KIC News
တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရ
အောက်တိုဘာ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် စက်တင်ဘာလတွင် အရပ်သားပြည်သူ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်း သုတေသနအဖွဲဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုတပ် ကြောင့်...
KK Park နှင့် လုံးဝမသက်ဆိုင်ဟု KNU သက်သေနှင့်ပြော၊ စစ်အုပ်စု မမှန်မကန် စွပ်စွဲခြင်းဖြစ်ဟု တုန့်ပြန်
အောက်တိုဘာ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယခု ရက်ပိုင်းအတွင်း နာမည်ကြီးနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ရှိရာ KK Park ဝန်းနှင့် လုံးဝမသက်ဆိုင် သလို စစ်အုပ်စုက မမှန်မကန် စွပ်စွဲ ပြောဆိုခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး (ဗဟို) က ယနေ့တွင် သတင်းထုတ်ပြန်...
KK park မှ တိမ်းရှောင်လာသူ တချို့ကို ဖားအံသို့ BGF ပို့ဆောင်ပေး
အောက်တိုဘာ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ကျော်နေသည့် မြဝတီ မြို့နယ်၊ KK park ဝန်းမှ ယခုရက်ပိုင်းအတွင်း ဝရုန်းသုန်းကာ ထွက်ပြေးလာသည့် အလုပ်သမားများထဲမှ တချို့ကို BGF က ဖားအံ မြို့ပေါ် ဟိုတယ်များသို့ ပို့ဆောင်ပေးထားသည်ဟု မျက်မြင်တွေ့သူ...
လယ်မူလား မဇောရွာကို စစ်တပ်လက်နက်ကြီးဖြင့်ပစ် ကလေးငယ်အပါ ၃ ဦး ဒဏ်ရာရ
အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ် မဇောကျေးရွာကို စစ်အုပ်စုတပ်က အောက်တိုဘာ ၂၃ ရက်နေ့တွင်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရရှိ သွားသည်ဟု...
သရက်ချောင်း လဘရွာတွင် တိုက်ပွဲဖြစ် စစ်တပ်က နေအိမ်များကို မီးရှို့
အောက်တိုဘာ ၂၅၊ ၂၀၂၅ ခုနှစ်။ကေအိုင်စီ
တင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုတပ်မှနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့မှစ၍ အာဏာသိမ်း စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် သရက်ချောင်းမြို့နယ်အတွင်းရှိ...
တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ဦးရေ ရှစ်သောင်းကျော်ထိ ရှိလာ
အောက်တိုဘာ ၂၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းတွင် တိုက်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ၈၀,၈၀၀ ဦးကျော် ရှိနေပြီးဖြစ်သည်ဟု ဒေသတွင်း သုတေသနအဖွဲ့ ဖြစ်သည့် FE5 Thaintharyi အစီရင်စာခံ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်မှ ကျေးရွာများအတွင်းသို့...
KK park မှ ထိုင်းဘက် ပြေးလာသူ များကို တံတား-၂ တွင် ယာယီထိမ်းသိမ်းထားသူ ၁,၀၀၀ ဦး...
အောက်တိုဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ် အနီးရှိ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်များ ရှိရာ KK park မှ စစ်တပ်လာဖမ်း မည်ဟု သတင်းထွက်ပြီးနောက် ဝရုန်းသုန်းကာ ထွက်ပြေးနေကြသူများထဲမှ ထိုင်းဘက်သို့ ထွက်ပြေး လာသူ များကို နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား...














