KIC News
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အပေါ် PPST အထူးအစည်းအဝေးပြုလုပ်
မေလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အပေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အနေဖြင့် ယနေ့ မေလ ၆ ရက်နေ့မှစ၍ အထူးအစည်းအဝေးပွဲ ခေါ်ယူကျင်းပနေကြောင်း သတင်းထုတ်ပြန်ထားသည်။...
KNU တပ်မဟာ ၅ တွင် ဧပြီလအတွင်း တိုက်ပွဲ ၃၀၀ ကျော်တွင် စစ်ကောင်စီ ၂၀၀ နီးပါးနှင့်...
မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၌ ဧပြီလတစ်လအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၂၀၀ နီးပါးနှင့် KNLA ဘက်က ၃ ဦးကျဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅)က ထုတ်ပြန်သည့် လစဉ်တိုက်ပွဲစာရင်းချုပ်အရ...
BGF ၏ ဖမ်းဆီးခြင်းခံရသည့် ဒေသခံရွာသားများ စစ်ကောင်စီအတွက် ပေါ်တာအဖြစ် ပို့ဆောင်ခြင်းခံရ
မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
သံလွင်မြစ်အနောက်ခြမ်းရှိ ကျေးရွာ (၈)ရွာတွင် ယခု မေလဆန်း ၁ ရက်နေ့က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၄) တပ်ရင်း၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဒေသခံကျေးရွာသား ၁၀၀ ဦးဝန်းကျင်ထဲမှာ ၅၀ ဦးခန့်ကို စစ်ကောင်စီတပ်၏...
ထန်းတပင်မြို့နယ်ရှိ PDF တပ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး လက်နက်အချို့ပါသွား
မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်၊ တပ်မဟာ(၂) နယ်မြေ(ပဲခူးတိုင်းဒေသကြီး )ထန်း တပင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF စခန်းတစ်ခုကို ယမန်နေ့ မေလ (၄)ရက်နေ့တွင် စစ်ကောင်စီတပ်၏ အင်အားသုံးဝင်ရောက်တိုက်ခိုက်ခံရသည့်အတွက် လက်နက်အချို့ပါသွားသည်ဟု သိရသည်။
ယမန်နေ့ ညနေ (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်အင်အား...















