KIC News
မဲရုံကိုယ်စားလှယ် အခန်းကဏ္ဍအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့
အောက်တိုဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်ပြည်နယ်၊ ဖားအံမြို့၌ International Republican Institute-IRI မှ ဦးဆောင်ကာ ၂၀၁၅ရွေးကောက်ပွဲအတွက် မဲရုံ ကိုယ်စားလှယ်များ၏ အခွင့်အရေးနှင့် လုပ်ဆောင်ရမည့် တာဝန်များအတွက် သံလွင်ပါရာဒိုက် ဟိုတယ်တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ယနေ့ပြုလုပ်သွားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးခဲ့သည့် (IRI-Resident Program...
စစ်တပ်သိမ်းဆည်းထားသည့် ကိုယ်ပိုင်ခြံမြေပြန်ရရန် နဘူးတောင်နားရွာသားများ တောင်းဆို
အောက်တိုဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကော့ကရိတ်မြို့နယ် နဘူးတံခွန်တိုင်ကျေးရွာအုပ်စု နဘူးတောင်နားကျေးရွာကို စစ်တပ်မှ ပြီးခဲ့သည့် ၁၉၉၅ခုနှစ်က ခြံမြေများ ကို ရွာလုံးကျွတ် သိမ်းယူလိုက်သည့်အတွက်ကြောင့် ယခု နဘူးတောင်နား တောရဘုန်းကြီးကျောင်းဝင်းတွင် နှစ် ၂ဝနီးပါး နေထိုင်လာခဲ့ရသည့် ၎င်းရွာသားများက ရေရှည်အတွက် မိမိခြံမြေများကို ပြန်လိုချင်ကြောင်း...
NCA စာချုပ် လက်မှတ်ထိုးမည့် ကရင်လက်နက်ကိုင် (၃)ဖွဲ့အား ဒေါနအရှေ့ခြမ်းပြည်သူ ထောက်ခံကြိုဆို
အောက်တိုဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြသည့် ကရင်အမျိုးသားအစည်းရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်တော် (DKBA)၊ KNU/ KNLA-ငြိမ်းချမ်းရေးကောင်စီတို့အား ဒေါနအရှေ့ခြမ်းရှိ ဒေသ ခံပြည်သူများက ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထီးမယ်ဝါးခီးကျေးရွာ၌ ယနေ့ ပြုလုပ်ခဲ့သည်။
မြဝတီမြို့နယ်၊ ဒေါနအရှေ့ခြမ်းရှိ...
မြဝတီအခြေစိုက် ရွှေပါရမီ အခမဲ့ဆေးပေးခန်းမှ နို့ဖိုးကျေးရွာရှိ သက်ကြီးရွယ်အိုများအား လှူဒါန်းပူဇော်
အောက်တိုဘာ ၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မြဝတီမြို့အခြေစိုက် ရွှေပါရမီအခမဲ့ဆေးပေးခန်းမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ် နို့ဖိုး(ကွင်းကလေး)ကျေးရွာရှိ သက်ကြီး ရွယ်အိုများအား ကျေးရွာဘုန်းကြီးကျောင်း၌ ယမန်နေ့က သွားရောက်ပူဇော်ကန်တော့ကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့ကြသည်။
အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ကို အထိမ်းအမှတ်အနေဖြင့် နို့ဖိုးကျေးရွာရှိ အသက် ၈ဝနှစ်မှ ၁၁၁နှစ်အရွယ်ရှိ...
ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန် စက်တင်ဘာ ၂၈ရက်မှ ၃ဝရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးတွင် တိုင်းရင်း သားများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (EAOs SD)ကို ဖျက်သိမ်းလိုက်သည်။ ၎င်းအစည်းအဝေး၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်...
