Home သတင်း ‌ဒေါက်တာ စင်သီယာ‌မောင်၏ ၅၆နှစ်‌မြောက် ‌မွေး‌နေ့ပွဲသို့ အသိမိတ်‌ဆွေ အလွှာ‌ပေါင်းစုံ တက်‌ရောက်ဂုဏ်ပြု

‌ဒေါက်တာ စင်သီယာ‌မောင်၏ ၅၆နှစ်‌မြောက် ‌မွေး‌နေ့ပွဲသို့ အသိမိတ်‌ဆွေ အလွှာ‌ပေါင်းစုံ တက်‌ရောက်ဂုဏ်ပြု

1681

ဒီဇင်ဘာ ၇ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းကို တည်‌ထောင်သူ ‌ဒေါက်တာ စင်သီယာ‌မောင်၏ ၅၆နှစ်‌မြောက် ‌မွေး‌နေ့အခမ်းအနားကို ဒီဇင်ဘာလ ၆ရက်‌နေ့က မယ်‌တော် ‌ဆေးခန်းဝင်းအတွင်း၌ ကျင်းပခဲ့ရာ အသိမိတ်‌ဆွေ အလွှာ‌ပေါင်းစုံ တက်‌ရောက်ဂုဏ်ပြုခဲ့ကြသည်။

နံနက် ၉နာရီမှ ‌နေ့လည်၁၂နာရီအထိကျင်းပသည့် ယင်း‌မွေး‌နေ့ပွဲအခမ်းအနားသို့ မယ်‌တော်‌ဆေးခန်း မိသားစုဝင်များအပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ နိုင်ငံခြားသား အသိမိတ်‌ဆွေများ၊ မဲ‌ဆောက်တိုက်နယ် အုပ်ချုပ်‌ရေးမှူး၊ ထိုင်းပညာ‌ရေးဝန်ထမ်းများ၊ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်သူများ၊ မြန်မာအမျိုးသမီးအ‌ရေး ‌ဆောင်ရွက်သူများ၊ တိုင်းရင်းသားလူငယ်‌ခေါင်း‌ဆောင်များ၊ က‌လေးများဖွံ့ဖြိုး‌ရေးစင်တာ (CDC) ‌ကျောင်းနှင့် SAW စာသင်‌ကျောင်းတို့မှ ‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် စုစု‌ပေါင်း ၇၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

‌မွေး‌နေ့ရှင် ‌ဒေါက်တာစင်သီယာ‌မောင်က“၂၈နှစ်တာ ကာလမှာ နယ်စပ်‌ဒေသမှာ အ‌ခြေပြုပြီး‌တော့ ကျန်းမာ‌ရေး၊ ပညာ‌ရေးနဲ့လူမှု‌ရေးကိစ္စ‌တွေကို ‌ဆောင်ရွက်ခဲ့တဲ့အ‌တွေ့အကြုံ‌တွေ၊ နယ်စပ်တ‌လျှောက်လုံးမှာရှိတဲ့ ဒုက္ခသည်၊ ‌ရွှေ့‌ပြောင်းလူထု‌တွေနဲ့ ထိ‌တွေ့မှု အ‌တွေ့အကြုံက တန်ဘိုးမဖြတ်နိုင်တဲ့ အချိန်ကာလ‌တွေဖြစ်ပါတယ်။ ကျမတို့ရဲ့ ဆက်စပ်‌ဆောင်ရွက်မှု‌ကြောင့် နိုင်ငံတကာရဲ့ ပံ့ပိုးမှုအရ ဒီလုပ်ငန်း‌တွေက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အတွက်‌ကြောင့်လည်း နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးအတွက် ဂုဏ်ယူစရာ‌ကောင်းတဲ့အချိန်အခါ‌ကောင်းလည်းဖြစ်ပါတယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ‌ပြောင်းလဲမှုများ များစွာ‌တွေ့မြင်‌နေရ‌သော်ငြားလည်း လူထုတစ်ဦးချင်းစီအတွက်‌သော်လည်း‌ကောင်း၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးဝန်ထမ်းများ‌သော်လည်း‌ကောင်း၊ သိက္ခာရှိရှိဖြင့် လူထုအကျိုးပြုမှုများ ဆက်လက်လုပ်‌ဆောင်နိုင်ရန် ‌ကောင်းမွန်သည့် နိုင်ငံ‌ရေး ၊ ကျန်းမာ‌ရေးနှင့် ပညာ‌ရေး စနစ်များကို ဆက်လက်‌ဆောင်ရွက်နိုင်‌ရေးက အားလုံး၏ တာဝန်ဖြစ်သည်ဟု ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။
DSC_0276
မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌နေသူ ‌စောလားကွယ်က“ဆရာမက ကျန်းမာ‌ရေးလုပ်ငန်းကို စတင်လုပ်‌ဆောင်တာ အ‌ခြေခံက‌နေ စတင်လုပ်‌ဆောင်ပြီး တဆင့်ချင်းတဆင့်ချင်းတက်လာပြီး‌တော့ သူမရဲ့ စိတ်သ‌ဘောထား‌ကြောင့်၊ ကြိုးစားမှု‌တွေအ‌ပေါ်မှာ လူသိရှင်ကြားတဲ့ပုဂ္ဂိုလ်တစ်‌ယောက်ဖြစ်လာတယ်။ အထူးသဖြင့် မြန်မာပြည်သား‌တွေ၊ ကရင်လူမျိုး‌တွေနဲ့ တိုင်းရင်းသားလူမျိုး‌တွေက သူမရဲ့ ကြိုးပမ်းမှုကို အမှီသဟဲပြုပြီး‌တော့ အမျိုးသား‌ရေးအတွက် ဆက်လက်လုပ်‌ဆောင်ဖို့ ခွန်အားဖြစ်‌စေပါတယ်။״ဟု ‌ပြောသည်။

