KIC News
မန်းသိန်းဇော် (အဖွဲ့ခေါင်းဆောင် – Thwee Community Development Network)
ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ လောင်းကိုင် ဖားကျကျေးရွာမှာ အခြေစိုက်ပါတယ်။ သွီးအဖွဲ့ကနေပြီးတော့ ဒေသခံပြည်သူလူ ထုတွေကြားမှာ Awareness training တွေပေးတယ်။ ဒေသနဲ့ကိုက်ညီသော ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေနဲ့ လူမှု ရေးအခြေအနေတွေပေါ်မှာ ကျနော်တို့ လူထုတွေကို လိုအပ်တဲ့အမြင်ဖွင့်ပေးတယ်။ ပြီးရင် နွေရာသီမှာ ကျနော်တို့ အဂင်္လိပ်စာ သဒ္ဒါသင်တန်းနဲ့ စကားပြောသင်တန်းတွေ၊...
NBF အဖွဲ့ဝင်များ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်
မေ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရယ်ရေးရှင်း(NBF) အဖွဲ့ဝင်ပါတီများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၁၆၁ မြို့နယ်ရှိ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉နေရာကို ဝင်ရောက်ယှဉ်ပြိုင်အရွေး ခံမည်ဟု မေလ ၂၅ရက်နေ့က NBF အဖွဲ့ဝင်များ၏ ၂၃ကြိမ်မြောက်...
မဲဆောက်-မြဝတီနယ်စပ်တံတားထိပ်၌ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်
မေ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မကြာသေးခင်က ထိုင်းဘက်ခြမ်းတွင် စိတ်ကြွဆေး(ရာဘ)အမြောက်အမြား ဖမ်းဆီးရမှုကြောင့် မေလ တတိယပတ်အတွင်း ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး မဲဆောက်-မြဝတီတံတား၌ ဝင်ထွက်သွားလာသော မော်တော်ယာဉ်များကို မြန်မာဘက်ခြမ်း မှ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျှက်ရှိသည်။
တံတားလုံခြုံရေးဋ္ဌာနမှ ဒုရဲအုပ်ကျော်သင်းအောင်က “မူးယစ်ဆေးဝါးနဲ့ပတ်သက်တာ လုံခြုံရေးတင်းကြပ်တာက ကျနော်တို့...
ကေအဲန်ယူ ခရိုင် ၄ခု ပူးပေါင်း၍ အခြေခံရဲသင်တန်း လုပ်ဆောင်ပြီးစီး
မေ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ လက်အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ၏ ဗဟိုခေါင်းဆောင်များမှ ဦးစီး ၍ ခရိုင် ၄ခုဖြင့် တစ်လကြာ ဖွင့်လှစ်သော ရဲသင်တန်းဆင်းပွဲတစ်ရပ်ကို ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် တွင် မေလ ၂၃ရက်နေ့က ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
ကေအဲန်ယူ၏ ဖာပွန်ခရိုင်၊...
DKBA တပ်ဖွဲ့မှ ဝန်ကြီးချုပ်ယာဉ်တန်းအား သေနတ်ဖြင့် ချိန်ရွယ်တားဆီးမှုမှာ နားလည်မှုလွဲမှား၍ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို
မေ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း စီးနင်းလိုက်ပါလာသည့်ယာဉ်တန်းသည် ယမန်နေ့က ဖားအံမြို့မှ မြဝတီမြို့သို့အသွား ကော့ကရိတ်-မြဝတီ အာရှလမ်းမ(လမ်းသစ်)ပေါ်တွင် ဒီကေဘီအေအဖွဲ့မှ သေနတ်ဖြင့် ချိန်ရွယ်တားဆီးမှု ဖြစ်ပွားခဲ့ရာ ယင်းဖြစ် စဉ်မှာ နားလည်မှုလွဲမှားခြင်းကြောင့်သာဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းက ပြောသည်။
ဗုဒ္ဓဘာသာ သံဃာတော်များနှင့်အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့လိုက်ပါသည့်...
အဆင့်မြင့်ရန်သူ သတိမူ
(လကင်္ာဒီပ)
လာပါသူငယ်ချင်း......
