Home Authors Posts by KIC News

KIC News

22327 POSTS 0 COMMENTS

မဲဆောက်-မြဝတီ နယ်စပ် သောင်ရင်းမြစ်ထဲ ကုန်တင်ယာဉ်ထိုးကျပြီး ပျောက်ဆုံးနေသူ (၁၂) ဦး ယနေ့အထိ ရှာမတွေ့

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှ သောင်ရင်းမြစ်ကို ဖြတ်၍ မြဝတီဘက်သို့ ကမ်းကူးရန်ကြိုးပမ်းခဲ့သည့် ကုန်တင်ယာဥ်တစ်စီး မြစ်အတွင်းထိုးကျနစ်မြုပ်ခဲ့သောဖြစ်စဥ်တွင် ယာဥ်ပေါ်ပါ လူ (၁၂) ဦး လိုက်ပါပျောက်ဆုံးသွားပြီး ၎င်းတို့ကို ယနေ့၊ စက်တင်ဘာ (၂၈) ရက်အထိ ရှာဖွေတွေ့ရှိခြင်း...

ထားဝယ်ဒေသ တောင်ပြိုပြီး ရေကြီးမှု သေဆုံး(၁၃)ဦး၊ ပျောက်ဆုံးသူ(၃၀)ဦးထက်မနည်း ရှိလာ

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်များတွင် စက်တင်ဘာ(၂၆)ရက်နေ့ကတည်းက တောင်ပြိုကျပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်ထိ သေဆုံးသူ(၁၃)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးထက်မနည်း ရှိလာကြောင်း ထားဝယ်‌အင်အားစုများထံမှ သိရသည်။ ထားဝယ်အမျိုးသားအဖွဲ့ချုပ်-TNF က ကောက်ယူရရှိသည့် ယနေ့၊ စက်တင်ဘာ(၂၈)ရက်နေ့ စာရင်းအရ...

မူတြော် စစ်အုပ်စုကို KNLA ကြားဖြတ်တိုက်ခိုက်မှု လက်နက်(၇)လက် ထပ်မံရရှိ

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ မူတြော်/ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ထဲတွင် လှည့်လည်နေသည့် စစ်အုပ်စုတပ်ဖွဲ့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထံမှ လက်နက်(၇)လက် ထပ်မံသိမ်းဆည်းရမိကြောင်း တပ်မဟာ(၅) ကေအဲန်ယူက ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာ(၂၇)ရက်နေ့က ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင်...

‘အမြန်ဆုံး အိမ်ပြန်ချင်ပြီ’

'အမြန်ဆုံး အိမ်ပြန်ချင်ပြီ' သဒါးစိုး (စက်တင်ဘာ ၂၈၊ ၂၀၂၆ ) “အခုဘာမှလုပ်စားကိုင်စားလို့လည်း မရတဲ့အတွက် ဘဝက အရမ်းကို ခက်ခဲပါတယ်။ “လို့ ဆိုလာသူက တစ်နှစ်ကျော်ကြာ သူများရပ်ရွာမှာ စစ်ရှောင်နေရတဲ့ ကလေး ၄ ဦး မိခင်နော်ထူး ဖြစ်ပါတယ်။ ကလေးကျောင်းစရိတ်က တစ်ဖက်၊ ကျန်းမာရေးမကောင်းတဲ့ မိဘတွေဆေးဖိုးဝါးခက တစ်ဖက်ဆိုတော့...

ကျိုက်ထိုမြို့နယ်တွင် နှစ်ရက်ဆက်တိုက် လေယာဥ်ဗုံးကြဲခံရ၊ အမျိုးသမီး(၁)ဦး သေဆုံး (၂)ဦး ဒဏ်ရာရ

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲရှိ ကျေးရွာများသို့ စက်တင်ဘာလ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့ နှစ်ရက်ဆက်တိုက် စစ်အုပ်စုက လေယာဥ်ဗုံးကြဲ၍ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့ရာ အမျိုးသမီး(၁)ဦးအပါအဝင် (၂)ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် ကေအဲန်ယူ၊ သထုံခရိုင်ထံမှ...

ကရင်နီတပ်မတော်၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် လူကြီးရောဂါဖြင့် ကွယ်လွန်

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီပြည်တပ်မတော်-KA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် ယမန်နေ့ စက်တင်ဘာ(၂၇)ရက်နေ့၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ၏ ထုတ်ပြန်အသိပေးချက်အရ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် (၇၆)...

မန္တလေး၊ အိုးဘိုထောင်အတွင်း အကျဥ်းသားများ စစ်မှုထမ်းရန် စစ်အုပ်စု ဖိအားပေးစည်းရုံးနေ

စက်တင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း အကျဥ်းကျခံနေရသူများကို စစ်မှုထမ်းရန် စစ်အုပ်စုနှင့် ထောင်အာဏာပိုင်များ ပူးပေါင်း၍ ဖိအားပေး စည်းရုံးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ယနေ့ (စက်တင်ဘာလ ၂၇ ရက်) ထုတ်ပြန်ချက်အရ...

ကရင်ပြည်နယ်စစ်အုပ်စုဦးဆောင်ပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်အချို့ပါဝင်သည့် ပြည်နယ် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဖားအံတွင် ပြုလုပ်

စက်တင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်စစ်အုပ်စုကဦးဆောင်ပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်အချို့ပါဝင်သည့် “ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၆ ခုနှစ်” ကို ယနေ့ (စက်တင်ဘာလ ၂၆ ရက်) မှစတင်ကာ ဖားအံမြို့တွင် ကျင်းပပြုလုပ်နေကြောင်း စစ်အုပ်စုချုပ်ကိုင်မှုအောက်ရှိ နိုင်ငံပိုင်မီဒီယာများမှ သိရသည်။ နံနက်ဖြန်...

ဘန်ကောက်မြို့နှင့် ဧရိယာတဝိုက် ရေလွှမ်းမိုးမှုများဖြစ်ပေါ်၊ ခရိုင် ၅၀ ကို အန္တရာယ်ဇုံအဖြစ် ထပ်တိုးထုတ်ပြန်

စက်တင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြို့လယ်ခေါင်အပါအဝင် မြောက်ဘက်၊ အရှေ့မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက် ဒေသများ၌ ရေဘေးသင့်နေသဖြင့် ခရိုင် (၅၀) စလုံးကို အန္တရာယ်ဇုံအဖြစ် ဘန်ကောက်မြို့တော်ဝန်ရုံးက ယနေ့...

ကျိုက်ထိုတွင် စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၉) နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့က စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။ ထိုနေ့ ညနေ...
Donate