Home သတင်း ‌တောင်ကိုရီးယား အလှူရှင်များ၏ အကူအညီဖြင့် ဖားအံခရိုင်တွင် ‌ခြေတုအလုပ်ရုံစင်တာတစ်ခု ဖွင့်လှစ်

‌တောင်ကိုရီးယား အလှူရှင်များ၏ အကူအညီဖြင့် ဖားအံခရိုင်တွင် ‌ခြေတုအလုပ်ရုံစင်တာတစ်ခု ဖွင့်လှစ်

2082

ဇွန် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ပဋိပက္ခကာလအတွင်း မသန်စွမ်းဖြစ်သွားသူများအတွက် ရည်ရွယ်ကာ ‌တောင်ကိုရီးယားနိုင်ငံမှ အလှူရှင်များ၏ အကူအညီဖြင့် ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဋ္ဌာန-KDHW၊ မယ်‌တော်‌ဆေးခန်းတို့ ကမကထပြု ပြီး ‌ခြေတုအလုပ်ရုံစင်တာတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကလို့‌ယော‌လေး‌ကျေးရွာ၌ ဇွန် ၂ဝရက်‌နေ့က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ‌ခြေတုအလုပ်ရုံစင်တာကို ဖွင့်လှစ်နိုင်ရန် ၂၀၁၆ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလမှ စတင်အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်လာခဲ့ပြီး အလုပ်ရုံစင်တာ တည်‌ဆောက်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ KDHW ဋ္ဌာန၏ ဋ္ဌာနမှူး ပဒို‌စောအယ်ကလူူ‌ရွှေဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ပဋိပက္ခကာလတုန်းက စစ်ပွဲ‌တွေ‌ကြောင့် ထိခိုက်ဒဏ်ရာအပြင် ‌ခြေ‌ထောက်မရှိ‌တော့တဲ့သူ‌တွေကို ရှိတဲ့သူ ‌တွေလိုပဲ သွားလာနိုင်‌အောင် ပြန်တပ်ဆင်‌ပေးမယ်။ အဲဒါကို တိုက်ပွဲ‌တွေ ကာလတုန်းကလည်း လုပ်ခဲ့‌ပေမယ့် အခုက တိုက်ပွဲ‌တွေက တစုံတရာ ရပ်ဆိုင်းသွားတဲ့သ‌ဘော ရှိတယ်။ ငြိမ်းချမ်း‌ရေး အစစ်အမှန်ကို မရရှိ‌သေး ‌ပေမယ့်လည်း ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းကို လုပ်ရပါတယ်။ ပြန်လည်ထူ‌ထောင်‌ရေး လုပ်တဲ့‌နေရာမှာ အဆင်‌ပြေတဲ့‌နေရာကို ‌ရွေးချယ်ပြီး တကယ်လိုအပ်တဲ့ သူ‌တွေအတွက် ‌ခြေတုအလုပ်ရုံကို တည်‌ဆောက်‌ပေးတာဖြစ်တယ်”ဟု ၎င်းက ‌ပြောသည်။

‌ခြေတု အလုပ်ရုံကို တည်‌ဆောက်‌ပေးခြင်း‌ကြောင့် ဖားအံခရိုင်အတွင်းရှိ စစ်ပွဲကာလအတွင်း ‌ခြေ‌ထောက် ပြတ်သွားသည့် လူနာများအတွက် အားလုံးပြန်တပ်ဆင်‌ပေးနိုင်ရန် ‌ခြေတုများကို ရရှိသွား‌အောင် လုပ်‌ဆောင်သွားမည်ဖြစ်သလို KNU ဒူးပလာယာနှင့် ဖာပွန်ခရိုင်တို့တွင်လည်း အလားတူ ‌ခြေတု အလုပ်ရုံကို တိုးချဲ့လုပ်‌ဆောင်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း ပဒို‌စောအယ်ကလူ‌ရွှေဦးက ဆက်‌ပြောသည်။

‌ခြေတုအလုပ်ရုံစင်တာအတွက် လိုအပ်‌သော အ‌ထောက်အကူပစ္စည်းများကို ကိုရီးယားနိုင်ငံ အလှူရှင်အဖွဲ့၏ ‌ထောက်ပံ့မှုဖြင့် KDHWမှ ဦး‌ဆောင်ကြီးကြပ်ကာ ‌ခြေ‌ထောက်ပြတ်သွား‌သော ကရင်အမျိုးသား လွတ်‌မြောက် ‌ရေးတပ်မ‌တော်-KNLA ရဲ‌ဘော်များနှင့် ‌ဒေသခံ ပြည်သူလူထုများအား ‌ခြေတုများပြုလုပ်ခြင်း သင်တန်းများကို သင်ကြားပို့ချ‌ပေးသွားမည်ဟု KDHWက ‌ပြောသည်။

၎င်း‌ခြေတုအလုပ်ရုံစင်တာ ဖွင့်လှစ်ပွဲသို့ မယ်‌တော်‌ဆေးခန်း ဒါရိုက်တာဖြစ်သူ ‌ဒေါက်တာ စင်သီယာ‌မောင်၊ KDHW မှ ဋ္ဌာနမှူး ပဒို‌စောအယ်ကလူ‌ရွှေဦး၊ ကိုရီးယားအလှူရှင်အဖွဲ့ (Korea-Mae Sot Cooperation Center)၊ KNU ဖားအံ ခရိုင်တာဝန်ရှိသူများ၊ ကျန်းမာ‌ရေးလုပ်သားများ၊ KNLA အရာရှိများနှင့် ‌ဒေသခံလူထုများ အပါအဝင် လူဦး‌ရေ(၁၀၀)‌ကျော် တက်‌ရောက်ခဲ့သည်ဟုသိရသည်။

KNLA တပ်ရင်း(၂၁)မှ ရဲ‌ဘော်‌စောစ‌နေစိုးက “သာမန်အရပ်သားအတွက်ပဲဖြစ်ဖြစ်၊ ‌တော်လှန်‌ရေး ရဲ‌ဘော်‌တွေ အတွက်ပဲဖြစ်ဖြစ် ဒီလို အလှူရှင်က‌နေ လူသားအချင်းချင်း စာနာပြီး လာလုပ်‌ပေး‌တော့ ဒီ‌ခြေပြတ်တဲ့သူ‌တွေ အတွက်က လူကြားသူကြားထဲ သွားရလာရတာ သူတို့အတွက်စိတ်ချမ်းသာ‌စေတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KDHW မှ ကမကထပြုကာ ယခင် KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောစခန်း၌ အလားတူ ‌ခြေတုအလုပ်ရုံ များကို ဖွင့်လှစ်ခဲ့မှုရှိခဲ့ပြီး ၁၉၉၈ခုနှစ်‌နောက်ပိုင်း ‌ဒေသတွင်း မတည်ငြိမ်မှု‌ကြောင့် ထိုင်းနယ်စပ်ရှိ မယ်‌တော် ‌ဆေးခန်းသို့ ‌ပြောင်း‌ရွှေ့လုပ်‌ဆောင်ခဲ့ရသည်။ လက်ရှိ KNU နှင့်အစိုးရတို့ အပစ်ရပ်စဲပြီး‌နောက် ယခုလို ပြန်လည်အ‌ခြေချလုပ်‌ဆောင်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။