Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1526

တိကျ‌သေချာတဲ့ ၂၀၁၄ သန်း‌ခေါင်စာရင်း ‌ကောက်ခံမှုကို ကြိုဆို

ကမ္ဘာ့ကုလသမဂ္ဂသည် ဖွံ့ဖြိုးမှုနှင့် လူဦး‌ရေတိုးတက်မှုကို တိုင်းတာနိုင်ရန်အတွက် (၁၀)နှစ်လျှင်တစ်ကြိမ် သန်း‌ခေါင်စာရင်း ‌ကောက်ယူရန် အကြံပြုထားသည်။ သို့မှသာ နိုင်ငံ‌တော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်မီ‌သော အုပ်ချုပ်မှုတို့အတွက် အဓိက ကျ‌သော အခန်းကဏ္ဍတွင် ပါဝင်နိုင်ရမည်ဖြစ်သည်။ ထိုကဲ့သို့ လူဦး‌ရေနှင့် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်းမှ လူတို့၏ လူမှု‌ရေး၊ ပညာ‌ရေး၊ စီးပွား‌ရေး စသည့် လူဦး‌ရေဆိုင်ရာ သွင်ပြင်လက္ခဏာ အချက်အလက်များကို နိုင်ငံ‌တော်အတွက် ရရှိပြီး နိုင်ငံ‌တော်ရှိ တိုင်းရင်းသားပြည်သူများ၏ ‌နေထိုင်မှု အဆင့်အတန်းကို မြှင့်တင်နိုင်ရန် မူဝါဒနှင့် စီမံကိန်းများ ချမှတ်ရာတွင် အစိုး ရနှင့် ပြည်သူလူထု၏ ပတ်သက်ဆက်နွယ်မှုအတွက် သန်း‌ခေါင်စာရင်းမှ အချက်အလက်ကို အသုံးပြုရသည့်ကဏ္ဍများ တိကျမှန် ကန်၍ ဆီ‌လျော်မှသာလျှင် အချိန်နှင့်တ‌ပြေးညီ စာရင်းအချက်အလက်များဖြင့် ပြုပြင်‌ပြောင်းလဲမှု ဖွံ့ဖြိုးမှုများအတွက် အ‌ကောင် အထည်‌ဖေါ် ‌ဆောင်ရွက်ရာ၌ အဆင်‌ပြေ ‌ချော‌မွေ့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၁၉၈၃ခုနှစ်တွင် ‌နောက်ဆုံးအကြိမ်အဖြစ် သန်း‌ခေါင်စာရင်း‌ကောက်ယူခဲ့ပြီး ယခုကျ‌ရောက်မည့် ၂၀၁၄ခုနှစ် မတ် လ (၃၀)ရက်‌နေ့မှ ဧပြီလ (၁၀)ရက်‌နေ့အထိ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်းပင် သန်း‌ခေါင်စာရင်း ‌ကောက်ယူကြမည်ဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ‌ရွေး‌ကောက်ပွဲ၌ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအ‌နေဖြင့် လူ့အခွင့်အ‌ရေး ပြည့်ဝစွာဖြင့် (မဲ‌ပေးခွင့်ရှိသူတိုင်း) အသဲကြားမှ မဲတစ်ပြားကို ဆန္ဒပြု၍ ‌ပေးရမည်ဖြစ်သည်။ ထိုသို့ ဆန္ဒမဲရှင် စာရင်း‌ကောက်ယူရာ၌ ပြည်ထဲ‌ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ စာရင်းနှစ်ခုကို အ‌ခြေပြု ရမည်ဖြစ်‌သော‌ကြောင့် သန်း‌ခေါင်စာရင်း‌ကောက်ယူရာ (စာရင်း‌ပေးသွင်းရာ) တိကျမှန်ကန်မှုရှိရန် အထူးလိုအပ်ပြီး တိုင်းရင်း သားပြည်သူများအ‌နေဖြင့်ကလည်း စာရင်း‌ကောက်ယူအဖွဲ့မှ ‌မေးမြန်း‌သော အချက်အလက်များကို တိကျမှန်ကန်စွာ ‌ဖြေဆိုကြ ရန်အပြင် မိမိတို့၏ လူမျိုးအဂင်္ါရပ်ကိုလည်း တိတိကျကျ သိရှိကာ ‌ဖော်ပြ‌ပေးရန်လည်း လွန်စွာ အ‌ရေးကြီးသည်။

