KIC News
ရွေးကောက်ပွဲအတွက် ပြည်နယ်၌ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုအားနည်းမှုရှိနေ
စက်တင်ဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်တွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၌ ဝင်ရောက်အရွေးခံမည့် နိုင်ငံရေးပါတီများမှ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု အရေအတွက်မှာ နည်းနေသေးသည်ဟု တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း နန်းမြအေးက ပြောသည်။
"ဒီမိုကရေစီစနစ်သွားဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အမျိုးသားများသာမက အမျိုးသမီးများရဲ့ အခန်းကဏ္ဍလည်း အလွန်အရေးကြီးတယ်။...
ရွေးကောက်ပွဲဆိုင်ရာ အချေအတင်စကားဝိုင်းတခု ဖားအံ၌ ကျင်းပပြီးစီး
စက်တင်ဘာ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးဆင်းနေချိန်တွင် “၂၀၁၅ရွေးကောက်ပွဲနှင့် နိုင်ငံ ရေးပါတီများ၏ ကတိကဝတ်״ခေါင်းစဉ်ပါ အချေအတင်စကားဝိုင်း(Debate)တစ်ခုကို ကရင်ပြည်နယ်၊ ဖားအံမြို့၌ ကရင်သတင်းဋ္ဌာန-KIC က ဦးဆောင်၍ စက်တင်ဘာလ ၂၉ရက်နေ့မနက်က ကျင်းပပြီးစီးသွားခဲ့သည်။
၎င်းစကားဝိုင်းကို နိုင်ငံတကာမြန်မာ့သတင်း(BNI)၏ ကူညီမှု၊ USAID ၏ ပံ့ပိုးမှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး...
ရွေးကောက်ပွဲမတိုင်မီနှင့် NCA လက်မှတ်မထိုးမီ AAPPနှင့် FPPS တို့ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးစေလို
စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ရွေးကောက်ပွဲမတိုင်မီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးမီ နိုင်ငံရေးအ ကျဉ်းသားများလွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ FPPS တို့က စက်တင်ဘာလ ၂၈ရက်နေ့တွင် သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။
ယင်းအဖွဲ့များမှာ မြန်မာနိုင်ငံအတွင်းရှိ...
KNU အပါအဝင် အဖွဲ့ ၇ ဖွဲ့တို့က NCA လက်မှတ်ထိုးရန် ဆုံးဖြတ်
စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား မကြာမီ ရေးထိုးကြမည့် တနိုင် ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) ကို ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့တို့က လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ယနေ့ ဆုံးဖြတ်ခဲ့ကြသည်။
ယမန်နေ့က စတင်ကာ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏...
ကြာအင်းဆိပ်ကြီးမြို့နယ်၌ မွန်အမျိုးသားပါတီ-MNP ဆိုင်းဘုတ် ဖျက်ဆီးခံရ
စက်တင်ဘာလ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်တောင်ပိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ၌ ပြီးခဲ့သည့် စက်တင်ဘာလ၂၆ရက်နေ့ညက မွန်အမျိုး သားပါတီ-MNP ၏ ဆိုင်းဘုတ်ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့သည်ဟု ခလယ်ကျေးရွာအုပ်ချုပ်ရေးမှူး စောဆန်းညွှန့်မောင်က ကေအိုင်စီ သို့ ယမန်နေ့က အတည်ပြုပြောဆိုခဲ့သည်။
၎င်းက “၂၆ရက်နေ့က ညနေ ၅နာရီလောက်အချိန်မှာ သူတို့ပါတီဆိုင်းဘုတ် လာထောင်သွားတယ်။...
