Home Authors Posts by KIC News

KIC News

22363 POSTS 0 COMMENTS

ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်ရှောင်စခန်း၌ ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလိုအပ်နေ

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် ယခုတလော စစ်ရှောင် ပြည်သူများအကြား ရာသီတုပ်ကွေးဖြစ်ပွားမှုများလာပြီး ဆေးဝါးလိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်း ကျန်းမာရေးတာဝန်ခံထံမှ သိရသည်။ ယခု ဆောင်းရာသီကာလဖြစ်၍ ရာသီဥတု အအေးဒဏ်ကြောင့် အသက်လတ်ပိုင်း အရွယ်များအပြင် ကလေး...

ခလယ်လွီထူခရိုင်တွင် စစ်မှုထမ်းစုဆောင်းခံရသူ (၇) ဦး KNDO ထံခိုလှုံ

ဇန်နဝါရီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၃) ထံသို့ စစ်အုပ်စုကစစ်မှုထမ်းရန်အတင်းအကြပ်ခိုင်း‌စေခံရသူ (၇) ဦး၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။ အသက်(၂၀)မှ(၄၀)ဝန်းကျင်ကြားရှိ သီဟဝင်း၊ ဆက်နိုင်၊ မြင့်တင်၊ အောင်ကို၊...

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိအတွက် ခွဲကဘောင် ကရင်အမျိုးသားကျောင်းမှ ကျောင်းသူ/သားများ စုပေါင်းသွေးလှူဒါန်း

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဇန်နဝါရီလ ၂၀ ရက်က လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိ လူနာ၏ သွေးလိုအပ်ချက်အတွက် ခွဲကဘောင်ကရင် အမျိုးသား အထက်တန်းကျောင်းမှ ကျောင်းသား/သူများက သွားရောက် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။ သေနတ်သမား၏...

KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း

“ဖာပွန်မြို့က ကျနော်တို့ ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားတယ်။” ဗိုလ်မှူးချုပ်စောဂီနွီး KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း ဇန်နဝါရီ ၂၁ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုဗျူဟာကြောင့် မြေပြင်စစ်ကြောင်းများတိုးမပေါက်နိုင်ဘဲ လေကြောင်းကိုသာအားထားနေရသည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး တပ်မဟာ(၅)နယ်မြေအတွင်း စစ်အုပ်စုအာဏာသိမ်းထားသည့်တစ်လျှောက် KNLA၏ စခန်းသိမ်းပိုက်နိုင်မှုအခြေအနေ၊ တဖက်တွင်လည်း...

ရွေးကောက်ပွဲလုပ်မည့်ကော့ကရိတ်တွင် တိုက်ပွဲရက်ဆက်ဖြစ်

ဇန်နဝါရီ (၂၁) ရက်၊၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊‌ကော့ကရိတ်မြို့နှင့်အနီးတဝိုက်တွင် ယမန်နေ့(ဇန်နဝါရီလ ၂၀ရက်နေ့)အထိ စစ်အုပ်စုနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ နေ့စဥ်ရက်ဆက် အပြင်းအထန်ဖြစ်ပွားနေကြောင်း ကော့ကရိတ်ဒေသခံများကပြောသည်။ တိုက်ပွဲများအတွင်း ကော့ကရိတ်မြို့အခြေစိုက်ထားသည့်စစ်အုပ်စုဘက်က ကော့ကရိတ်မြောက်ပိုင်းနှင့်တောင်ပိုင်းကျေးရွာများကို လက်နက်ကြီးနှင့်ဒရုန်းများ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေသည်ဟု စစ်ရှောင်နေရသည့်ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်သံနေ့တိုင်းလိုလိုကြားနေရတယ်။ စစ်တက်ဘက်ကလည်း ကော့ကရိတ်မြို့ မြောက်ပိုင်းရော၊ တောင်ပိုင်းရော...

လောင်းလုံးတွင် မဲစာရင်းလာကောက်ချိန် ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီး အရပ်သား(၃)ဦးသေဆုံး

ဇန်နဝါရီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် စစ်အုပ်စုလုံခြုံရေးယူပေးသည့်အဖွဲ့ မဲစာရင်းလာကောက်ချိန် ယမန်နေ့(ဇန်နဝါရီလ ၂၀ရက်နေ့)က ဒရုန်းဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ဒေသခံအမျိုးသမီး(၃)ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့ခံအသိုင်းအဝိုင်းမှသိရသည်။ ဒရုန်းဗုံးကျချိန် စခန်းကြီးကျေးရွာအတွင်း နေအိမ်နှစ်အိမ်တွင်ရှိနေသည့် အသက်ပြည့်ပြီးသူအမျိုးသမီး(၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အသက်မပြည့်သေးသောကလေးအပါအဝင် နောက်ထပ်(၂)ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု...

ပြည်တွင်းစစ် သို့မဟုတ် စစ်အုပ်စုရဲ့ ကိုးကွယ်ဆည်းကပ်ရာ

ပြည်တွင်းစစ် သို့မဟုတ် စစ်အုပ်စုရဲ့ ကိုးကွယ်ဆည်းကပ်ရာ မောင်ကျော်စွာ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်) မင်းအောင်လှိုင် စစ်အုပ်စုက ဇန်နဝါရီလ ၁၃ရက်နေ့ကနေ ၁၅ရက်နေ့အထိ “လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆” ဆိုတာကို “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ဆိုတဲ့ဆောင်ပုဒ်နဲ့...

ထိုင်းရဲ ပစ်ခတ်သူ၏ အဝတ်အစားနှင့် သေနတ်ကို တွေ့ရှိ၊ တရားခံဖမ်းမိရေး ပိုက်စိပ်တိုက်ရှာ ဖွေနေ

ဇန်နဝါရီ ၂၁ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ၏ သေနတ်နှင့် အဝတ်အစားများကို ယနေ့နံနက်တွင် ကြံစိုက်ခင်းတစ်နေရာ၌ ထိုင်းအာဏာပိုင်အဖွဲ့က သိမ်းဆည်းရမိသည်ဟု ဒေသတွင်း ထိုင်းသတင်းများတွင်...

မဲဆောက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိရေး တပ်လှန့်ရှာဖွေနေ

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်တွင် ယနေ့ ဇန်နဝါရီ ၂၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန်က ထိုင်းရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးလွတ်မြောက်နေသူအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က တပ်လှန့်ပြီး ရှာဖွေနေကြောင်း...

တစ်လကျော်ကြာ ပိတ်ထားသည့် မြဝတီတောင်ပိုင်း သောင်ရင်းမြစ် ကမ်းကူးဂိတ်တချို့ ပြန်ဖွင့်

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့် ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် ကမ်းကူးလှေဂိတ်တချို့ကို ဇန်နဝါရီ (၁၃) ရက်နေ့မှစ၍ ပြန်ဖွင့်နေပြီဖြစ်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်ပြီး...
Donate