Home Authors Posts by KIC News

KIC News

22363 POSTS 0 COMMENTS

ကရင်နီ၊ မယ်စဲ့ရှိ စစ်သုံ့ပန်းအကျဉ်းသား ၈၀ ဝန်းကျင် လက်နက်ခဲယမ်းများလုယူပြီး ထွက်ပြေးလွတ်မြောက်

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်နယ်မြေ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှ ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက်၁ နာရီခန့်တွင် စစ်သုံ့ပန်းအကျဉ်းသား ၈၀ ဝန်းကျင်ခန့်သည် လက်နက်ခဲယမ်းများ လုယူပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း...

ကော့ကရိတ် အောက်ဘိုတဲလမ်းပိုင်းတိုက်ပွဲ စစ်အုပ်စုက လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်း အောက်ဘိုတဲ၊ နောင်ကိုင်း လမ်းပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လေကြောင်းပစ်ကူဖြင့် ဖျက်အားပြင်း ဗုံးသီးများ ကြဲချတိုက်ခိုက်နေကြောင်း တော်လှန်ရေး မြေပြင်သတင်းအရင်းအမြစ်ဘက်က ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထားသော အောက်ဘိုတဲ၊...

ကျုံဒိုး/ကော့ကရိတ်ရှိ စစ်အုပ်စုတပ်ရင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်စားလှယ်လောင်းမသိဘဲ ကြံ့ခိုင်ရေးပါတီကို ကြိုတင်မဲထည့်ခိုင်းစေ

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၃ အတွက် ကြိုတင်မဲထည့်ရာတွင် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများအား သိရှိခြင်းမရှိဘဲ...

ဘီးလင်းမြို့နယ် ကရင်လူငယ်အစည်းအရုံး (၄) ကြိမ်မြောက် ကွန်ဂရက် ပြီးစီး၊ ခေါင်းဆောင်သစ်များ တင်မြှောက်

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကရင်လူငယ်အစည်းအရုံး (KYO) ၏ (၄) ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပခဲ့ပြီး ခေါင်းဆောင်သစ်များကို ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၃...

ထိုင်းနိုင်ငံတွင် မော်တော်ယာဥ်တစ်စီး မြေကျွံကျမှုဖြစ်ပွား

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ စမွန်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ(၁၇)ရက်၊ မနက်(၇)နာရီဝန်းကျင်အချိန်က လမ်းမကြီးပေါ်သွားလာနေသည့် မော်တော်ယာဥ်တစ်စီး ရုတ်တရတ်မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများဖော်ပြချက်အရ သိရသည်။ အဆိုပါမော်တော်ယာဥ်မှာ မြေပြင်အောက် ၁.၅ မီတာရှည်လျားပြီး လျှပ်စစ်ကြိုးများမြှုပ်နှံရာတွင်း အပေါ်မှဖုံးအုပ်ထားသည့် သံပြား၏အလေးချိန်ကိုမခံနိုင်ဘဲ ညာဘက်ယာဥ်ဦးခေါင်းပိုင်း ကျွံကျသွားခြင်းဖြစ်သည်။...

ဒူးပလာယာခရိုင်ရှိ ပြည်သူများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ မြို့နယ် အသီးသီးရှိ ပြည်သူလူ ထုများသည် အာဏာသိမ်းစစ်တပ်မှ ပြုလုပ်သည့် အတုအယောင် ရွေးကောက် ပွဲအား ဆန့်ကျင်ရေး အစီအစဉ်ကို တစ်ခရိုင်လုံး အတိုင်းအတာဖြင့် ဇန်နဝါရီလ ၉ ရက်၊ နံနက်...

မဲဆောက်ဈေးတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း–မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု ဈေးရောင်းချနေကြသည့် “အပေါ်ဈေး” ဟု လူသိများသော ဈေးကြီးအတွင်း ယခုရက်ပိုင်းများတွင် ထိုင်းအာဏာပိုင်များက ဆက်တိုက် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံခြားသားအလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသော အလုပ်အကိုင်များကို စစ်ဆေးရန်...

ခွဲကဘောင်ကျောင်း အဆောင်သစ် လွှဲပြောင်းပွဲ၌ စာကြည့်တိုက်ဖွင့်လှစ်ပွဲ ကျင်းပ

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ခွဲကဘောင် ရွှေ့ပြောင်းအထက်တန်းကျောင်း၏ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ပွဲအစီအစဉ်ကို ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဖွင့်လှစ်လိုက်သည့် စာကြည့်တိုက်တွင် ကလေးငယ်အရွယ်မှစ၍ လူငယ်လူရွယ် အထက် တန်းလွန်အဆင့်ထိ ဖတ်ရှုသင်ယူ...

မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စစ်အုပ်စု စွပ်စွဲမှု KNU တုံ့ပြန်

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချနေကြောင်း စစ်အုပ်စုဘက်က စွပ်စွဲပြောဆိုမှုအပေါ် ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီးက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ်အတွင်း ငွေကျပ်...

စစ်အုပ်စုတပ်ကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ဟု BWU ပြော

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက် နက်ကြီး ပစ်ခတ်ခြင်းများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး (၇၉၂) ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s...
Donate