Home သတင်း ဖိုင်ဘာဆက်‌ကြောင်း တူး‌ဖော်မြှုပ်နှံမှု ‌ဖြေရှင်း‌ပေးခြင်းကိစ္စ မကြန့်ကြာ‌စေလိုဟု ‌နောင်ကမြိုင် ‌ဒေသခံများ‌ပြောဆို

ဖိုင်ဘာဆက်‌ကြောင်း တူး‌ဖော်မြှုပ်နှံမှု ‌ဖြေရှင်း‌ပေးခြင်းကိစ္စ မကြန့်ကြာ‌စေလိုဟု ‌နောင်ကမြိုင် ‌ဒေသခံများ‌ပြောဆို

1990
Exif_JPEG_420

ဇွန် ၂၂ရက်။ ၂၀၁၆ ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်း MPT နှင့် Telenor ဆက်သွယ်‌ရေး ဖိုင်ဘာဆက်‌ကြောင်း ‌မြောင်းတူး‌ဖော်မြှုပ်နှံမှု‌ကြောင့် ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်‌ကျေးရွာ‌ဒေသခံများ၏ လယ်ယာ‌မြေများ‌ပေါ် ထိမှန်သည့်ကိစ္စများ ‌ဖြေရှင်း‌ပေးရာတွင် မကြန့်ကြာ‌စေလို‌ကြောင်း ‌ဒေသခံလယ်သမားများက ဇွန် ၂၁ရက်‌နေ့က ‌ပြောဆိုသည်။

အဆိုပါ ဖိုင်ဘာဆက်‌ကြောင်း တူး‌ဖော်ခြင်းနှင့်ပတ်သက်၍ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေ‌သော Fiber Optic Communication Network Co Lt.d မှ ‌ဖြေရှင်း‌ပေးရန် ‌မြေ‌ပေါ်ထိမှန်သည့် ‌ဒေသခံများက ‌မေလ အတွင်းက ‌တောင်းဆိုထားမှုများရှိခဲ့‌သော်လည်း တူး‌ဖော်မှုကိုသာ ရပ်တန့်ထားကာ ယခုထိ အပြီးသတ်‌ဖြေရှင်း ‌ပေးခြင်း မရှိ‌သေး‌ကြောင်း ‌နောင်ကမြိုင်‌ဒေသခံတစ်ဦးဖြစ်သူ ‌စောအနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ကို ‌ဖြေရှင်း‌ပေးမယ်လို့‌တော့ သူတို့က ‌ပြောတယ်။ အခုထိ ဘာမှလာ‌ရောက်‌ဖြေရှင်းတာ‌တွေ မ‌တွေ့ ရ‌သေးဘူး။ တာဝန်ရှိသူ‌တွေအ‌နေနဲ့ အမြန်ဆုံး‌ဖြေရှင်း‌ပေးပါလို့ ကျ‌နော်တို့‌တွေက ‌တောင်းဆိုတယ်။ မ‌ဖြေရှင်းဘူးဆိုရင် ပြည်နယ်အစိုးရကို စာတင်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း လယ်သမား‌တွေက လုပ်‌ဆောင်သွားမယ်”ဟု သူက ‌ပြောသည်။

ထိုသို့ ‌မြောင်းတူး‌ဖော်ရာတွင် ဦး‌ဆောင်သူ ဒီဇိုင်းနာ ဗိုလ်မြင့်‌ထွေးဆိုသူအဖွဲ့နှင့် ‌နောင်ကမြိုင် အုပ်ချုပ်‌ရေးမှူး ‌စော‌မောင်တုတို့သည် ‌ဒေသခံ ‌မြေပိုင်ရှင်အချို့ကို ‌မေ ၈ရက်‌နေ့က ‌နောင်ကမြိုင်အုပ်ချုပ်‌ရေးရုံးတွင် ‌တွေ့ဆုံပြီး ယင်းကိစ္စအ‌ပေါ် ‌ဖြေရှင်း‌ပေးမည်ဟု ‌ပြောခဲ့‌သော်လည်း ယခုအချိန်ထိ ကြန့်ကြာလျှက်ရှိသည်။

‌နောင်ကမြိုင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦး‌စော‌မောင်တုက “ဖုန်းဖိုင်ဘာကြိုး လာ‌ရောက်မြှုပ်သူ‌တွေက လာ‌ရောက် ‌ဖြေရှင်း‌ပေးတာ‌တော့ မရှိ‌သေးဘူး။ အဲဒီလယ်ယာ‌တွေ ထိတဲ့ လယ်သမားအများစုက‌တော့ ‌ကျေနပ်တယ်။ အချို့လယ်သမား အနည်းငယ် ‌လောက်သာ မ‌ကျေနပ်ကြဘူး‌လေ။ အဲဒီဖုန်းဖိုင်ဘာကြိုး လာလုပ်တဲ့ တာဝန်ရှိ သူ‌တွေလည်း ဘယ်‌နေ့လာရှင်း‌ပေးမလဲဆိုတာလဲ အခုထိ မသိရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နောင်ကမြိုင်တွင် MPT နှင့် Telenor မြန်မာဖုန်းလိုင်းအတွက် ‌မြေ‌အောက် ဆက်သွယ်‌ရေး ဖိုင်ဘာဆက် ‌ကြောင်း ‌ဖောက်လုပ်ရာတွင် ‌ဒေသခံလယ်သမား ၄၂ဦး၏ ‌မြေယာ‌ပေါ်ကို ဖြတ်သန်းရ‌ကြောင်းနှင့် လက်ရှိ ကရင်ပြည်နယ်တွင် သွယ်တန်းမည့်လမ်း‌ကြောင်းမှာ ‌တောင်ငူ၊ ဖား‌ဆောင်း၊ ဖာပွန်နှင့် ဖားအံမြို့အထိ တူး‌ဖော်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဆက်သွယ်‌ရေး ဖိုက်ဘာဆက်‌ကြောင်း ‌မြောင်းတူး‌ဖော်မှုနှင့်ပတ်သက်၍ ‌နောင်ကမြိုင်‌ကျေးရွာအနီး မိုင်းကံ‌ကျေးရွာ ‌ဒေသခံပိုင် ‌မြေယာများ‌ပေါ်တွင် အလားတူ ဖြတ်သန်းတူး‌ဖော်ထားများရှိခဲ့ပြီး ကံယကာရှင် လယ်သမားများက ၎င်းကိစ္စအ‌ပေါ် မ‌ကျေနပ်မှုများရှိ‌ကြောင်း ‌ဒေသခံများက ဆိုသည်။