KIC News
ဖာပွန်၊ ဆင်စွယ်ရွာကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုထုတ်ပြန်ချက် မြေပြင်အခြေအနေနှင့် မကိုက်ညီဟု ကေအဲန်ယူ တပ်မဟာ(၅)ပြော
အောက်တိုဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ ကမမောင်း–ဖာပွန်လမ်းကြောင်းပေါ်ရှိ ဆင်စွယ်(ထီးကဆောမဲ)ရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် အမှန်တကယ်ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးဟု ကေအဲန်ယူ တပ်မဟာ(၅) ကိုယ်စား ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်တွင် ဆင်စွယ်ရွာကို...
မဲဆောက်ရှိ ရွှေ့ပြောင်းကလေးများ၏ ပညာရေးနှင့် စွမ်းရည်တိုးတက်ရေး မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပပြီးစီး
အောက်တိုဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကလေးများ အားကစားအခွင့်အလမ်းရရှိစေရန်နှင့် ပညာရေး၊ လူမှုဆက်ဆံရေးစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်ပြီး Play Onside အဖွဲ့၏ နှစ်စဥ်မိုးရာသီဘောလုံးပြိုင်ပွဲကို ယခုနှစ်တွင်လည်း ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
FAFI ၏ ပံ့ပိုးမှုဖြင့် အဆိုပါဘောလုံးပြိုင်ပွဲကို ဇူလိုင်လမှ...
ကျောက်တော်မြို့တွင် အရပ်သားများ တိုက်ခိုက်ခံရမှု လက်ခံနိုင်ဖွယ်မရှိဟု UK အစိုးရရှုတ်ချ
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ တွင် စစ်အုပ်စုက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လေယာဥ်ဗုံးကြဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံးဝလက်ခံနိုင်ဖွယ်မရှိ၍ UK အစိုးရကရှုတ်ချကြောင်း ယနေ့ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်သည်။
ကျောက်တော်မြို့ ရှိလူစည်ကားသည့် စျေးအနီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့်...
သဘာဝဘေးကြောင့် ထားဝယ်မှာ သေဆုံးသူ(၃၂)ဦးအထိ တိုးလာ၊ သောက်သုံးရေများ အရေးတကြီးလိုအပ်
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ရေကြီးပြီးတောင်ပြိုကျမှုများဖြစ်ပွားခဲ့ရာ ယနေ့ စက်တင်ဘာ(၃၀)ရက်နေ့အထိ သေဆုံးသူ(၃၂)ဦးအထိ ရှိလာပြီး သောက်သုံးရေအရင်းအမြစ်များ ပျက်စီးနေခြင်းကြောင့် သောက်ရေ အရေးတကြီးလိုအပ်ချက်ရှိနေကြောင်း ထားဝယ်အင်အားစုများထံမှ သိရသည်။
မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ(၂၅)ရက်နေ့ကစပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ အထူးသဖြင့် ထားဝယ်ခရိုင်အတွင်း စံချိန်တင်မိုးရွာသွန်းမှုများပြားရာမှ ရေကြီးပြီးတောင်ပြိုကျမှုများ...
ကော့ကရိတ် ကွီမောင်တိုင်ရွာကို ပြန်ထိန်းချုပ်ရန် စစ်အုပ်စုကြိုးပမ်းနေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့မြောက်ပိုင်းရှိ ကွီမောင်တိုင်ကျေးရွာကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေသဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့က KNLA မဟာမိတ်တပ်များက ကွီမောင်တိုင်ရွာတွင်...
မယ်လဒုက္ခသည်စခန်းတွင် ဝက်နာကျရောဂါ ဖြစ်ပွားမှုရှိလာ
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် တစ်နိုင်တစ်ပိုင်မွေးမြူထားသည့် အိမ်မွေးဝက်အချို့ ဝက်နာကျလက္ခဏာပြပြီးသေဆုံးမှု ယခုစက်တင်ဘာလထဲတွင် ခပ်စိတ်စိတ် ရှိလာကြောင်း စခန်းနေထိုင်သူများထံမှ သိရသည်။
ကနဦးသတင်းစုံစမ်းချက်အရ မယ်လဒုက္ခသည်စခန်း၊ ဇုန်-စီတွင် ယခုတစ်လအတွင်း နေအိမ်(၅)ထက်မနည်းရှိ မွေးမြူထားသည့်ဝက်များမှာ တုန်ခါခြင်း၊ မျက်လုံးမဖွင့်နိုင်ဘဲ လှဲလျောင်းနေခြင်းစသည့် ရောဂါလက္ခဏာများပြ၍...
သတင်းအချက်အလက်မှန်ကန်မှုမှ ရရှိသော အကျိုးအမြတ် – သိမြင်နားလည်မှု၏တန်ဖိုး
The Integrity Dividend: The Value of Knowing
သတင်းအချက်အလက်မှန်ကန်မှုမှ ရရှိသော အကျိုးအမြတ် - သိမြင်နားလည်မှု၏တန်ဖိုး
By David Walmsley, President, World Editors Forum, Editor in Chief, Globe and Mail |...
ကျိုက်ထိုတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စိုက်ပျိုးခြံများ ပျက်စီး
စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ၏ စိုက်ပျိုးဥယျဥ်ခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ( ၂၈) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင်...
KNLA ဆေးဌာန၏ ငါးကြိမ်မြောက်ဆေးသင်တန်း တက်ရောက်သူ (၄၄) ဦး သင်တန်းဆင်း
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဆေးဌာနမှ ကြီးမှူးပြုလုပ်သည့် ငါးကြိမ်မြောက် ဆေးသင်တန်းဆင်းပွဲအခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့က ပြုလုပ်ကျင်းပခဲ့ရာ သင်တန်းတက်ရောက်သူ(၄၄)ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ-ဗဟို၏ ယမန်နေ့(စက်တင်ဘာ ၂၉ ရက်နေ့)...
ဖလူး၊ ဝေါလေအထက်ဘက်တွင် KNLA မဟာမိတ်တပ်နှင့် စစ်အုပ်စုတို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ
စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ရာမတီး/မြဝတီဒေသ၊ မြဝတီမြို့တောင်ဘက် ဖလူးနှင့်ဝေါလေလမ်းပိုင်းအထက် တောင်ကြောဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ စက်တင်ဘာလ (၂၅) ရက်မှ ယနေ့အထိ နေ့စဥ်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း မဟာမိတ်တပ်ထံမှ သိရသည်။
ဒူးပလာယာခရိုင်နယ်နိမိတ်ထဲရှိ လေးကေကော် အနောက်ဘက်တောင်ကြောအတိုင်း စစ်အုပ်စုတပ်ဖွဲ့များ...