မြန်မာနိုင်ငံတွင် ‌ကျေးလက်‌နေလူတန်းစား (၇၀%)ဖြင့် တည်ရှိထား‌သော‌ကြောင့် ယခင်ကာလက အဆိုပါလူတန်းစားများအ‌နေ ဖြင့် အိမ်အ‌ကြောင်းအရာများ၊ မိသားစုများနှင့် ပတ်သက်သည်များကို သန်း‌ခေါင်စာရင်း‌ကောက်ယူသည့်အဖွဲ့သို့ တိကျစွာ ‌ပြော ဆိုနိုင်မှု မရှိသဖြင့် မိသားစုသန်း‌ခေါင်စာရင်း မမှန်၍ က‌လေးငယ်များ ‌ကျောင်းအပ်ရာတွင်လည်း‌ကောင်း၊ နိုင်ငံသားစိစစ်‌ရေးကဒ် ပြုလုပ်ရာတွင်လည်း‌ကောင်း အသက်၊ အမည်များ လွဲမှား၍ အခက်အခဲများစွာ ကြုံရသည်ကို မ‌မေ့‌လျော့‌ရေး သတိထားရန် လို အပ်သည်။

အထူးသဖြင့် တိုးတက်ဖွံ့ဖြိုး‌သော ‌ပြောင်းလဲမှုကာလအတွက် ကရင်တိုင်းရင်းသားများအ‌နေဖြင့် မိမိကိုယ်ကိုလည်း‌ကောင်း၊ မိမိ ပြည်နယ်၊ မိမိတိုင်းပြည်အတွက်လည်း‌ကောင်း ပြည့်ဝ‌သော ဝန်‌ဆောင်မှုများ‌ပေးနိုင်ရန် မိမိတို့၏အိမ်ရှိ လူဦး‌ရေနှင့် အိမ်အ ‌ကြောင်းအရာများအတွက် သန်း‌ခေါင်စာရင်း‌ကောက်ယူမှု၌ တာဝန်ရှိသူများက ‌မေးမြန်းသည့် ‌မေးခွန်းများကို တိကျမှန်ကန်စွာ ‌ဖြေကြားနိုင်မှုအတွက် ကြိုတင်၍ မိမိတို့၏မိသားစုများ (ရပ်နီးရပ်‌ဝေး သွား‌ရောက်အလုပ်လုပ်‌နေသူများ)၏ အ‌ခြေအ‌နေနှင့် အမည်၊ ‌မွေးသက္ကရာဇ် စသည်တို့ကို ကြိုတင်မှတ်သားထားကြခြင်းဖြင့် ယခု မတ်လ (၃၀)ရက်‌နေ့မှ ဧပြီလ (၁၀)ရက်‌နေ့အတွင်း ၂၀၁၄ခုနှစ် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် တာဝန်ရှိသူများ၏ ‌မေးမြန်း‌သော ‌မေးခွန်းများကို လွယ်ကူ တိကျ မှန်ကန်စွာ ‌ဖြေဆိုနိုင်မည်ဖြစ်သည်။

သန်း‌ခေါင်စာရင်း‌ကောက်ခံသည့် တာဝန်ရှိသူများအ‌နေဖြင့်လည်း ကရင်လူမျိုး အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ‌ဖြေဆိုမှုအ တွက် အမည်နာမများကို ဗမာစကား မပီသ၍ သို့မဟုတ် ဗမာစာဖြင့် ‌ရေးသားရန် အခက်အခဲရှိကြ၍ ယခင်ကာလများကဲ့သို့ လွယ်လင့်တကူ၊ ပြီးစလွယ် မလုပ်ကြဘဲ စာရင်း‌ပေးသူများက မိမိတို့နှစ်သက်ရာ မြန်မာအမည်များကို (သ‌ဘောတူညီမှု ‌တောင်း ယူ၍) ထည့်သွင်း‌ရေးသားခြင်းကို မပြုကြရန် လိုအပ်သလို ကရင်တိုင်းရင်းသားများအ‌နေနှင့်လည်း မိသားစုအမည်များ ‌ပြောဆို ရာတွင် ကရင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ကျား/မ ခွဲခြားမှုအရ ‌စော၊ စ၊ မန်း၊ ‌နော်၊ နန့်၊ နန်း စသည့် အမည်‌ရှေ့မှ အသုံးအနှုန်း များကို မဖြစ်မ‌နေ ထည့်သွင်း‌ပြောဆို‌ရေး အထူးသတိပြုနိုင်ရန် နှိုး‌ဆော်တိုက်တွန်းရင်း ၂၀၁၄ခုနှစ် လူဦး‌ရေနှင့် သန်း‌ခေါင်စာ ရင်း ‌ကောက်ယူ၊ ‌ကောက်ခံခြင်းကို ကြိုဆိုလိုက်သည်။