KIC News
မြဝတီ မဲရုံလေးဆယ်ကျော်မှာ ဆန္ဒမဲပေးသူ တစ်ရုံလျှင် လူ ၁ ထောင်ပင်မပြည့်
ဒီဇင်ဘာ (၂၈)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယနေ့(ဒီဇင်ဘာ ၂၈ ရက်)ပြုလုပ်သော စစ်အုပ်စု၏ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိမဲရုံများသို့ လာရောက်ဆန္ဒမဲပေးသူ တစ်ရုံလျှင် လူအရေအတွက်(၁,၀၀၀)ပင် မပြည့်ကြောင်း မဲရုံအခြေအနေစောင့်ကြည့်လေ့လာသည့် သတင်းအရင်းအမြစ်မှ သိရသည်။
စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်အရ မြ၀တီမြို့ပေါ် ရပ်ကွက် (၇)ခုအပါအဝင် ပူလွဲပူ၊ ဖားကလူ၊ မဲကနယ်၊...
မြဝတီမြို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး
ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သော စစ်အုပ်စု၏ ပထမပိုင်း ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း သိရသည်။
မြဝတီမြို့တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော ရပ်ကွက် (၁) မှ ရပ်ကွက် (၇)...
မြဝတီမြို့အတွင်း ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား
ဒီဇင်ဘာ ၂၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း ယနေ့ ဒီဇင်ဘာ၂၇ ညပိုင်းတွင် ပေါက်ကွဲဖြစ်စဉ် ဆက်တိုင်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ယနေ့ ဒီဇင်ဘာ၂၇ ည ၈ နာရီ ၃၉ မိနစ်အချိန်တွင် မြဝတီမြို့ အမှတ်...
ခရစ်စမတ်ပွဲတော်ရက်များအတွင်း ဖလူးဘက် စစ်အုပ်စုစစ်ကြောင်းထိုး၍ တိုက်ပွဲများပြင်းထန်
ဒီဇင်ဘာ (၂၇) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူးကျေးရွာအုပ်စုဘက်တွင် ခရစ်စမတ်နေ့ ဒီဇင်ဘာ (၂၅) ရက်နေ့မနက်ပိုင်းမှစ၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် ကြားဖြတ်တိုက်ခိုက်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်စစ်ကြောင်းများ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ပူးပေါင်းတပ်သတင်းအရင်းအမြစ်မှ သိရသည်။
ဖလူးကြီး၊ဖလူးလေးနှင့် မင်းလက်ပံကျေးရွာလမ်းပိုင်းများအား ထိန်းချုပ်နိုင်ရန် လက်နက်ကြီးနှင့်အသေခံ(ကာမီကာဇေ)ဒရုန်းများ ပစ်ခတ်တိုက်ခိုက်ပြီး...
ကရင့်လက်နက်ကိုင်ပြန်လည်ပေါင်းစည်းရေးအတွက် ရည်မှန်းချက်ရှိကြောင်း DKBA ဦးစီးချုပ်သစ်ပြော
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နှစ်ပေါင်းများစွာ ကွဲကွာနေသည့် ကရင်လက်နက်ကိုင်များကို ပြန်စုစည်းနိုင်ရန် ရည်မှန်းချက်ရှိသည်ဟု စစ်ဦးစီး ချုပ်တာဝန်အသစ်ခန့်အပ်ခံလိုက်ရသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA ခေါင်း ဆောင်အသစ် က ပြောသည်။
ဒီဇင်ဘာလ ၂၁ရက်နေ့ကနေ ၂၄ ရက်နေ့အထိပြုလုပ်ခဲ့သည့် DKBA၏...
စစ်အုပ်စုဖမ်းဆီးခံရမှုမှ ပြန်လွတ်လာသူ စိတ်ဝေဒနာသည်အမျိုးသမီး ကိုယ်ဝန်သုံးလကျော်လွယ်ထားရဟုဆို
ဒီဇင်ဘာ (၂၅) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု၏ ဖမ်းဆီးအဓမ္မပြုကျင့်ခံရသူ နောင်တပွဲရွာနေ စိတ်ဝေဒနာသည် အမျိုးသမီးမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ကိုယ်ဝန် ၁၃ ပတ် (သုံးလကျော်) လွယ်ထားရသည်ဟု သူမကိုကျန်းမာရေးစောင့်ရှောက်ပေးနေသည့် သတင်းအရင်းအမြစ်က ဆိုသည်။
ပြီးခဲ့သည့်စက်တင်ဘာလကတည်းက စစ်အုပ်စု ခြေမြန်တပ်ရင်း...
