Home သတင်း ‌နေရပ်သို့အတင်းအကြပ် ပြန်မပို့ရန် မယ်လဒုက္ခသည်များ ထုတ်‌ဖော်‌ပြောဆို

‌နေရပ်သို့အတင်းအကြပ် ပြန်မပို့ရန် မယ်လဒုက္ခသည်များ ထုတ်‌ဖော်‌ပြောဆို

1822

ဇွန် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

မြန်မာဒုက္ခသည်များအား လက်ခံထားရှိသည့် ထိုင်းအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခ သည်များကို ‌နေရပ်သို့ အတင်းအကြပ်ပြန်မပို့ရန် ယ‌နေ့ (ဇွန်လ၂ဝရက်‌နေ့)တွင် ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် မယ်လဒုက္ခသည်စခန်း‌နေ ဒုက္ခသည်ပြည်သူများက ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။

လက်ရှိအချိန်၌ ထိုင်းနိုင်ငံအစိုးရအ‌နေဖြင့် ဒုက္ခသည်များကို အတင်းအကြပ်ပြန်ပို့မည့် ဆုံးဖြတ်ချက်များ မရှိ‌စေလိုဘဲ ၎င်းတို့ဒုက္ခ သည်များအ‌ပေါ် ယခင်ထားရှိသည့် သ‌ဘောတူညီချက်အတိုင်းသာ စီစဉ်‌ဆောင်ရွက်သွား‌စေလို‌ကြောင်း ဒုက္ခသည် ဦး‌ရေအများ ဆုံး ‌နေထိုင်ကြသည့် မယ်လဒုက္ခသည်စခန်း၏ ဥက္ကဋ္ဌ ‌စော‌အောနက်က ယ‌နေ့ ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့၌ ‌ကေအိုင် စီသို့ ‌ပြောဆိုသည်။

၎င်းက “ထိုင်းအစိုးရအ‌နေနဲ့ ကျ‌နော်တို့ ဒုက္ခသည်‌တွေကို အတင်းအကျပ်‌နေရပ်ပြန်ပို့တာမျိုးကို မဖြစ်‌စေချင်ဘူး။ ဒါ‌ကြောင့် ထိုင်းအစိုးရ‌ကော၊ မြန်မာအစိုးရပါ ကျ‌နော်တို့ ‌တောင်းဆိုချင်တာက တစ်‌နေ့ကျရင် ကျ‌နော်တို့ ဆုံးဖြတ်ချက် ချမှတ်ထားရှိတဲ့အ တိုင်း ‌ရှေ့ဆက်ပြီး‌တော့ သာမန်လူသား‌တွေလို အသက်ရှင်ရပ်တည်ဖို့အတွက် စစ်ပွဲ‌တွေ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်တာမျိုး မရှိ ‌စေချင်‌တော့ဘူး။ ငြိမ်းချမ်း‌ရေးနှင့် စည်းလုံးညီညွတ်မှုကို ကျ‌နော်တို့လိုအပ်တယ်”ဟု ‌ပြောသည်။

ယ‌နေ့ မယ်လဒုက္ခသည်စခန်း၌ ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့(WRD)ကို ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR မှ တာဝန်ရှိသူများ၊ ထိုင်းအာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စခန်းတာဝန်ရှိသူများ၊ ‌ကျောင်းသား/‌ကျောင်းသူများနှင့် စခန်းအတွင်းရှိ ဒုက္ခသည်များ အပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ‌လေး‌ထောင်(၄၀၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်သည့် ‌ကျောင်းဆရာ‌စော‌ဘေ့က “ကျ‌နော်ဒီ‌နေ့အခမ်းအနားကို တက်‌ရောက်လာတာက ကျ‌နော်တို့ အရင်ကကြားခဲ့ရတဲ့ ကျ‌နော်တို့ကိုပြန်ပို့မယ်ဆိုတဲ့ ‌ကောလဟလသတင်း‌တွေကို အတိအကျ သိချင်တာပါ။ ဒါ‌ပေမယ့် အခမ်းအ နားမှာ UNHCR ‌ပြောတာက ပြန်ပို့မယ်ဆိုတာ ဘာတစ်ခုမှ တိကျမှု မရှိ‌သေးဘူးတဲ့။ ‌နောက်ပြီး ကျ‌နော်တို့ကို အဆင်သင့်ရှိ‌နေဖို့ လည်း အား‌ပေး‌ပြောဆိုခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် ‌ပြောင်းလဲမှုများရှိ‌နေပြီးဟု အများက ‌ပြောဆို‌နေကြ‌သော်လည်း လတ်တ‌လောတွင် ဒုက္ခသည်များ ‌နေရပ်ပြန် မည်ဆိုပါက လုံခြုံမှုရှိမည်မဟုတ်သလို ဒုက္ခသည်စခန်းရှိ ‌ကျောင်းသူ/‌ကျောင်းသားလူငယ်များ၏ ပညာ‌ရေးအတွက်ကိုလည်း အသိအမှတ်ပြုမှု တစုံတရာ မရရှိနိုင်‌သေး‌ကြောင်း ‌စော‌ဘေ့က ဆက်‌ပြောသည်။

ဇွန်လ ၂ဝရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို မယ်လဒုက္ခသည်စခန်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရာ မို၊ မယ်လအူူး၊ အုန်းဖျန်၊ နို့ဖိုး၊ ထမ်းဟင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)နှင့် အမှတ် (၂)တို့တွင်လည်း အသီးသီး ကျင်းပခဲ့ ကြ‌ကြောင်း သိရသည်။ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း (၉)ခုတွင် မြန်မာဒုက္ခသည်ဦး‌ရေ ၁၂၀,၀၀၀‌ကျော် ခိုလှုံလျှက်ရှိသည်ဟု ဒုက္ခသည်များအား ‌ထောက်ပံ့မှု‌ပေး‌နေသည့်အဖွဲ့များက ‌ပြောဆိုသည်။

၁၉၅၁ခုနှစ်တွင် ပြုလုပ်သည့် ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း၏ ၅ဝကြိမ်‌မြောက် နှစ်ပတ်လည်တွင် ချမှတ်ခဲ့သည့် သ‌ဘော တူညီချက်အမှတ် ၅၅/၇၆ အရ ဇွန်လ ၂ဝရက်‌နေ့ကို ကမ္ဘာ့ဒုက္ခသည်များ‌နေ့( World Refugee Day) အဖြစ် သတ်မှတ်လာခဲ့ ခြင်းဖြစ်သည်။ ယခုနှစ်ကျ‌ရောက်‌သော ကမ္ဘာ့ဒုက္ခသည်များ‌နေ့အတွက် ‌ဆောင်ပုဒ်မှာ “We Stand Together With Refugees ” (ဒုက္ခသည်များနှင့်အတူ ကျွနုု်ပ်တို့ ရပ်တည်မည်)ဟူ၍ ဖြစ်သည်။