Home ကဗျာ ကြယ်ပွင့်များ ‌ကြွေ‌လေ‌သော်

ကြယ်ပွင့်များ ‌ကြွေ‌လေ‌သော်

3223

(လကင်္ာဒီပ)

ကရင့်‌တော်လှန်‌ရေးသက်တမ်း
အကြမ်းခံမှု‌တွေလည်း မနဲ‌တော့ဘူး
ဘဝင်ရူး‌တွေလည်း ‌သွေးထိုးခံရ
လိုင်စင်ရ အဓမ္မကျင့်ခြင်း‌တွေနဲ့
တို့ရဲ့ သမီးပျို‌တွေကို‌လေ
အမှည့်‌ခြွေ အနု‌ခြွေရန်စ
ကာလ‌တွေကို သက်ဆိုးရှည်‌စေ‌နေတယ်။

တိုင်းပြည်မငြိ်မ်းချမ်းပါမှ
ထာဝရအာဏာမြဲ‌နေမယ်ဆိုတဲ့
အတ္တနဲ့ တည်‌ဆောက်ထား‌သော မဟာတပ်မ‌တော်
နံ‌စော်ပုပ်‌ဆွေး လုပ်ရပ်များ
ဘာသာများ အချင်းချင်း ရန်တိုက်‌ပေး
လူမျိုး‌ရေးအချင်းချင်း ‌သွေးခွဲသပ်လျှို
ရန်လိုခြင်း ရန်စခြင်း နိုင်ကျင့်ခြင်း
မုန်းတီးခြင်း‌တွေကို ပြုလုပ်ဖန်တီး‌နေတယ်။

ဒီလိုကာလမျိုးမှာ
ကျရာ‌နေရာက တာဝန်ထမ်းရင်း
လွတ်လမ်း ကျွတ်လမ်းကို ‌ဖွေရှာရင်း
သက်ချင်းအပ် တိုက်ဖက် တိုက်‌ဖော်
‌ရေး‌ဖော်‌ရေးဖက် ရဲ‌ဘော်စာ‌ပေပညာရှင်များ
ကြယ်ပွင့်များတို့ ‌ကြွေ‌လေ‌သော်
ရှင်‌တော်ဘုရား‌ရေ ကရုဏာ‌ခြွေပါအုံးလှည့်။

သူတပါးဘာသာ ပိုင်နက်ထဲ
လက်ရဲ ဇက်ရဲ ကျူး‌ကျော်ဗိုလ်ကျရာ
သံဃာအတုအ‌ယောင်‌တွေ
ကတုံး‌တွေ သကင်္န်းခြုံ‌တွေ
‌ခေတ်‌တွေ စနစ်‌တွေဆန်းလာကြ
ကတုံး ကတုံးချင်းတိုက်မှ ရ‌တော့မယ့်
ရှုပ်‌ထွေးတဲ့ ဂတုံးဂတိုက်ကာလမှာ
ဆရာမန်းထက်‌ခေါင်‌ရေ
အ‌ကြွေ‌စော‌လေသလား
စိတ်ဓါတ်များကျ မာန်‌လျော့လိုက်‌လေသလားဗျာ။

တန်းတူ‌ရေး ကိုယ်ပိုင်ပြဌာန်းခွင့်
ရှိသင့်တဲ့ လူ့ဂုဏ်သိက္ခာအတွက်ရွယ်
ရင်နှင့်လွယ် တာဝန်ထမ်းရှာလို့
ကြယ်ပွင့်တို့ ‌ကြွေ‌လေ‌သော်
သင့်‌တော်လှန်‌ရေး အရင်းအမြစ်များ
ဆပွား‌အောင် ပျိုး‌ထောင်ပြု ပြင်ရမှာ
အားလုံးမှာ တာဝန်‌တွေ ရှိကြတာမို့
နိုးထဖို့ တိုက်တွန်းကာ နှိုး‌ဆော်ရင်း
အချင်းသွား‌လေသူ က‌လောင်ရှင်ကြီး‌ရေ
‌ဝေးတ‌နေ ‌ကောင်းရာသုဂတိမှာ စံ‌ပျော်‌နေနိုင်ပါ‌စေဗျာ။
(၂၂ ဇွန်လ၊ ၂၀၁၆)