KIC News
ကျိုက်ထိုတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စိုက်ပျိုးခြံများ ပျက်စီး
စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ၏ စိုက်ပျိုးဥယျဥ်ခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ( ၂၈) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင်...
KNLA ဆေးဌာန၏ ငါးကြိမ်မြောက်ဆေးသင်တန်း တက်ရောက်သူ (၄၄) ဦး သင်တန်းဆင်း
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဆေးဌာနမှ ကြီးမှူးပြုလုပ်သည့် ငါးကြိမ်မြောက် ဆေးသင်တန်းဆင်းပွဲအခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့က ပြုလုပ်ကျင်းပခဲ့ရာ သင်တန်းတက်ရောက်သူ(၄၄)ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ-ဗဟို၏ ယမန်နေ့(စက်တင်ဘာ ၂၉ ရက်နေ့)...
ဖလူး၊ ဝေါလေအထက်ဘက်တွင် KNLA မဟာမိတ်တပ်နှင့် စစ်အုပ်စုတို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ရာမတီး/မြဝတီဒေသ၊ မြဝတီမြို့တောင်ဘက် ဖလူးနှင့်ဝေါလေလမ်းပိုင်းအထက် တောင်ကြောဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ စက်တင်ဘာလ (၂၅) ရက်မှ ယနေ့အထိ နေ့စဥ်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း မဟာမိတ်တပ်ထံမှ သိရသည်။
ဒူးပလာယာခရိုင်နယ်နိမိတ်ထဲရှိ လေးကေကော် အနောက်ဘက်တောင်ကြောအတိုင်း စစ်အုပ်စုတပ်ဖွဲ့များ...
စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းရှိ စာသင်ကျောင်းများ ပိတ်ထားရ
စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် စာသင်ကျောင်းများ ပိတ်ထားရပြီး ဘေးလွတ်ရာတွင် ပြောင်းရွှေ့စာသင်နေရကြောင်း ဒေသခံများနှင့် ကေအဲန်ယူတာဝန်ရှိသူများထံမှ သိရသည်။
ကြသောင်းဆိပ်/ယိုကလား ကျေးရွာအုပ်စုအတွင်း ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ရက်နေ့က စစ်အုပ်စု...
မယ်လစခန်း ရေပေးဝေရေးစနစ်အတွက် IRC တပ်ဆင်ပေးထားသည့် ဆိုလာစနစ်များ လွှဲပြောင်းပေး
စက်တင်ဘာ (၂၉ ) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ရေပေးဝေရေးစနစ် လည်ပတ်နိုင်ရန် နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) က တပ်ဆင်ပေးထားသည့် ဆိုလာစနစ်များကို ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့တွင် စခန်းတာဝန်ရှိသူများထံ လာရောက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းလွှဲပြောင်းမှုနှင့်ပတ်သက်၍ စက်တင်ဘာလ...
မုတ်သုံလေအားကောင်းမှုကြောင့် ကရင်အပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြား မိုးဆက်ကြီးနိုင်
စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကပ္ပလီပင်လယ်အော်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသောကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြားတွင် မိုးဆက်လက်ကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ စက်တင်ဘာလ (၂၉) ရက် ထုတ်ပြန်ချက်အရ သိရသည်။
နံနက်ဖြန်(စက်တင်ဘာ ၃၀ ရက်နေ့)အထိ...
အမေရိကန်ဒေါ်လာ ၂ ဘီလီယမ် နီးပါးရှိ လူသားချင်းစာနာမှုအကူအညီ ရရှိမည့်နိုင်ငံများတွင် မြန်မာ ပါဝင်
စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမေရိကန်ဒေါ်လာ ၂ ဘီလီယံ(သိန်းပေါင်း ၂ သောင်း)နီးပါးတန်ဖိုးရှိသည့် ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များ လက်ခံရရှိမည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း အမေရိကန်သံရုံး(ရန်ကုန်)က ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) တွင်...
NCA ညှိနှိုင်းစဉ်ကာလကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲပုံစံ ပုံဖော်ရန် 7 EAO Alliance ကြိုးပမ်းမည်
စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို အများလက်ခံနိုင်ပြီး အဓိပ္ပာယ်ပြည့်ဝသောငြိမ်းချမ်းရေး ရုပ်လုံးမပေါ်သေးမီ အချိန်ကာလအထိ အပစ်ရပ် NCA စာချုပ် ညှိနှိုင်းစဉ်ကာလကဲ့သို့ အခင်းအကျင်း ဖြစ်ပေါ်လာအောင် ကြိုးပမ်းရန်ဆန္ဒရှိကြောင်း 7 EAO Alliance က ယနေ့ (စက်တင်ဘာလ ၂၉...
ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှု အာဆီယံလူ့အခွင့်အရေးဆိုင်ရာပါလီမန် အမတ်များအဖွဲ့ ပြင်းထန်စွာရှုတ်ချ
စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားများ လှုပ်ရှားသွားလာနေသည့်နေရာကို စက်တင်ဘာလ (၂၈) ရက်နေ့က စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အပေါ် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာပါလီမန် အမတ်များအဖွဲ့ (APHR)က ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့တွင်...
ဘန်ကောက်ရေကြီးမှုကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားအချို့ နေစရာအခက်အခဲဖြစ်
စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ ဘန်ကောက်တွင် စက်တင်ဘာလ(၂၄) ရက်နေ့မှ စတင်ကြုံတွေ့နေရသည့် မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားအချို့ နေထိုင်သည့်နေရာများ ရေနစ်မြှုပ်ကာ နေစရာအခက်အခဲဖြစ်နေသည်ဟု အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ပြောသည်။
အခန်းရေမြှုပ်သဖြင့် ဆက်နေ၍မရတော့သည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့မှာ အခြားအသိမိတ်ဆွေများနေရာသို့ သွားရောက်ပြောင်းရွှေ့နေကြခြင်းရှိသလို အချို့မှာလည်း တည်းခိုခန်းများတွင်...