မြဝတီ-မဲဆောက်တံတားမှ ထိုင်းဘက်သွားလာသူများ အထောက်အထားတစ်မျိုးသာ သုံးခွင့်ပြု၍ အခက်ကြုံ
ဒီဇင်ဘာ (၂၄) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေး တံတား(၁)ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ဝင်ရာတွင် အထောက်အထားတစ်ခုသာကိုင်ဆောင်သွားလာရန် ထိုင်းလဝကဘက်က စစ်ဆေးကန့်သတ်ထားခြင်းကြောင့် သွားလာရခက်၍ ငွေကုန်ကြေးကျပိုများသည့်အခက်အခဲတွေ့ရကြောင်း ကိုယ်တိုင်ကြုံရသူတို့ထံမှသိရသည်။
ယခုဒီဇင်ဘာ(၁၀)ရက်နေ့နောက်ပိုင်းကစပြီး မြန်မာမှထိုင်းသို့ဝင်ရန် နိုင်ငံကူးလက်မှတ်စာအုပ်(Passport)နှင့် ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် နှစ်မျိုးလုံး ကိုင်ဆောင်သွားလာနေသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ဆေးတွေ့ရှိပါက အထောက်အထားတစ်မျိုးသာကိုင်ဆောင်စေခြင်းနှင့်...
ဘီးလင်းတွင် ဘုန်းကြီးကျောင်းလာသည့် အမျိုးသမီး(၃)ဦး လက်နက်ကြီးထိမှန်သေဆုံး
ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ ယနေ့(ဒီဇင်ဘာ ၂၄ ရက်နေ့)က စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီး(၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ရွာခံများ၏ပြောပြချက်အရ သိရသည်။
ယနေ့မနက်ပိုင်းက အလူးကြီးရွာရှိ ခေတ္တာဘုန်းကြီးကျောင်းဆောင်အရှေ့သို့ လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသို့လာရောက်သူ...
လေကြောင်းရန်များနဲ့ လူသောဒေသ ပုံရိပ်လွှာ
လေကြောင်းရန်များနဲ့ လူသောဒေသ ပုံရိပ်လွှာ
နန်းဝေဖြိုးဇာ
(ဒီဇင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်)
တော၊ တောင် သဘာဝများနဲ့ လူသောမြို့လေးဟာ ပုံမှန်အားဖြင့် အေးချမ်းသာယာလှပလျှက်ရှိပါတယ်။ လူသောြမို့ နယ်ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၅၊ မူတြော်(ဖာပွန်)ခရိုင်ထဲမှာပါဝင်ပြီး ကေအဲန်ယူရဲ့ စီမံအုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်ပါတယ်။
ဒီဇင်ဘာလရဲ့ ခြောက်သွေ့အေးမျှမှုနဲ့အတူ သဘာဝတော၊ တောင်များကြောင့် လူသောမြို့နယ်ဟာ...
ကေအဲန်ယူ-မူတြော်ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ကို ကုလသမဂ္ဂက Global ICCA အဖြစ် မှတ်တမ်းတင်
ဒီဇင်ဘာ (၂၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကမ္ဘာ့ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဥ်(UNEP)က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) မူတြော်ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ကို ဌာနေတိုင်းရင်းသားဒေသခံလူထုက ထိန်းသိမ်းစောင့်ရှောက်ထားသောနယ်မြေ(Global ICCA Registry)အဖြစ် ဒီဇင်ဘာ(၁)ရက်နေ့က မှတ်တမ်းတင်အသိအမှတ်ပြုလိုက်ကြောင်း ခြောက်ကြိမ်မြောက်ဥယျာဥ်အထွေအထွေညီလာခံ ထုတ်ပြန်ချက်မှ သိရသည်။
UNEP ၏ အသိအမှတ်ပြုမှုသည် ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သံလွင်ငြိမ်းချမ်းရေးဥယျာဥ်အတွင်းရှိ...














