Home သတင်း ‌ကေအဲန်ယူ ကျန်းမာ‌ရေးဋ္ဌာနမှ ‌ကျေးလက်အုပ်စု ကျန်းမာ‌ရေးဗဟိုဋ္ဌာန ဖွင့်လှစ်

‌ကေအဲန်ယူ ကျန်းမာ‌ရေးဋ္ဌာနမှ ‌ကျေးလက်အုပ်စု ကျန်းမာ‌ရေးဗဟိုဋ္ဌာန ဖွင့်လှစ်

1885

ဒီဇင်ဘာ ၇ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်‌အောက်ခံဋ္ဌာန တစ်ခုဖြစ်‌သော ‌ကော်သူး‌လေကျန်းမာ ‌ရေးနှင့်ကယ်ဆယ်‌ရေးဋ္ဌာန (KDHW)မှ ဦးစီးဦး‌ဆောင်ကာ ‌ကျေးလက်အုပ်စုကျန်းမာ‌ရေးဗဟိုဋ္ဌာန (Village Tract Health Center ) တစ်ခုကို ဒီဇင်ဘာ ၅ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ထီးက‌ဟော‌ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

၎င်းကျန်းမာ‌ရေးဗဟိုဋ္ဌာနကို ဖွင့်လှစ်‌ပေးမှုအ‌ပေါ် ထီးက‌ဟော‌ကျေးရွာ ‌ကျေးနယ်အုပ်စု ကျန်းမာ‌ရေးဌာန တာဝန်ခံ ‌စောအယ်နဲက“အခုလို ဒီ‌ဆေးရုံကို ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်က‌တော့ ‌ရောဂါအပြင်းအထန် ခံစား‌နေရတဲ့လူ‌တွေ အနည်းငယ်‌လျှော့နည်းလာဖို့၊ မ‌သေသင့်ဘဲ ‌သေဆုံးခဲ့ရကိစ္စ‌တွေ ‌လျော့နည်းလာဖို့၊ ကျ‌နော်တို့ နယ်‌မြေမှာရှိတဲ့ ပြည်သူ‌တွေ နာမကျန်းမှု‌တွေ ကင်း‌ဝေးဖို့နဲ့ သန့်သန့်ရှင်းရှင်း၊ ကျန်းကျန်းမာမာ‌နေထိုင်နိုင်ဖို့ အသိပညာ‌ပေးမှု‌တွေ ‌ပေးနိုင်‌အောင်ဖြစ်တယ်။״ဟု ‌ပြောသည်။

‌ကေအဲန်ယူနှင့် အစိုးရတို့ကြား အပစ်အခတ်ရပ်စဲ‌ရေးမပြုလုပ်ခင်က ‌ကော်သူး‌လေ ကျန်းမာ‌ရေးဋ္ဌာနအ‌နေဖြင့် အတည်တကျမရှိ‌သော ‌ရွှေ့‌ပြောင်းနိုင်သည့် ‌ကျေးလက်ကရင်လူထု ကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းကိုသာ လုပ်‌ဆောင်ခဲ့ရာမှ အတည်တကျရှိ‌သော ကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းကို လုပ်‌ဆောင်နိုင်ရန် ယင်း ကျန်းမာ‌ရေးဗဟိုဋ္ဌာနကို ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်ဟု KDHW ‌ပြောသည်။

