Home သတင်း ခလယ်-တံခွန်တိုင် တိုက်နယ်အထက်တန်း‌ကျောင်း‌ဘောလုံးကွင်း ပြန်ထားရှိ‌ရေး ကူညီ‌ပေးရန် ‌ဒေသခံများလိုလား

ခလယ်-တံခွန်တိုင် တိုက်နယ်အထက်တန်း‌ကျောင်း‌ဘောလုံးကွင်း ပြန်ထားရှိ‌ရေး ကူညီ‌ပေးရန် ‌ဒေသခံများလိုလား

2181

ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် တိုက်နယ်အထက်တန်း‌ကျောင်း၌ ‌ဘောလုံးကွင်း မရှိ‌တော့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ဘောလုံးကွင်း ပြန်လည်ထား ရှိ‌ရေးအတွက် ကူညီ ‌ပေး‌စေလိုသည်ဟု ‌ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွန်းက ယခုလဆန်းပိုင်းတွင် ‌ကေအိုင်စီသို ့‌ပြောသည်။

ခလယ်-တံခွန်တိုင် တိုက်နယ်အထက်တန်း‌ကျောင်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်၊တံခွန်တိုင်၊ ‌တောင်ဒီး၊ ကျုံခဝန်၊ ဖားပြ၊ အနန်းကွင်း စသည့် ‌ကျေးရွာများအပါအဝင် ဝင်း‌ရော်‌ဒေသ တခုလုံးအထင်ကရ ‌ကျောင်းဖြစ်‌သော်လည်း လက်ရှိ ‌ကျောင်း‌ဘောလုံးကွင်းမရှိသည့် အတွက် ဒီဇင်ဘာ‌ကျောင်းအားကစားပြိုင်ပွဲ ‌ဘောလုံးပွဲကျင်းပရန် အခက်အခဲရှိ‌နေသည်ဟု ‌ကျောင်းတာဝန်ရှိသူများက ‌ပြောသည်။

“ ‌ကျောင်းဆိုတာက မျိုးဆက်သစ်‌တွေကို ပြုစုပျိုး‌ထောင်‌ပေးတဲ့ အဓိက‌နေရာပါ။ ကျန်းမာ၊ ကြံ့ခိုင်၊ ပညာ ထူးချွန်ဖို့ မျိုးဆက်သစ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကစားကွင်းမရှိမဖြစ် လိုအပ်တယ်။ ဝင်း‌ရော် တစ်ခုလုံးရဲ့ အထင်ကရ ဒီလို‌ကျောင်းမျိုးမှာ အားကစားကွင်းမရှိဘူးဆိုတာ မသင့်‌တော်ဘူးလို့ ယူဆပါတယ်။ အားကစားကွင်းမဖြစ်မ‌နေရှိ‌အောင် မည်သူမဆို‌ကျောင်း‌ဘောလုံးကွင်း တကွင်းဖန်တီး‌ပေးဖို ့ ကူညီ‌ပေးပါ” ဟု ‌ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွန်းက ‌ပြောသည်။

ခလယ်-တံခွန်တိုင် တိုက်နယ်အထက်တန်း‌ကျောင်းတွင် ယခင်က ‌ကျောင်း‌ဘောလုံးကွင်းရှိခဲ့‌သော်လည်း ၂၀၁၃ ခုနှစ်တွင် မြို့နယ် သစ်‌တောဌာနက တံခွန်တိုင်သစ်‌တောကြိုးဝိုင်းကို ပြန်လည်ဖျက်သိမ်းလိုက်သည့် ‌နောက်ပိုင်း ‌ဒေသခံ လယ်သမားများက မိမိတို ့ ဘိုးဘွားပိုင် ဓားမဦးချ လုပ်ကိုင်လာသည့် လယ်‌မြေများကို ပြန်လည်ရယူလုပ်ကိုင်ရာတွင် ‌ကျောင်း‌ဘောလုံးကွင်း ပါသွားသည့်အတွက် ယခုလို‌ကျောင်း‌ဘောလုံးကွင်း မရှိ‌တော့ခြင်းဖြစ်သည်ဟု ‌ဒေသခံများထံမှ သိရသည်။

“ ဟိုး ကျ‌တော်တို့ ငယ်ငယ်ကတည်းက မိဘ‌တွေ ဒီလယ်‌မြေ‌ပေါ်မှာဘဲ လုပ်ကိုင်လာတာပါ။ လယ်‌မြေလာသိမ်း ခံရတုန်းက ကျ‌တော်လယ်တဲ‌ပေါ်မှာပဲ ရှိ‌နေတယ်။ ဘာမှလည်းအသိမ‌ပေးဘဲနဲ့ လယ်ကွက်‌တွေကို သူတို့ဘာသာ လာတိုင်းယူတယ်။ သိမ်းပြီး‌နောက်ပိုင်း ဒီ‌မြေ‌ပေါ်မှာ လယ်မ‌ပေးလုပ်‌တော့ဘူး” ဟု ‌ကျောင်း‌ဘောလုံးကွင်း‌နေရာ မူလ‌မြေပိုင်ရှင် တံခွန်တိုင်ရွာမှ ဦး‌သောင်ပီစီက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌ကျောင်း‌ဘောလုံးကွင်း ပြန်လည်ထားရှိ‌ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဖြစ်‌စေ အစိုးရဌာန ဆိုင်ရာတာဝန်ရှိသူ သို ့မဟုတ် လုပ်ပိုင်းခွင့် ရှိသူ ပုဂ္ဂိုလ် တဦးဦးက မည်သူမှ ပိုင်ဆိုင်ခြင်းမရှိသည့် သင့်‌တော်မည့် ‌မြေ‌နေရာတွင် ‌ဘောလုံးကွင်း ပြန်တည်‌ဆောက်နိုင်‌ရေးအတွက် ကူညီ‌ပေးရန် ‌ဒေသခံများနှင့် ‌ကျောင်းတာဝန်ရှိသူတို့မှ လိုလား‌ကြောင်း ယင်းတို့က ‌ကေအိုင်စီသို့ အသီးသီး‌ပြောဆိုသည်။

ခလယ်-တံခွန်တိုင် တိုက်နယ် အထက်တန်း‌ကျောင်းကို ၁၉၆၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇-၀၈ ပညာ သင်နှစ်‌နောက်ပိုင်း ပြည်နယ်တခုလုံး ‌အောင်ချက်မြင့်မားသည့် ‌ကျောင်းများထဲတွင်ပါဝင်လာကာ ထူးချွန် ‌ကျောင်းသားများနှင့် ပြည်နယ်လက်‌ရွေးစင် ‌ဘောလုံးသမား ၁ဝ ဦး‌ကျော်‌မွေးထုတ်‌ပေးခဲ့ကာ လက်ရှိ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ‌ကျောင်းသား ၁,၀၀ဝ ‌ကျော်နှင့် ဆရာ၊ ဆရာမ ၄၁ ဦး ရှိ‌ကြောင်း ‌ကျောင်းတာဝန်ရှိသူများ ထံမှသိရသည်။