Home ထိပ်တန်းသတင်း (၁၆)ကြိမ်တိုင်‌မြောက် အရိယာဘာသာဝင် ကရင်လူမျိုးများ ဖလုံဝဲရှာနှစ်သစ်ကူးပွဲ ကျင်းပ

(၁၆)ကြိမ်တိုင်‌မြောက် အရိယာဘာသာဝင် ကရင်လူမျိုးများ ဖလုံဝဲရှာနှစ်သစ်ကူးပွဲ ကျင်းပ

2083

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် အရိယာဘာသာဝင် ကရင်လူမျိုးအများစုကသာ ကျင်းပပြုလုပ်သည့် (၁၆)ကြိမ် ‌မြောက် ဖလုံဝဲရှာနှစ်သစ်ကူးရိုးရာပွဲ‌တော်တစ်ခုကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒိုင်လွတ်‌ကျေးရွာရှိ ကရင်အရိ ယာဘာသာဝင် ဘုရားရှိခိုး‌ကျောင်းဝင်းတွင် ဒီဇင်ဘာလ ၅ရက် (ယ‌နေ့)က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါပွဲ‌တော်နှင့် ပတ်သက်၍ ဆရာ‌တော်ဖိုးလုံရင်‌ဖေါ်က “ကရင်ဆိုတာ လူမျိုးတစ်မျိုးပဲ ရှိတယ်။ လူမျိုး‌တွေ အရင်လာပြီးမှ ဘာသာဆိုတာ လာတာပါ။ ကရင်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘာသာ‌ရေးက ပြဿနာမဟုတ်ဘူး။ ကျ‌နော်တို့ ဖလုံဝဲရှာ နှစ်သစ်ကူး လုပ်‌ပေးရတာလည်း တစ်နှစ်တစ်ခါ ယဉ်‌ကျေးမှု ‌ဖော်ထုတ်‌ပေးတာ‌ပေ့ါ”ဟု ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

လူမျိုး၊ ဘာသာ‌ရေးနှင့် စာ‌ပေတို့ ‌ရောယှက်ဆက်နွယ်‌နေသည့် ယင်းပွဲ‌တော်ကို ကရင်တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျင်းပ နိုင်ခြင်းမရှိ‌သေး‌သော်လည်း မိမိတို့ကရင်လူမျိုး၏ ‌ရှေး‌ဟောင်းလဲကယ်စာ‌ပေများ၊ ရိုးရာယဉ်‌ကျေးမှုများနှင့် သက်ဆိုင်သည့်အ တွက် အားလုံး စု‌ပေါင်းပြီး ပြုလုပ်လာနိုင်လျှင် ကရင်လူမျိုးများ ညီညီညွတ်ညွတ် ဖြစ်လာမည်ဟု ယူဆ‌ကြောင်းလည်း ဆရာ ‌တော်က ‌ပြောသည်။

ယ‌နေ့ နံနက် (၇)နာရီအချိန်တွင် ဖလုံဝဲရှာနှစ်သစ်ကူးရိုးရာပွဲ‌တော် အခမ်းအနားကို စတင် ကျင်းပပြုလုပ်ခဲ့ပြီး ဘာသာ‌ရေး‌ခေါင်း ‌ဆောင်ဆရာ‌တော်များက ဩဝါဒစကား မြွက်ကြားခြင်း၊ ကရင်အရိယာဘာသာအ‌ကြောင်း ‌ဟော‌ပြောခြင်း၊ ဘိုးဘွားများ ပူ‌ဇော် ကန်‌တော့ခြင်း၊ ‌ကောက်သစ်စားခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ပွဲ‌တော်အခမ်းအနားသို့ ဖားအံမြို့နယ် ဌာနီကုန်း‌ကျေးရွာမှ အရိယာဘာသာအဖွဲ့ချုပ် ဆရာ‌တော်များ၊ ဝင်း‌ရော်‌ဒေသ ကရင်အမျိုး သားနှစ်သစ်ကူး ကျင်းပ‌ရေး‌ကော်မတီမှ မန်းတင်ငြိမ်းချမ်း၊ အမှတ်(၁၀၂၁) နယ်ခြား‌စောင့်တပ်မှ ဒုတပ်မှူးမန်းဝင်းယုန်တို့အပြင် မြို့နယ် ၄မြို့နယ်မှ အရိယာဘာသာဝင်‌ပေါင်း (၆၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်သူ ကုန်ကွယ်‌ကျေးရွာမှ မန်း‌ကောင်းမြတ်စိန်က “ကရင်လူမျိုး‌တွေဟာ ခြံလုပ်ငန်း၊ ‌တောင်ယာလုပ်ငန်း ‌တွေပဲ လုပ်ကိုင်‌နေကြ‌တော့ ဖြစ်ထွန်း‌အောင်မြင်တဲ့ သီးနှံ‌တွေကို ‌ရှေးဘိုးဘွားဆရာသမား‌တွေကို တစ်နှစ်တစ်ခါ ‌ကျေးဇူးဆပ် တာ‌ပေါ့။ ‌နောက်ပြီး ဒီရိုးရာယဉ်‌ကျေးမှု‌တွေကို မ‌ပျောက်ရ‌လေ‌အောင် ဝိုင်းပြီး စု‌ပေါင်းလာလုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ကရင်လူမျိုးများ ဘာသာ‌ရေးကိုးကွယ်မှု မ‌ပေါ်‌ပေါက်ခင်ကတည်းက မိဘ၊ ဘိုးဘွား၊ ဆရာသမားများအား အ‌လေးအမြတ်ထား ကာ ကိုးကွယ်ကန်‌တော့လာခဲ့ကြသည့် အစဉ်အလာနှင့်အတူ ဘိုးဘွားတို့၏ အဆုံးအမများ၊ ယုံကြည်မှု၊ ကိုးကွယ်မှု၊ စာ‌ပေ စသည်တို့နှင့် ဆက်နွယ်ပြီး အရိယာဘာသာ စတင် ဖြစ်‌ပေါ်လာခြင်းဖြစ်‌ကြောင်း ဘာသာဝင်များက ‌ပြောဆိုကြသည်။