လက်ရှိ ဖွင့်လှစ်လိုက်‌သော ‌ကျေးလက်အုပ်စု ကျန်းမာ‌ရေးဗဟိုဋ္ဌာနတွင် ‌ဆေးကုသမှုအပြင် ကျန်းမာ‌ရေးကြို တင်ကာကွယ်‌ရေး အသိပညာ‌ပေးမှု ၊ သန့်ရှင်းသည့် ‌သောက်သုံး‌ရေ ရရှိ‌ရေး၊ ငှက်ဖျား‌ရောဂါ ကုသမှုနှင့် ကာကွယ်မှု၊ က‌လေးကာကွယ်‌ဆေးထိုး‌ပေးမှု၊ ပုံမှန်လူနာများကို ပြုစု‌စောင့်‌ရှောက်မှုနှင့် ကုသ၍မရ‌သော ပြင်းထန်သည့် ‌ရောဂါများကို သက်ဆိုင်ရာ ‌ဆေးရုံကြီးများသို့ လူနာလွှဲ‌ပြောင်း‌ရေးလုပ်ငန်းများ ကိုလည်း ပါဝင် မည်ဟု KDHW ဋ္ဌာန တာဝန်ခံဖြစ်သူ ‌စောအယ်ကလူ‌ရွှေအူးက ‌ပြောသည်။
3333
ယခုလို ‌ကျေးလက်အုပ်စု ကျန်းမာ‌ရေးဗဟိုဋ္ဌာနကို ဖွင့်လှစ်ခြင်းအ‌ပေါ် ‌ဆေးကုသမှု လာ‌ရောက်ခံယူသူ ဝါ့မီကလားရွာသူ ‌နော်မာလာက “‌ဆေးရုံ၊ ‌ဆေးခန်း‌တွေ မရှိခဲ့တဲ့အချိန်ဆို အခက် အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အချို့က ပိုက်ဆံမတတ်နိုင်လို့ ‌ဆေးရုံ၊ ‌ဆေးခန်း မပြနိုင်ဘူး။ ဓ‌လေ့ရိုးရာအရပဲ ကုသ‌ပေးကြပါတယ်။ မတတ်နိုင်‌တော့တဲ့အဆုံး ‌ဆေးရုံကိုသွားပြခဲ့တယ်။ ဒီအခက်အခဲ‌တွေကို မြင်‌တွေ့‌နေရ‌တော့ စိတ်ထဲမှာခံစားလို့ မ‌ကောင်းဘူး။ အခုလို ‌ဆေးရုံလာဖွင့်‌ပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။״ဟု ‌ပြောသည်။

ယခုဖွင့်လှစ်လိုက်‌သော ‌ကျေးလက်အုပ်စု ကျန်းမာ‌ရေးဗဟိုဋ္ဌာနကို Global Neighbour အဖွဲ့အစည်းက ‌ထောက်ပံ့ကူညီ‌ပေးထားပြီး ‌ကော်သူး‌လေကျန်းမာ‌ရေးဋ္ဌာန(KDHW)၊ Burma Children Medical Fund, Shoklo Malaria Research Unit SMRU, Thai Public Healthတို့က ကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းကို ပူး‌ပေါင်းလုပ်‌ဆောင်ကြမည်ဟု သိရသည်။

‌ကေအဲန်ယူနှင့် အစိုးရတို့ကြား အပစ်အခတ်ရပ်စဲ‌ရေး လုပ်ငန်းများ မလုပ်ခင်၌ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်း ‌ဆေး‌ပေးခန်း ၇၀‌ကျော်ရှိသည့်အနက် ၅၀‌ကျော်ကို ‌ကော်သူး‌လေ ကျန်းမာ‌ရေးဋ္ဌာနထိန်းချုပ်မှု‌အောက်က လည်ပတ်ခဲ့ပြီး ကျန်‌ဆေး‌ပေးခန်းများမှာ အခြား‌သော လူထုအကျိုးပြု ကျန်းမာ‌ရေး အဖွဲ့အစည်းများ၏ ထိန်းချုပ်မှု‌အောက်တွင် လည်ပတ်ခဲ့ကြခြင်းဖြစ်သည်။

‌ကေအဲန်ယူလက်‌အောက်ခံ ဋ္ဌာန ၁၄ခုအနက် တစ်ခုဖြစ်‌သော ‌ကော်သူး‌လေ ကျန်းမာ‌ရေးဋ္ဌာန(KDHW)ကို ‌ကော်သူး‌လေနယ်‌မြေအတွင်း ‌နေထိုင်ကြသည့် အလွှာ‌ပေါင်းစုံရှိ ပြည်သူလူထုအားလုံး၏ ကျန်းမာ‌ရေးကို ‌စောင့်‌ရှောက်သွားရန်နှင့် လူမှုဘဝဖူလုံ‌ရေးရည်ရွယ်ကာ ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ လတ်တ‌လောတွင် ‌ကေအဲန်ယူနယ်‌မြေအတွင်း၌ ငှက်ဖျား‌ရောဂါထိန်းချုပ်မှု၊ စိတ်ဒဏ်ရာ စီမံ‌စောင့်‌ရှောက်မှု၊ မိုင်းအသိပညာ‌ပေး၊ မျိုးပွှားမှုနှင့် က‌လေးကျန်းမာ‌ရေးနှင့် လိင်အကြမ်းဖက်မှု ကာကွယ်‌ရေးတို့အပါဝင် အစီအစဉ် ၁၁ခုကို လုပ်‌ဆောင်လျှက်ရှိသည်။