ထိုင်း-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်အောင် ဆောင်ရွက်နေဟု တာ့ခ်ခရိုင်ဝန် ပြောဆို
စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်နှင့် မြဝတီခရိုင်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုများကို ပိုမို အဓွန့်ရှည် စေရေး ဆောင်ရွက်လျှက်ရှိကြောင်း ယမန်နေ့က မဲဆောက်မြို့တွင်ပြုလုပ်သည့် နှစ်နိုင်ငံမှ နှစ်ဖက်ခရိုင်ဝန်များနှင့် အခြားအဆင့် မြင့်တာဝန်ရှိသူများ ပါဝင်သည့် ချစ်ကြည်ရေးဘောလုံးပွဲမစတင်မီ တာ့ခ်ခရိုင်ဝန် နိုင်စုံချိုင်းဟပ်ထိယတန်တိက ပြောဆိုလိုက်...
အစိုးရဝန်ထမ်းသင်ကြားမှုကြောင့် အရှေ့ဒေါနနယ်ခံများ ဒေသတွင်းပညာရေးအတွက် စိုးရိမ်နေ
စက်တင်ဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ၊ ဒေါနအရှေ့ဘက်ခြမ်းရှိ စာသင်ကျောင်းများတွင် အစိုးရ ပညာရေး ဝန်ထမ်းများ ဝင်ရောက်တာဝန်ထမ်းဆောင်မှုများလာသဖြင့် သင်ကြားမှုနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများရှိလာကာ ဒေသ တွင်းပညာရေးအတွက် စိုးရိမ်လာရသည်ဟု “သေ့ဘောဘိုးတောနော့ အထက်တန်းကျောင်း”တွင် ယမန်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲ၌ ဒေသခံလူထုနှင့် ကရင်ပညာရေးဋ္ဌာန(KED)က...
ထာဝရ ကရင်နှစ်သစ်ကူးကွင်း ရန်ပုံငွေနှင့် တည်ဆောက်မှု အခြေအနေ ဆွေးနွေး
စက်တင်ဘာ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့၊ အမှတ် ၅ရပ်ကွက်ရှိ မြေဧက ၂၃.၅ ပေါ်တွင် တည်ဆောက်နေသော ထာဝရ ကရင်နှစ်သစ်ကူးကွင်းအတွက် ရန်ပုံငွေ အဖြစ် မြဝတီမြို့ခံ ကရင်လူမျိုးများက အလှူငွေကျပ်သိန်း ၄၂ဝကို တည်ဆောက်ရေးကော်မတီအဖွဲ့သို့ စက်တင်ဘာလ ၂၈ရက် နေ့တွင် ပေးအပ်ခဲ့ကြပြီး တည်ဆောက်မှု...
အယ်ဒီတာ့အာဘော်
ရိုးရှင်းသည့်မဲစာရင်းသာ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတမှုရလဒ်ကို ဆောင်ကြဉ်းနိုင်
ငြိမ်းချမ်းရေးဖြစ်စဉ်၏ ကနဦးလုပ်ငန်းစဉ်ဖြစ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ တိကျသေချာသည့် သဘောတူ လက် မှတ်ရေးထိုးမှု မရရှိသေးသော်လည်း တိကျသေချာသည့် လုပ်ငန်းစဉ်တစ်ခုမှာ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပတော့မည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲပင် ဖြစ်သည်။ မျက်မှောက်ကာလသည် ရွေးကောက်ပွဲအကြိုကာလဖြစ်သကဲ့သို့ တစ်နိုင်ငံ လုံးရှိ...
အင်တာဗျူးကဏ္ဍ
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်အား ကရင်သတင်းဋ္ဌာန (ကေအိုင်စီ)က ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂၅ရက်နေ့တွင် သွားရောက်တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်သည်။
"အနာဂတ်မှာတော့ ကျမတို့ ကျန်းမာရေးစနစ် ကောင်းမွန်လာဖို့ဆိုတာ နိုင်ငံရေးစနစ်ကောင်းဖို့လည်း လိုအပ်သလို ကဏ္ဍအသီးသီးကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပါတယ်။"
၁) ဆရာမကြီးအနေနဲ့ ပြီးခဲ့တဲ့လက တောင်ကိုရီးယားမှာ ဆုတစ်ခုကို...















