင်းပပြီးစီးသည့် တိုင်းရင်း သားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ ကွန်ဖရင့်တွင် အတည်ပြု လက်မှတ်‌ရေးထိုးလိုက်ပြီးဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့-NCCT ၏ ဒုတိယ အဖွဲ့‌ခေါင်း‌ဆောင်ဖြစ်သူ KNU အ‌ထွေ‌ထွေအတွင်း ‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “ကွန်ဖရင့်မှာ အဓိက ဆုံးဖြတ်ချက်က‌တော့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်ပါပဲ။ ကျန်တဲ့ ဆုံးဖြတ်ချက်‌တွေက‌တော့ ဒီစာချုပ်အ‌ပေါ်မှာ ဘယ်လိုအ‌ကောင်အထည်သွားမလဲ ဆိုတာ‌တွေ ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဇန်နဝါရီ ၂ဝရက်မှ ၂၅ရက်‌နေ့အထိ ကျင်းပခဲ့‌သော အဆိုပါကွန်ဖရင့် ‌နောက်ဆုံး‌နေ့မနက်တွင် တက်‌ရောက်လာကြသည့် တိုင်း ရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ (၁၆)ဖွဲ့မှ ကိုယ်စားလှယ်များက သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြပြီး အထူးဖိတ် ကြားခံရသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ‌လေ့လာသူအချို့က အသိသက်‌သေများ အဖြစ် လက်မှတ်‌ရေးထိုးခဲ့ကြသည်။

ကွန်ဖရင့်အပြီး ထုတ်ပြန်သည့် ‌ကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် ပင်လုံ စိတ်ဓါတ်နှင့် လိုင်ဇာစိတ်ဓါတ်တို့အ‌ပေါ် အ‌ခြေခံ၍ အ‌ကျေအလည် ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ကို တညီတညွှတ်တည်း အတည်ပြုခဲ့ကြသည်ဟု ‌ဖော်ပြထားသည်။

ယခု အတည်ပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်အပြီး ‌ရှေ့ဆက် လုပ်‌ဆောင်သွားမည့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ အဆင့်ဆင့်တွင် နိုင်ငံ‌ရေး ရည်မှန်းချက်ဖြစ်‌သော စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်သည်အထိ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများက စုစည်းညီညွှတ်စွာ ပါဝင်‌ဆွေး‌နွေး ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်း လည်း ‌လော်ခီးလာကွန်ဖရင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။
Lawkeelar conference DSC01503

ငြိမ်းချမ်း‌ရေးရရန်အတွက် ရည်စူးပြီး တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများကိုယ်စား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NCCT)က ‌ရေးသားပြုစုခဲ့‌သော ၎င်းစာချုပ်တွင် အခန်း (၁၁) ပါဝင်သကဲ့သို့ တိုင်းရင်း သားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် ၎င်းသ‌ဘောတူစာချုပ်ကို ဆုပ်ကိုင်ကာ မြန်မာအစိုးရနှင့် နှစ်ဘက်ညှိနှိုင်း ကာ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌ဖေ‌ဖော်ဝါရီလအတွင်း ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

NCCT ၏ ဒုတိယ အဖွဲ့‌ခေါင်း‌ဆောင်(၂) ဗိုလ်ချုပ်ဆွမ်လွတ်ဂွန်‌မော်ကလည်း “ဖားအံအစည်းအ‌ဝေးမှာ ကျ‌နော်တို့ တတ်နိုင်သ ‌လောက် လူစုံ‌အောင် အစိုးရဘက်က‌ကော၊ ‌လေ့လာသူ‌တွေ‌ကော ပြီး‌တော့ လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း ဒီဖြစ်စဉ်မှာ ပါဝင် ပတ်သက်ဖို့ လိုအပ်တဲ့ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားဖို့ အစီအစဉ်ရှိပါတယ်”ဟု ‌ပြောဆိုသည်။

ကွန်ဖရင့်တွင် တက်‌ရောက်‌လေ့လာသူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်‌ရေး လက်မှတ်‌ရေးထိုးတဲ့အခါ ကာကွယ်‌ရေးဦးစီးချုပ် မင်း‌အောင်လှိုင်ပါ မဖြစ်မ‌နေ ပါဝင်ရ မယ်။ ဒီလိုပါဝင်ဖို့ကိုလည်း ပြီးခဲ့တဲ့နှစ်က ကျ‌နော်တို့‌တွေ သွား‌ရောက်‌တွေ့ဆုံတဲ့အချိန်မှာ ‌ဆွေး‌နွေးခဲ့ပြီးပါပြီ”ဟု ဆိုသည်။

ယခုလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် မြန်မာအစိုးရနှင့် သွား‌ရောက်‌ဆွေး‌နွေးမည့် NCCT ကို ၂၀၁၃ခုနှစ်၊ ‌အောက် တိုဘာလ ၃ဝရက်မှ နိုဝင်ဘာလ ၂ရက်‌နေ့အထိ KIO ဌာနချုပ် လိုင်ဇာ၌ ကျင်းပခဲ့‌သော ကွန်ဖရင့်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်း အဖွဲ့အ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(မူ ကြမ်း)ကို ၉ကြိမ်တိုင် ‌ရေးသားပြုစုပြီးမှသာ ‌လော်ခီးလာကွန်ဖရင့်တွင် ‌ဆွေး‌နွေးအတည်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းကွန်ဖရင့်သို့ ကိုယ်စားလှယ်များအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၊ ကရင်နီအ မျိုးသားတိုးတက်‌ရေးပါတီ(KNPP)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်(DKBA)၊ ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း ‌ရေး‌ကောင်စီ(KPC)၊ ရခိုင်တပ်မ‌တော်(AA)၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ရခိုင်အမျိုးသား‌ကောင်စီ(ANC)၊ မြန်မာနိုင်ငံ အမျိုးသားများဒီမိုက‌ရေစီတပ်ဖွဲ့(MNDAA)၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)၊ သျှမ်းပြည်တိုးတက်‌ရေးပါတီ (SSPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်သမဂ္ဂ(LDU)၊ ပအိုဝ်းအမျိုးသားလွတ် ‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO)၊ ပ‌လောင်ပြည်လွတ်‌မြောက်‌ရေးတပ်ဦး(PSLF)၊ ဝအမျိုးသားအစည်းအရုံး(WNO) စသည့်တိုင်း ရင်းသားအဖွဲ့ ၁၇ဖွဲ့မှ ‌ခေါင်း‌ဆောင်များ၊ NCCT ‌ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၁၆ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။