NCA လက်မှတ်ထိုးပွဲ အောက်တိုဘာအတွင်း အခမ်းအနားဖြင့်ပြုလုပ်မည်ဟု ကေအဲန်ယူပြော
အောက်တိုဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇)ဖွဲ့နှင့် အစိုးရတို့ကြား ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)ကို ယခု အောက်တိုဘာလအတွင်း အခမ်းအနားဖြင့် လက်မှတ်ရေးထိုးမည်ဟု ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ယနေ့ ပြော သည်။
ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့က သဘောတူ၊...
ထိုင်းက ရွှေ့ပြောင်းအလုပ်သမားများကို ဈေးရောင်းခွင့် တားမြစ်သည့်အပေါ် မြန်မာများ စိုးရိမ်နေ
အောက်တိုဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်နှင့် ကူရဘူရိခရိုင် အတွင်းရှိ မြို့များအနှံ့၌ နိုင်ငံခြားသားများ အပါအဝင် မြန်မာရွှေ့ပြောင်းအ လုပ်သမားများကို ဈေးရောင်းချခွင့်မပြုကြောင်း အသိပေးဆိုင်းပုဒ်များကို ထိုင်းစည်ပင်ဌာနမှ စက်တင်ဘာလ ၂၉ရက်နေ့က စိုက်ထူခဲ့ပြီးနောက်ပိုင်း မဲဆောက်တွင် ဈေးရောင်းနေသည့် မြန်မာများကလည်း ဈေးမရောင်းရတော့မည်ကို စိုးရိမ်နေကြသည်။
"အဲဒီလိုကြားတော့ စိုးရိမ်မှု...
ကန့်ကွက်ခံရသည့် မီးဇိုင်းနှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ဘုရားထီးတင်
အောက်တိုဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ်ရှိ မီးဇိုင်းကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘာသာကျောင်းဝင်းပိုင်မြေအတွင်း ဆောက်လုပ်တည်ထားသည့် စေတီတော် ကို ကန့်ကွက်မှုများကြားမှ စက်တင်ဘာလ ၂၉ရက်နေ့က ထီးတင်လိုက်သည့်ကိစ္စအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ကြရသည်ဟု မီးဇိုင်းကျေးရွာနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၏အသင်းအုပ်ဆရာ စောမိုက်ကယ်က ပြောဆိုလိုက်သည်။
၎င်းက “တာဝန်ရှိသူတွေ အတန်တန် မေတ္တာရပ်ခံနေတဲ့ကြားထဲကနေ မြိုင်ကြီးငူဆရာတော်ကိုယ်တိုင်...
ရွေးကောက်ပွဲတွင် ပြဿနာ တစုံတရာ ဖြစ်နိုင်ခြေမရှိကြောင်း မြဝတီခရိုင်ရဲမှူးပြော
အောက်တိုဘာ ၁ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ယခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြဿနာ တစုံတရာ ဖြစ်နိုင်ခြေ မရှိကြောင်း မြဝတီခရိုင်ရဲမှူး ဦးမိုးညိုက ယနေ့ မြဝတီမြို့၌ ကျင်းပသည့် ၅၁နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် သတင်း ထောက်များကို ပြောကြားလိုက်သည်။
“ကျနော်တို့က...
မဲပေးခြင်းဆိုင်ရာ အသိပညာပေးမှု အားနည်းနေဆဲဟု အရပ်ဖက်အဖွဲ့ပြောဆို
အောက်တိုဘာ ၁ရက်၊ ၂၀၁၅ခုနှစ်။ (ကဆောဝါး၊ စအိုင်စူး)
ကရင်ပြည်နယ်၌ ၂၀၁၅ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲပေးခြင်းဆိုင်ရာ အသိပညာပေးမှု အားနည်းနေကြောင်း ယမန်နေ့က ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်း၌ ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးကော်မတီမှ ပြုလုပ်သည့် မဲဆန္ဒရှင်ပညာ ပေးရေး ဆရာဖြစ်သင်တန်း၌ သွီး(THWEE)လူထုအခြေပြုလူမှုကွန်ယက်အဖွဲ့၏ ဒါရိုက်တာ မန်းသိန်းဇော်က ကေအိုင်စီသို့ ပြော...














