Home သတင်း သတင်းအချက်အလက် ရရှိပို်င်ခွင့်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

သတင်းအချက်အလက် ရရှိပို်င်ခွင့်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

1449

ဇွန် ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

သတင်းအချက်များ လူတိုင်း ရယူခွင့်ရှိရန် ရည်ရွယ်၍ ပြည်တွင်းလူ့အဖွဲ့အစည်းများကွန်ရက်(3N)နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူး ‌ပေါင်းကာ သတင်းအချက်အလက်များ ရရှိပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ (Right To Information(RIT)Workshop)ကို ဖားအံမြို့၊ အမှတ် ၄ရပ်ကွက်၊ ပိ‌တောက်လမ်းနှင့် ပြည်‌ထောင်စု လမ်းမကြီး‌ထောင့်ရှိ Hotel Glory ၌ ကျင်းပပြုလုပ်ခဲ့သည်။

တ‌နေ့တာပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် သတင်းအချက်အလက်ဆိုင်ရာများကို မိတ်ဆက်ခြင်း၊ သတင်းအချက်အလက် ရရှိခြင်း‌ကြောင့် ဖြစ်‌ပေါ်လာမည့် အားသာချက်များနှင့် သတင်းအချက်အလက်ဆိုင်ရာ ဥပ‌ဒေတွင် ပါဝင်သင့်သည့်အချက်များ စသည့်တို့ကို အပိုင်း ၃ပိုင်းခွဲကာ ‌ဆွေး‌နွေးခဲ့ပြီး ‌ဆွေး‌နွေးပွဲသို ့ ဖားအံ‌ဒေသခံ ၄ဝ ဦးတက်‌ရောက်ခဲ့သည်ဟု ‌ဆွေး‌နွေးပွဲ တာဝန် ရှိသူများက ‌ပြောသည်။

“သတင်းအချက်အလက်ဆိုတာ လူတိုင်းနဲ့ဆိုင်တဲ့ကိစ္စ၊ လူတိုင်းရယူပိုင်ခွင့် ရှိရမယ်ဆိုတဲ့ ဒီမိုက‌ရေစီ အ‌ခြေခံဖြစ်တဲ့ အ‌ကြောင်း အရာကို ဥပ‌ဒေနဲ့ ကာကွယ်‌ပေးရမယ်ဆိုတာ လူတိုင်းကို လိုက်မ‌ပြောနိုင်‌သေးဘူး။ အခု‌တော့ လူထုကိုယ်စားပြု အရပ်ဖက်အဖွဲ့ အစည်း‌တွေကို ရင်ဖွင့်‌ပြောတဲ့သ‌ဘောပါ”ဟု ပြည်ကြီးခင်အဖွဲ့မှ HIV နှင့် လူ့အခွင့်အ‌ရေးဆိုင်ရာ(Programme Manager) ဦးသန့်လွင်ထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အလုပ်ရုံ ‌ဆွေး‌နွေးပွဲ တက်‌ရောက်လာသူ ၈၈ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖားအံမြို့နယ်၊ တာဝန်ခံ ကိုမြင့်‌အောင်က “အလုပ်ရုံ‌ဆွေး‌နွေးပွဲမှာ သတင်းအချက်အလက်ဆိုင်ရာ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး‌တော့ ဘာများထူးထူးခြားခြားရမလဲဆိုပြီး လာတက်တာပါ။ ‌နောက် ဒီက‌နေ လက်‌တွေ့မှာ ဘာ‌တွေ ပြန်အသုံးချလို့ရမလဲဆိုတဲ့ ‌မျှော်လင့်ချက်နဲ့ လာတက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အစိုးရအ‌နေဖြင့် ပြည်တွင်းအရင်းအမြစ်များကို အသုံးပြုကာ ပြည်သူ့ဝန်‌ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် ‌ပေါ် ထွက်လာ‌သော သတင်းအချက်အလက်များကို ‌ခေတ္တသိမ်းထားသူများ သ‌ဘောသာ‌ဆောင်ပြီး အများပြည်သူ ‌တောင်းဆိုလာပါ က အသိ‌ပေး ထုတ်ပြန်‌ပေးရမည်ဖြစ်သည်ဟု ဦးသန့်လွင်ထူးက မှတ်ချက်ပြု ဆက်‌ပြောသည်။

အဆိုပါ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို ပြည်တွင်းလူ့အဖွဲ့အစည်းများကွန်ရက်(3N)နှင့် ပြည် ကြီးခင်တို့ ပူး‌ပေါင်းကာ ဇွန်လ ၁၁ရက်‌နေ့တွင် မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့‌သေး‌ကြောင်း သိရသည်။