Home သတင်း အ‌ပြောင်းအလဲအတွက် အစိုးရသစ်နှင့် လက်တွဲလုပ်‌ဆောင်ရန် KNU ဒုဥက္ကဋ္ဌ တိုက်တွန်း

အ‌ပြောင်းအလဲအတွက် အစိုးရသစ်နှင့် လက်တွဲလုပ်‌ဆောင်ရန် KNU ဒုဥက္ကဋ္ဌ တိုက်တွန်း

1615

ဒီဇင်ဘာ ၉ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာပြည်သူလူထုများ လိုလား‌တောင်းတသည့် နိုင်ငံ‌ရေးအ‌ပြောင်းအလဲအတွက် မကြာခင်အစိုးရသစ် ဖြစ်လာမည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့(NLD)ပါတီနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် နိုင်ငံ‌ရေးအဖွဲ့အစည်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ကရင်အမျိုးသားအစည်းရုံး(KNU) ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်က ဒီဇင်ဘာ ၇ရက်‌နေ့တွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။

၎င်းက “နိုင်ငံ‌ရေးအဖွဲ့အစည်းဖြစ်‌စေ၊ နိုင်ငံ‌ရေးပါတီဖြစ်‌စေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်‌စေ၊ ပြည်သူ‌တွေ ‌မျှော်လင့်‌တောင်းတတဲ့ ဒီနိုင်ငံ‌ရေး အ‌ခြေအ‌နေကို ‌ပြောင်းလဲဖို့အတွက် အခုတက်လာမယ့် အစိုးရသစ်နဲ့ပူး‌ပေါင်းပြီး လုပ်‌ဆောင်ကြရမယ်။ ပြည်သူ‌တွေက‌တော့ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ခဲ့ပြီ။ ဒါ‌တွေကို ကျမတို့ မြင်တတ်ဖို့ လိုပါတယ်။״ဟု ‌ကေအိုင်စီသို့ သီးသန့်‌ပြောဆိုသည်။

လက်ရှိအုပ်ချုပ်‌နေသည့် အစိုးရအ‌နေဖြင့်လည်း ပြည်သူများ လိုလား‌တောင်းတသည့်ဆန္ဒအတိုင်း အစိုးရသစ် ဖြစ်လာမည့် NLD ပါတီထံ အာဏာလွှဲ‌ပြောင်း‌ပေးမှုကို ‌ချော‌ချော‌မွေ့‌မွေ့ လုပ်‌ဆောင်ရန် လိုအပ်သည့်အပြင် အုပ်ချုပ်‌ရေးပိုင်းနှင့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြုပြင်‌ပြောင်းလဲ‌ရေးအတွက် အစိုးရသစ်နှင့်ပူး‌ပေါင်းလုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း ပဒို‌နော်စီဖိုးရာစိန်က ဖြည့်စွက်‌ပြောဆိုသည်။

၎င်းအပြင် ‌ရွေး‌ကောက်ပွဲ၌ ရှုံးနိမ့်ခဲ့‌သော နိုင်ငံ‌ရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က NLD အနိုင်ရရှိခဲ့မှုအ‌ပေါ် လွှတ်‌တော်အတွင်း တိုင်းရင်းသားအ‌ရေး ‌ပြောဆို‌ဆွေး‌နွေးမှုများ အားနည်းသွားမည်ကို စိုးရိမ်မှုများရှိ‌သော်လည်း NLD အနိုင်ရရှိမှုသည် စစ်အာဏာရှင် ကျဆုံး‌ရေးအတွက် ကြီးမားသည့် အ‌ပြောင်းအလဲတစ်ခုဖြစ်‌ကြောင်းကို ဦးစွာ မြင်တတ်ရန် လိုအပ်သည်ဟု ပဒို‌နော်စီဖိုးရာစိန်က ထပ်‌လောင်း‌ပြောဆိုသည်။

ထိုကဲ့သို့ တိုက်တွန်းခြင်းအ‌ပေါ် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက “သူတို့(NLD)က အာဏာရလာတဲ့အတွက် တို့ကို ပါခွင့်‌ပေးပါလို့ ဘယ်လိုနည်းနဲ့မှ သွား‌ပြောခွင့် မရှိဘူး‌လေ။ ဖလုံ-စ‌ဝေါ်ပါတီက လာ‌ရောက်ပြီး‌တော့ နိုင်ငံ‌တော်ကို စီမံခန့်ခွဲတဲ့ ‌နေရာမှာ၊ ပြုပြင်ဖန်တီးတဲ့‌နေရာမှာ ဝိုင်းဝန်းကူညီပါလို့ ဖိတ်‌ခေါ် ရင်‌တော့ အဆင်သင့်ပဲ။ အမျိုးသား ရင်ကြား‌စေ့‌ရေးရယ်၊ တိုင်းရင်းသားအ‌ရေးကိုလည်း ‌မေ့ထားလို့ မဖြစ်ဘူး ဆိုတဲ့ဟာ‌ပေါ့‌လေ။ အဲဒီအမြင်ကို ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း မြင်တယ်‌လေ။ ‌မောင်‌ကျော်(ဦး)တို့ တိုင်းရင်းသားအ‌နေနဲ့က အဲဒီ အယူအဆကို ‌ထောက်ခံတယ်။״ဟု ‌ပြောသည်။

နိုဝင်ဘာ ၈ရက်‌နေ့က ကျင်းပသည့် ၂၀၁၅‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ပြည်သူ့ လွှတ်‌တော်၂၅၅‌နေရာ၊ အမျိုးသားလွှတ်‌တော် ၁၃၅‌နေရာ၊ ပြည်နယ်/တိုင်း‌ဒေသကြီးလွှတ်‌တော် ၄၇၆ ‌နေရာနှင့် တိုင်းရင်းသား လူမျိုးစုလွှတ်‌တော် ၂၁‌နေရာ စုစု‌ပေါင်းအမတ်‌နေရာ ၈၈၇ ‌နေရာအနိုင်ရရှိ၍ အစိုးရဖွဲ့နိုင်ခြင်း ဖြစ်သည်။ လက်ရှိ အစိုးရ သက်တမ်းကို လာမည့်နှစ် ၂၀၁၆ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်ကာ NLD အ‌နေဖြင့် လာမည့် ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့တွင် အစိုးရသစ်ဖြစ်လာမည်ဖြစ်သည်။

KNU ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်သည် ၂၀၁၅‌ရွေး‌ကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့်အထိ တပြည်လုံးအတိုင်း အတာဖြင့် အမတ်‌နေရာအများဆုံး အနိုင်ရရှိသည့်အ‌ပေါ် အမျိုးသားဒီမိုးက‌ရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်ထံ ဝမ်း‌မြောက်‌ကြောင်း စာတစ်‌စောင်ကို ယခင်လ နိုဝင်ဘာလ ၁၂ရက်‌နေ့က ‌ပေးပို့ခဲ့‌သေးသည်။