ဆွေးနွေးခြင်း ညှိနှိုုင်းခြင်း
ပူးတွဲခြင်းမရှိတဲ့ လုပ်ဆောင်မှု
တခုပြီးတခု ပြုမိတဲ့အမှား
စမ်းတဝါးဝါးနဲ့ ငြိမ်းချမ်းရေး
ထိုးကျွေးပစ်မှာလား ကရင့်အနာဂတ်နဲ့
လက်တည့်စမ်း လည်စင်းခံ
တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရတဲ့အခါမှာလေ
သင်ပုန်းချေနိုင်သူတချို့ ရှိကြသော်လည်း။
လာပါသူငယ်ချင်း......
မင်းပဲ တချိန်က ကမ္ဘာမကြေဘူး ဟစ်ကြွေး
ကိုယ်လေးလက်ဝန်နဲ့ မိခင်ကိုကာကွယ်
နယ်နယ်ရရမဟုတ်တဲ့ သတ္တိမဟာ
ငါတို့တွေ ချီးကျူးထောပနာပြုခဲ့တာ
ဒါပေမယ့် နောက်ကြောင်းလှည့် မင်းစိတ်မှန်
ရန်သူကို မိတ်ဆွေဆင့် ကျော်လွန်
အခွန်တော်ဆက် သခင်လို မှတ်ယူလိုက်ပြီးတဲ့နောက်
ကျောက်ရုပ် ခေါင်းငြိမ့်တတ်မှန်း ငါသိတော့တယ်။
လာပါသူငယ်ချင်း......
ပွင့်လင်း မြင်သာမှုမရှိတဲ့...
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား မိသားစုဝင်များ ကျန်းမာရေး အာမခံချက် ရယူနိုင်ပြီ
မေ ၂၅ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုဝင် ဇနီးသည်နှင့် ကလေးငယ်များအတွက် တနှစ်သက်တမ်းရှိ ကျန်းမာရေး အာမခံချက်ကို သက်ဆိုင်ရာ နယ်မြေဒေသ ဆေးရုံများတွင် ယခု မေလအတွင်းမှစ၍ ဝယ်ယူနိုင်ပြီဖြစ်သည်ဟု တာ့ခ်ခရိုင် ကျန်းမာရေးဋ္ဌာန...
စာပေနှင့် အနုပညာ ကျယ်ပြန့်မှုရှိရန် ကရင်ရဟန်းပျိုအသင်းနှင့် ကရင်အနုပညာအဖွဲ့တို့ နှီးနှောဖလှယ်ခဲ့
မေ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်စာပေနှင့် အနုပညာကျယ်ပြန့်မှုရှိလာစေရန် ရည်ရွယ်၍ ကရင်ရဟန်းပျိုအသင်း(KMA-Karen Monk Association) နှင့် (ကရင်ပြည်နယ်)ကရင်အနုပညာအဖွဲ့(KCO- Karen Culture Organization)တို့ ပထမဆုံး အကြိမ် နှီးနှောဖလှယ်ပွဲတစ်ရပ်ကို မေလ ၂၃ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သုမေဓာရာမတောရ ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
KCO...
အမြင်သဘောထားကဏ္ဍ
ကရင်အမျိုးသားစီမံကိန်းနှင့် ပတ်သက်၍ မေလ ၆ရက်မှ ၉ရက်နေ့အထိ ကျင်းပခဲ့သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ တက် ရောက်ခဲ့သူအချို့က မိမိတို့ တင်ပြဆွေးနွေးခဲ့မှုများ၊ စီမံကိန်း အရေးပါမှုများ၊ ပါဝင်သင့်သည့်ကဏ္ဍများအပြင် မည်သည့်အချိန် အခါ၊ နေရာတွင် မည်သူက မည်သို့သောပုံစံဖြင့် ထည့်သွင်းရေးဆွဲသွားသင့်သည်ဟူသော ကိုယ်ပိုင် အမြင်သဘောထားများကို ကရင်သတင်းဋ္ဌာနက တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြ...
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် နေရာမထပ်ရေး NBF အဖွဲ့ဝင်ချင်း သဘောတူထား
မေ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင်ပါတီများ မဲဆန္ဒနယ် နေရာမ ထပ်ရေး ဆွေးနွေးညှိနှိုင်းသဘောတူထားသည်ဟု ယင်းအဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUB) ဒုဥက္ကဋ္ဌ-၂ စောသန်းမြင့်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ NBF အဖွဲ့ဝင်များ...













