KIC News
ထိုင်းဘက်သွား အဖမ်းခံသည့် ကရင်နီ၊ မယ်စဲ့မှ အကျဉ်းသား ၃၀ ထက်မနည်းရှိလာ
ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်း ဝင်ရောက်လာပြီး ထိုင်းအာဏာပိုင်များထံ လက်နက်ချ အဖမ်းခံလာသည့် ကရင်နီ၊ မယ်စဲ့အကျဉ်းထောင်မှ အကျဉ်းသား စုစုပေါင်း (၃၀) ကျော်ရှိပြီဖြစ်ကြောင်း နယ်စပ်အရေးအလေးပေး တင်ဆက်နေသည့် ထိုင်းသတင်းဌာနများက ဖော်ပြသည်။
Thai PBS မီဒီယာက ယနေ့...
ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲ အာဏာသိမ်းစစ်တပ် ဒုတိုင်းမှူးကိုယ်တိုင် ကြီးကြပ်မည်
ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်းအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်တွင် စစ်အုပ်စု၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ကိုယ်တိုင် ကြီးကြပ်မည်ဖြစ်ကြောင်း တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
ယနေ့...
မဲဆောက်တွင် ဆယ်လီ LGBT လူငယ်တစ်ဦး သတ်ဖြတ်ခံရပြီး ပစ္စည်းလုယက်မှု ဖြစ်ပွား
ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက် TK ကြီး စက်ရုံလမ်းမအနီးရှိ တောင်ယာစိုက်ကွင်းခြံဝင်း တစ်ခုတွင် ဇန်နဝါရီ လ ၂၀ ရက်နေ့လည်ပိုင်းအချိန်တွင် အွန်လိုင်းဆယ်လီ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) လူငယ်တစ်ဦး ပစ္စည်း လုယက် သတ်ဖြတ်ခံ...
လွတ်မြောက်နေသော ကရင်နီထောင်မှ အကျဉ်းသားများ အန္တရာယ်ပေးလာနိုင်သည့်အရေး လူထုစိုးရိမ်
ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ-IEC က စီမံအုပ်ချုပ်နေသည့် ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ အကျဉ်းထောင်အမှတ်(၂)ရှိ အကျဉ်းသားများ လွတ်မြောက်နေ သေးသည့်ကိစ္စနှင့်ပတ်သက်ပြီး လူထုထံ အန္တရာယ်ပေးမှုများ ရှိလာနိုင်သည့်အရေး စိုးရိမ်ပူပန် နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၈) ရက်နေ့၊...
မူတြော်ခရိုင်တွင် လဝက်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွား၊ စစ်အုပ်စုတပ်ဘက်မှ ၇ ဦး သေဆုံးခဲ့
ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ (၅) နယ်မြေအတွင်း ယခုဇန်နဝါရီလ လယ်အထိ တိုက်ပွဲပေါင်း (၃၀) ကျော် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ (၇) ဦး သေဆုံးခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု ဇန်နဝါရီလဆန်း ၁...
လက်နက်ကိုင်ပဋိပက္ခကြား သတင်းသမားများ လုံခြုံစွာသတင်းရယူခွင့်နှင့် အကာကွယ်ရရှိ ရန် IPCM တောင်းဆို
ဇန်နဝါရီ ၁၉ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့် ရရှိရန်နှင့် ဘေးကင်းလုံခြုံစွာ အကာကွယ်ရရှိရန်အတွက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar - IPCM) က ဇန်နဝါရီလ ၁၉ရက် ယနေ့တွင် ကြေညာချက်...
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးစီးရန် ၂၀ ရာခိုင်နှုန်းသာလို
ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCတွင် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများ သဘောတူ ထားသည့် နိုင်ငံရေးလမ်းပြမြေပုံအရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ-AFTA ရေးဆွဲရေးအဆင့်သို့ရောက်နေပြီး ရာခိုင်နှုန်း(၂၀)သာ ပြီးစီးရန်လိုကြောင်း NUCC ၏ ဇန်နဝါရီ(၁၇)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတွင်...
မဲဆောက်တွင် ကားမောင်းပြေးရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွားပြီး (၅)ဦးထက်မနည်း ဒဏ်ရာရ
ဇန်နဝါရီ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်တွင် ယနေ့ ဇန်နဝါရီလ (၁၉)ရက်၊ မွန်းလွဲ(၂)နာရီဝန်းကျင်က စစ်ဆေးရေးဂိတ်မှဖြတ်ကျော်မောင်းပြေးသည့် မော်တော်ယာဥ်တစ်စီးမှ ထပ်ဆင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း မဲဆောက်မြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။
လူမှောင်ခိုတင်ဆောင်လာသည်ဟုယူဆရသော အဆိုပါမော်တော်ယာဥ်အား မယ်တောင်အပိုင်း၊ မြို့ပြင်ပတ်လမ်းတွင်ဂိတ်ချစစ်ဆေးနေသည့် ထိုင်းရဲတပ်ဖွဲ့ကတားဆီးစစ်ဆေးရာ အစစ်မခံဘဲ...
ကျွန်းစုတွင် ၁၂ ရက်ကြာ တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုတပ်က ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီး
ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ စစ်အုပ်စုတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ၁၂ ရက်ကြာ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က ယမန်နေ့တွင်...
ဒူးသထူခရိုင်၊ တက်တူကုန်းရွာတွင် စစ်အုပ်စု ပစ္စည်းခိုးပြီးအကြမ်းဖက်ခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်
ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ သထုံမြို့နယ်၊ တက်တူကုန်းနှင့် ကဒီပုကျေးရွာတို့တွင် ဇန်နဝါရီ(၁၀)ရက်မှ(၁၂)ရက်နေ့အထိ နှစ်ရက်တာတပ်စွဲသွားသည့် စစ်အုပ်စုက ဒေသခံပိုင် ပစ္စည်းများကိုခိုးယူပြီး ရွာသားတစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ဇန်နဝါရီ(၁၈)ရက်နေ့တွင် ကေအဲန်ယူက ထုတ်ပြန်သည်။
ထိုရက်က စစ်ကြောင်းလှည့်ရင်း တက်တူကုန်းရွာတွင် တပ်စွဲနေထိုင်သွားသောစစ်အုပ်စုသည်...














