Home Authors Posts by KIC News

KIC News

22366 POSTS 0 COMMENTS

ရေဖြူ ခမောင်းချောင်းရွာတွင် နေအိမ်များကို စစ်တပ်က မီးရှို့

ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသို့ စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်း၌တပ်စွဲကာ အများပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။ ခမောင်းချောင်းရွာသို့ ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို ဒေသတွင်းရှိ တော်လှန်ရေးတပ်များက...

KNLA တပ်ဖွဲ့ဝင်နှင့် ဒေသခံကို ရိုက်နှက်၍ ဖမ်းထားသည့် NUG တိုင်းစစ်ဌာန တပ်ဖွဲ့ဝင်များကို ညှိနှိုင်းပြီး နောက် ပြန်လွှတ်ပေး

ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်- ထားဝယ်ခရိုင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်−KNLA တပ်ဖွဲ့ဝင် တစ်ဦးကို သတိမေ့သည်အထိ ရိုက်နှက်မှု ကျူးလွန်ခဲ့သည့် NUG အထူးတိုင်းစစ်ဌာန၊ ဗျူဟာမှူးနှင့် တပ်ဖွဲ့ဝင် များကို နှစ်ဘက်ညှိနှိုင်းပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်...

ကျုံဒိုးရှိ BGF နှင့် ပြည်သူ့စစ်များက တရုတ်ငွေလိမ်လုပ်ငန်းလုပ်သူများကို မော်လမြိုင်ဘက် သယ်ယူပို့ဆောင်ပေးနေ

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့ တရုတ်နိုင်ငံသား ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများကို ယခု ဒီဇင်ဘာလအတွင်း ကျုံဒိုးမြို့အခြေစိုက် BGF တပ်ဖွဲ့နှင့် မွန်ကျေးရွာပြည်သူ့စစ်အဖွဲ့များက သယ်ယူပို့ဆောင်ပေးနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့်...

ဘုရားသုံးဆူ၊ ကြိမ်ချောင်းရွာရှိ DKBA မွေးမြူရေးခြံ လေကြောင်းဗုံးကြဲခံရ၊ အရပ်သား ၅ ဦးဒဏ်ရာရရှိပြီး နွားအကောင် ၂၀ ကျော်သေဆုံး

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ KNU - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့) ရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်ဗျူဟာတပ်ဖွဲ့ပိုင် မွေးမြူရေးခြံသို့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင်...

မင်းလက်ပံ ငွေလိမ်ခြံဝင်းကို ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း KNU ကြေညာ

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်လုပ်သားများ ကင်းစင်သွားပြီဖြစ်သည့် မင်းလက်ပံရှိ Shunda Park ငွေလိမ်ခြံဝန်းကို ကော်သူးလေတရားရေးစနစ်နှင့်အညီ ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ကေအဲန်ယူ၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗဟိုအဖွဲ့က ယနေ့ ဒီဇင်ဘာ (၁၇) ရက်နေ့ဖြင့် ထုတ်ပြန်ကြေညာသည်။ ထိုခြံဝင်း၌ ဒုစရိုက်မှုများထပ်မံမပြုလုပ်နိုင်ရေး၊ အများပြည်သူအကျိုးစီီးပွားအဖြစ်...

ထားဝယ်တွင် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့ ရေလမ်းက ပို့ဆောင်နေ

ဒီဇင်ဘာ ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့ ရေလမ်းအသုံးပြု ပို့ဆောင်နေသည်ဟု အခြေအနေကို ကြုံတွေ့ဖူးသူ မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိပွင့်လင်းရာသီချိန် ထားဝယ်၌ ပွဲလမ်းသဘင်များပြုလုပ်နေပြီး တဘက်တွင် စစ်တပ်က ပွဲမှအပြန်လူငယ် တစ်ချို့ကို...

မုန်းတွင် အတင်းအကြပ် စစ်သားစုဆောင်းခံရသူ တပ်သား ၅ ဦး ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံ

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ မူး(မုန်း) မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၈) ထံသို့ အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်အုပ်စု တပ်ဖွဲ့ဝင် (၅) ဦး ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။ အဆိုပါ စစ်အုပ်စု တပ်ဖွဲ့ဝင်(၅)ဦးသည် တပ်မဟာ (၃)...

တပ်မဟာ (၂) ကေအဲန်ယူရှိ သောသီတောအူးဥယျာဥ်အတွင်း ဖက်ဒရယ်စနစ်အုပ်ချုပ်ရေး စတင်

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်ရှိ သောသီတောအူး ဌာနေလူမျိုး စုများဥယျာဥ်အတွင်း တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်ကို စတင် တည်ဆောက်လိုက်ပြီဖြစ်ကြောင်း ဥယျာဥ်၏တရားဝင်စာမျက်နှာမှ ယနေ့(ဒီဇင်ဘာ ၁၆ရက်) တွင် ကြေညာသည်။ တောင်ငူခရိုင်ရှိ ကျေးရွာပေါင်း (၃၁၉)...

၃၄ ကြိမ်မြောက် တောင်ကလေး ကရင်နှစ်သစ်ကူးပွဲတွင် ကရင်မောင်နှမ ရုပ်ပုံလွှာ ဖန်တီးပြသ

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့အနီး တောင်ကလေး (ဖလုံပညာ့တဝေါင့်) ကျေးရွာတွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွင် အမြင့် (၄၇) ပေရှိ တိုင်းရင်းသား ကရင်မောင်နှမ ရုပ်ပုံလွှာကို ဖန်တီးပြသထားသည်ဟု သိရသည်။ ယခုနှစ် ဒီဇင်ဘာလ...

အပျက်အစီးပုံကြားရှိ KK Park ငွေလိမ်ခြံဝန်းကို ထပ်မံလာကြည့်မည်ဟု တရုတ် ကိုယ်စားလှယ်ပြော

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး လျိုကျုံးရိက စစ်အုပ်စု ဖောက်ခွဲပြမှုကြောင့် အပျက်အစီးပုံအတွင်း ရောက်နေသည့် KK Park ကျားဖြန့်လုပ်ငန်းနေရာ အလုံးစုံ ဖျက်ဆီးပြီးစီးပါက ထပ်မံလာရောက် ကြည့်ရှုဦးမည်ဟု ယနေ့ (ဒီဇင်ဘာ ၁၅ ရက်နေ့)...
Donate