ကရင်လူမျိုးများတွင် ဘာသာ‌ရေး ယုံကြည်ကိုးကွယ်မှု အမျိုးမျိုး၊ စာ‌ပေနှင့် ရိုးရာဓ‌လေ့တို့ အသီးသီး ကွဲပြားမှုများ ရှိ‌နေ‌သော် လည်း အရိယာဘာသာဝင်များမှာ အခြားမည်သည့်ဘာသာကိုမျှ သက်ဝင်ကိုးကွယ်ခြင်း မရှိသလို စာ‌ပေအ‌နေဖြင့် ကရင်စာ‌ပေ တစ်မျိုးဖြစ်သည့် လဲကယ်စာ‌ပေကိုသာ အသုံးပြု‌ကြောင်း သိရသည်။

အရိယာဘာသာဝင် အများစုမှာ ကရင်ပြည်နယ်အတွင်း ဖားအံ၊ လှိုင်းဘွဲ၊ ပိုင်ကျုံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များ၌ ‌နေထိုင် လျှက်ရှိပြီး ဘယ်ဖက်ရင်ဘတ်တွင် ‌နေနှင့်လ တံဆိပ်ပါရှိသည့် ကရင်သင်တိုင်း ဝတ်ဆင်ခွင့်ရှိသူမှသာလျှင် အရိယာဘာသာ ‌ခေါင်း‌ဆောင်များဖြစ်သည်ဟု ဆိုကြသည်။

၎င်းဘာသာဝင်များအ‌နေဖြင့် နတ်‌တော်လတွင် နှစ်သစ်ကူးပွဲနှင့် ဘိုးဘွားကန်‌တော့ခြင်းပွဲ‌တော်၊ တ‌ပေါင်းလတွင် ဖီးဘူး‌ယော် (စပါး‌စောင့်နတ်အဖွား)၏ ‌ကျေးဇူးတရား‌အောက်‌မေ့ပွဲ၊ နယုန်လတွင် လယ်ထွန်မဂင်္လာနှင့် စပါးစိုက်ပျိုးနိုင်ရန် ရာသီဥတု ကူး ‌ပြောင်း‌ပေး‌သော ‌ကျေးဇူးတရားအတွက် ရည်ရွယ်ကျင်းပခြင်းပွဲ‌တော်နှင့် ဝါဝင်ဥပုသ်‌ဆောက်တည်ပွဲများကိုလည်း ကျင်းပ‌လေ့ရှိ ကြသည်။

ယ‌နေ့ကျင်းပသည့် ဖလုံဝဲရှာနှစ်သစ်ကူးပွဲ‌တော်အခမ်းအနားကို ကရင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် တစ်နှစ်တစ်ကြိမ် စု‌ပေါင်းကျင်းပ‌လေ့ရှိပြီး ယမန်နှစ်၊ ၂၀၁၄ခုနှစ်က ဖားအံမြို့နယ်၊ ‌ကော့သံခါ‌ကျေးရွာတွင် ကျင်းပခဲ့‌ကြောင်း သိရသည်။