Home သတင်း မိုးကိုစံကုမ္ပဏီက ကရင်ပြည်နယ်ရှိ အိမ်‌ခြေ ၇၈ဝ ကို ဆိုလာမီး အခမဲ့တပ်ဆင်‌ပေးမည်

မိုးကိုစံကုမ္ပဏီက ကရင်ပြည်နယ်ရှိ အိမ်‌ခြေ ၇၈ဝ ကို ဆိုလာမီး အခမဲ့တပ်ဆင်‌ပေးမည်

1960

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီနှင့် ဖားအံမြို့နယ်တို့ အတွင်းရှိ အိမ်‌ခြေ ၇၈ဝ လုံးကို မြဝတီမြို့ အ‌ခြေစိုက် မိုးကိုစံကုမ္ပဏီက ဦး‌ဆောင်၍ ဆိုလာလျှပ်စစ်မီး အခမဲ့ တပ်ဆင်‌ပေးမည်ဖြစ်‌ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ (၇)စီးပွား‌ရေးကုမ္ပဏီဖြစ်သည့် မိုးကိုစံကုမ္ပဏီက ‌ပြောဆိုသည်။

အဆိုပါ လုပ်ငန်းစဉ်အတွက် လက်ရှိတွင် လှိုင်းဘွဲမြို့နယ် ‌နောင်တိုင်‌ကျေးရွာတွင် ဇန်နဝါရီ ပထမအပတ်မှစ၍ ဆိုလာလျှပ်စစ်မီး စတင်တပ်ဆင်‌ပေး‌နေပြီ သတ်မှတ်ထားသည့် ‌လေးမြို့နယ်အားလုံးကို မတ်လ ၁၅ ရက်‌နေ့ ‌နောက်ဆုံးထား တပ်ဆင်‌ပေးသွားမည်ဖြစ်‌ကြောင်း မိုးကိုစံကုမ္ပဏီ မန်း‌နေးဂျင်း ဒါရိုက်တာ ‌စောမိုးဇက်က ဆိုသည်။

“အခုလို လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က‌တော့ ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ချင်တာရယ်။ ‌နောက်ပြီး‌တော့ ဒီထဲမှာရှိတဲ့ ‌ဒေသခံ‌တွေအခုလို ‌လေးမြို့နယ်‌တွေမှာ မီးတပ်ဆင်ခွင့်ရတဲ့အတွက် ကျ‌နော်တို့ KNU/KNLA က အထူးပဲ ဝမ်းသာမိတယ်”ဟု ‌စောမိုးဇက်က ‌ပြောသည်။

ထိုသို့ တပ်ဆင်‌ပေးရာတွင် တစ်အိမ်‌ထောင်လျှင် ၉၂ မီဂ္ဂါဝပ် အားရှိ ဆိုလာပြားနှင့် ၆၅ အမ်ပီယာ ပါရှိသည့် ဘက်ထရီအိုး တစ်လုံးစီတို့ကို အခမဲ့တပ်ဆင်‌ပေးသွားမည်ဖြစ်ကာ အိမ်‌ထောင်စု ၇၈ဝ အတွက် ကုန်ကျစရိတ် ကျပ်သိန်း‌ပေါင်း ၁၅၆ဝ အကုန်ကျခံပြီး ယင်းကုန်ကျစရိတ်များကို ‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေးအတွက် နိုင်ငံ‌တော်ရန်ပုံ‌ငွေမှ ကျခံသုံးစွဲသွားမည်ဟု မိုးကိုစံကုမ္ပဏီထံမှ သိရသည်။

ယခုလို ဆိုလာလျှပ်စစ်မီး တပ်ဆင်‌ပေးမည့်အ‌ပေါ် လှှိုင်းဘွဲမြို့နယ်မှ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောထွန်းထွန်း ‌အောင်က “အများအားဖြင့် ‌တွေ့ရသ‌လောက်‌တော့ အစိုးရ မီးမရတဲ့‌နေရာမှာ သွား‌ရောက်တပ်ဆင်‌ပေးသလို မီးမရှိ‌သေးတဲ့ အိမ်‌တွေကို ‌ရွေးပြီး သွား‌ရောက်တပ်‌ပေးတာ ‌တွေ့ရတယ်။ ပြီး‌တော့ သူတို့(မိုးကိုစံ) မီးလာတပ်တဲ့ အတွက် ပညာသင်တဲ့ က‌လေး‌တွေအတွက် အ‌ထောက်အကူပြုမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောပါသည်။

ထို့အပြင် KNU ထိန်းချုပ်နယ်‌မြေ ‌ဝေါ်‌လေး‌ဒေသ ချူကလီး(စုကလိ)‌ကျေးရွာတွင် ‌ပေ ၁၅၀ဝ ကွန်ကရစ်လမ်း ‌ဖောက်လုပ်သွားမည်ဖြစ်ပြီး မဲကနယ်‌ကျေးရွာတွင်လည်း ကွန်ကရစ် သစ်သားတံတား ၁၁ စင်းတို့အတွက် ကုန်ကျစရိတ် ကျပ် ၇၈ဝ သိန်းကို မိုးကိုစံကုမ္ပဏီမှ အကုန်ကျခံ တည်‌ဆောက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မိုးကိုစံကုမ္ပဏီ၏ ယခုလုပ်ငန်းစဉ်သည် ပြည်နယ်လျှပ်စစ်ဦးစီဌာနနှင့် သက်ဆိုင်ခြင်းမရှိ‌ကြောင်း၊ ‌ကျေးလတ် ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် အခြားကဏ္ဍအ‌နေဖြင့် ‌ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

KNU တပ်မဟာ ၇ စီးပွား‌ရေး ကုမ္ပဏီအဖြစ် မိုးကိုစံကုမ္ပဏီကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၄ရက်‌နေ့တွင် စတင် တည်‌ထောင်ခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ လုပ်‌ဆောင်လျက်ရှိ‌ကြောင်း သိရသည်။