၎င်းအခမ်းအနားတွင် ထိုင်းအာဏာပိုင်၊ ရပ်မိရပ်ဖ၊ တိုင်းရင်းသားလူငယ်အဖွဲ့၊ မြန်မာအမျိုးသမီးသမဂ္ဂ၊ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်းတို့မှ ဂုဏ်ပြု စကားများ‌ပြောကြားခဲ့သလို စီဒီစီ၊ SAWစာသင်‌ကျောင်းတို့မှ ‌တေးသီချင်းများဖြင့် ကပြသီဆို‌ဖျော်‌ဖြေခြင်း၊ ‌မွေး‌နေ့ပွဲသို့ ‌မွေး‌နေ့ရှင်မှ ‌မွေး‌နေ့လက်‌ဆောင်ကံထူးရှင်များ ‌ရွေးချယ်ခြင်း၊ စာ‌ပေအနုပညာပြိုင်ပွဲဆုရရှိသူများအား ဆု‌ပေးအပ်ခြင်း၊ တိုင်းရင်းသား ရိုးရာအကတို့ဖြင့် ကပြ‌ဖျော်‌ဖြေခဲ့ကြသည်။

ထို့အပြင် ‌ဒေါက်တာစင်သီယာ‌မောင်၏ ၅၆နှစ်‌မြောက် ‌မွေး‌နေ့မဂင်္လာပွဲကို ဂုဏ်ပြုသည့်အ‌နေဖြင့် ‌ဘောလုံးအားကစားပြိုင်ပွဲများအား ပြုလုပ်ကျင်းပ‌ပေးခဲ့သလို ညဘက်တွင်လည်း ‌ခေတ်‌ပေါ်စတိတ်ရှိုးအစီအစဉ်တို့ဖြင့် သီဆို‌ဖျော်‌ဖြေခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ် တ‌လျှောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားတို့၏ ကျန်းမာ‌ရေးကို အခမဲ့ ဝန်‌ဆောင်မှု‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းကို စတင်တည်‌ထောင်ခဲ့သည့် ၁၉၈၉ခုနှစ်တွင် ‌ဒေါက်တာစင်သီယာ‌မောင်သည် ဦး‌ဆောင်ပါဝင်ခဲ့သူဖြစ်ပြီး နှစ်‌ပေါင်း ၂၀‌ကျော်ကာလအတွင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ကျန်းမာ‌ရေး၊ လူမှု‌ရေးနှင့် ပညာ‌ရေးတို့ကို တစိုက်မတ်မတ်လုပ်‌နေသူဖြစ်သည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် ဆွစ်ဇာလန်နှင့် အ‌မေရိကန် ကျန်းမာ‌ရေးအဖွဲ့တို့က ချီးမြှင့်သည့် ဂျိုနသန်မန်းဆုကို ပထမဦးဆုံးအကြိမ်ရရှိပြီး ဆစ်ဒနီ ငြိမ်းချမ်း‌ရေး ‌ဖောင်‌ဒေးရှင်းက ‌ပေးသည့် ငြိမ်းချမ်း‌ရေးဆု၊ အာရှတိုက်၏ ငြိမ်းချမ်း‌ရေးဆုဖြစ်‌သော ‌ရေမွန်မက် ‌ဆေး‌ဆေးဆု၊ တိုင်းမ်မဂ္ဂဇင်း၏ အာရှသူရဲ‌ကောင်းဆုနှင့် ‌တောင်ကိုရီးယားနိုင်ငံမှ POSCO TJ Park Foundation ဆုတို့အပါအဝင် ဆု‌ပေါင်း ၂၀‌ကျော် ချီးမြှင့်ခြင်းခံခဲ့ရသည်။