Home သတင်း ကရင်မျိုးနွယ်စု ၇ စုရှိဟု တစ်နိုင်ငံလုံး မျိုးနွယ်စုအမည်မှန်‌ဖော်ထုတ်‌ရေး အစည်းအ‌ဝေးတွင် အတည်ပြု

ကရင်မျိုးနွယ်စု ၇ စုရှိဟု တစ်နိုင်ငံလုံး မျိုးနွယ်စုအမည်မှန်‌ဖော်ထုတ်‌ရေး အစည်းအ‌ဝေးတွင် အတည်ပြု

1973

ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ဝေဖြိုးဇာ၊ စအိုင်စူး

မြန်မာတစ်နိုင်ငံလုံးတွင် ကရင်တိုင်းရင်းသားမျိုးနွယ်စု ၇ စုရှိသည်ဟု ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ ‌ကျောင်းတိုက်၌ ဒီဇင်ဘာ ၅ ရက်‌နေ့တွင် ကျင်းပသည့် တစ်နိုင်ငံလုံးအဆင့် ကရင်မျိုးနွယ်စုအမည်မှန် ‌ဖော်ထုတ်အတည်ပြု‌ရေးဆိုင်ရာ အစည်း‌ဝေးတွင် ‌ဒေသအသီးသီးမှ တက်‌ရောက်သည့် အလွှာစုံ ကိုယ်စားလှယ် များက အတည်ပြုဆုံးဖြတ် လိုက်သည်။

အဆိုပါ အစည်းအ‌ဝေးသို ့ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ အပါအဝင် ကရင်လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့သီးသီးမှ ကိုယ်စားလှယ်များ၊ ကရင်၊ ကယား(ကရင်နီ)နှင့် မွန်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို ့မှကိုယ်စားလှယ်များ၊ အထက်မြန်မာပြည်နှင့် ကရင် မျိုးနွယ်စု အသီးသီးမှ ကိုယ်စားလှယ် ၃၀ဝ ဦး‌ကျော်တက်‌ရောက်ကာ အစည်းအ‌ဝေးတွင် ကရင်မျိုးနွယ်စု ၇ စုဖြစ်သည့် ဘွဲ၊ မိုဘွာ၊ စ‌ကော၊ ပိုး(ဖလုံ၊ဖလုံး)၊ ပကူး၊ ‌ဂေဘားနှင့် ကရင်ဖြူ တို ့ဖြစ်သည်ဟု အတည်ပြု ဆုံးဖြတ်ခဲ့သည်။

ယခုလို ဆုံးဖြတ်ခဲ့ခြင်းအ‌ပေါ် မျိုးနွယ်စုအမည်မှန် ‌ဖော်ထုတ်‌ရေး အစည်းအ‌ဝေး ဦး‌ဆောင်ပြုလုပ်ခဲ့သည့် ကရင့် ‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ဆရာ‌စော‌ကျော်စွာက “ အခု‌ခေတ်က ဒီမိုက‌ရေစီ‌ခေတ်၊ ဒါအများစုက လက်ခံ ထားတဲ့အရာ တစ်ခုပါ။ အနည်းစုကတကယ်လို့လက်မခံနိုင် ‌စောဒကတက်လို့ရှိရင်လည်း ကျ‌နော်တို့ အများစုရဲ့ လက်ခံခြင်းကိုဘဲ သုံးပါမယ်။ ဒီမျိုးနွယ်စုနဲ ့ပတ်သက်ပြီး စည်းလုံးညီညွတ်ဖို့ ကျ‌နော်တို့ အများကြီးပြန်လည် တည်‌ဆောက်ရမယ်” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ထိုသို့ ကရင်မျိုးနွယ်စု ၇ စု အတည်ပြု သတ်မှတ်လိုက်ခြင်းအ‌ပေါ် ‌ဒေသအသီးသီးမှ ကရင်အမျိုးသားများနှင့် အများပြည်သူ သိရန် အစီရင်ခံစာထုတ်ပြန်ကာ ဘာသာ‌ရေးအဖွဲ့စည်း၊ လက်နက်ကိုင်အဖွဲ့များ၊ လူမှု‌ရေးအဖွဲ့ အစည်းများနှင့် ပြည်သူများထံ ပြန်လည်အသိ‌ပေးသွားမည်ဖြစ်သလို ‌နေပြည်‌တော်ရှိအစိုးရနှင့် ပြည်‌ထောင်စု လွှတ်‌တော်သို့ အဆိုပြုလွှာ တင်ပြသွားမည်ဟု ကရင့်‌ရေးရာ‌ကော်မတီထံမှ သိရသည်။
IMG_2675
ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ်မှ အစည်းအ‌ဝေးကိုယ်စားလှယ်တဦးဖြစ်သူ ‌စောဒီထူးက “ ဒီမျိုးနွယ်စု သတ်မှတ်တာနဲ့ ပတ်သက်ပြီး ဒီဟာကိုမသတ်မှတ်ခင် ကရင်မျိုးနွယ်စု ရှိတဲ့‌နေရာမှာ စစ်တမ်းလိုက်‌ကောက် ယူပြီးသားပါ၊ ယခင်အစိုးရသတ်မှတ်ထားတာက ‌ဒေသအစွဲပြုထားတဲ့မျိုးနွယ်စုပါတယ်။ မျိုးနွယ်စုများ‌လေ လူမျိုး ပိုကွဲ‌လေဘဲ လူမျိုးကွဲ‌တော့စည်းလုံးမှု အားနည်းတယ်။ ဒီ‌တော့ မျိုးနွယ်စုနည်း‌လေပို‌ကောင်း‌လေဘဲ။ ဖြစ်နိုင်ရင် မျိုးနွယ်စုတစ်စုဘဲ ဖြစ်‌စေချင်တယ်” ဟု မှတ်ချက်ပြု ‌ပြောသည်။

တ‌နေ ့တာပြုလုပ်ခဲ့သည့် ယင်းအစည်းအ‌ဝေးတွင် ယခုလအတွင်း ‌နေပြည်‌တော်၌ အစိုးရနှင့် ပြုလုပ်ရန် စီစဉ်‌နေသည့် မျိုးနွယ်စု အမည်မှန်‌တွေ့ရှိချက် အစီရင်ခံစာကြားနား‌ပေးအပ်ပွဲသို ့တက်‌ရောက်ရန် အလွှာစုံ ကရင်အမျိုးသား ကိုယ်စားလှယ် ၈ဝ ဦးသွား‌ရောက်ရန် အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ တစ်နိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် အစိုးရ ကရင်မျိုးနွယ်စု ၁၁ စု သတ်မှတ် ခဲ့ခြင်းအ‌ပေါ် အငြင်းပွားမှုများရှိခဲ့သည့်အတွက် ကရင့်‌ရေးရာ ‌ကော်မတီက ဦး‌ဆောင်ကာ တနိုင်ငံလုံးတွင် အစည်းအ‌ဝေး‌ပေါင်း ၅ဝ ‌ကျော်ပြုလုပ်ပြီး ယခုလို အမျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်ရန် လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်သည်။