Home Authors Posts by KIC News

KIC News

22363 POSTS 0 COMMENTS

စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့ ဖျက်ဆီးမှုကြောင့် ဘီးလင်းကရွာ(၃)ရွာထက်မနည်း နေအိမ်မပြန်ရဲ

ဖေဖော်ဝါရီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်၊ ညောင်ထောက်၊ အလူးကြီး စသည့်ကျေးရွာများတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့မှစပြီး စစ်အုပ်စုစစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့၊ ဖျက်ဆီးမှုများလုပ်နေ၍ ရွာခံများ ယနေ့အထိနေအိမ်မပြန်ရဲကြောင်း ဘီးလင်းဒေသသတင်းအရင်းအမြစ်မှ သိရသည်။ စစ်ကြောင်းဝင်နေသည့် ဖေဖော်ဝါရီ(၇)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ ညောင်ထောက်ရွာ၌တိုက်ပွဲဖြစ်ပွားပြီး...

မူတြော်ခရိုင်တွင် တစ်လအတွင်း တိုက်ပွဲပေါင်းရာချီရှိခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၃၀) ကျော် သေဆုံး

ဖေဖော်ဝါရီ (၁၀)ရက်၊ ၂၀၂၆ ခုနှစ်‌။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ-၅ နယ်‌မြေတွင် ပြီးခဲ့သည့်ဇန်နဝါရီတစ်လအတွင်း စစ်အုပ်စုနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များ တိုက်ပွဲ‌ဖြစ်ပွားသည့်အကြိမ်ရေ(၁၂၆)ကြိမ်ရှိခဲ့ပြီး စစ်‌အုပ်စုတပ်ဖွဲ့ဝင်(၃၄)ဦး သေဆုံးခဲ့‌ကြောင်း တပ်မဟာ(၅)ထုတ်ပြန်ချက်အရ သိရသည်။ ကေအဲန်ယူ၏လချုပ်စာရင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီတစ်လလုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်‌အုပ်စုတပ်ဖွဲ့ဝင် (၃၄)ဦးသေဆုံး၍ (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သွားခြင်းဖြစ်ပြီး လက်နက်နှစ်လက်နှင့် ၁၂၀...

တစ်ပတ်အတွင်း မိုင်းနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင်ခရိုင်တွင် ဒေသခံ(၂)ဦးသေဆုံး၊ (၇)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ လယ်ဒို(ကျောက်ကြီး)၊ မူး(မုန်း)နှင့်ဆောထိ(ရွှေကျင်)မြို့နယ်တို့တွင် ဖေဖော်ဝါရီ(၃)ရက်နေ့မှ(၈)ရက်နေ့အထိ စစ်အုပ်စုမိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦးသေဆုံးပြီး လသားအရွယ်ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ(၃)ရက်နေ့နှင့်(၇)ရက်နေ့က မုန်းမြို့နယ်၊ သစ်ဖြူဆိပ်ရွာနှင့် ပျဥ်ရေကျေးရွာတို့တွင် စစ်အုပ်စုကဒရုန်းဗုံးတိုက်ခိုက်မှုနှင့် ဂျက်ဖိုက်တာဖြင့်ဗုံးလေးလုံးကြဲချမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့်...

ကော့ကရိတ်တစ်ခွင် ဒရုန်းများသုံး၍ စစ်အုပ်စုနေ့စဥ်ဗုံးကြဲနေ

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ခုနှစ်။‌ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း၊မြောက်ပိုင်းတစ်ခွင် ကျေးရွာများတွင် ယခုရက်ပိုင်း စစ်အုပ်စုက ဒရုန်းများအသုံးပြု၍ ဗုံးကြဲမှုနေ့စဥ်လုပ်ဆောင်နေကြောင်း ကော့ကရိတ်နယ်ခံတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ယခင်ကတည်းက ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီးနှင့်ဒရုန်းများ စစ်အုပ်စုကပစ်ခတ်မှုရှိသော်လည်း ယခုရက်ပိုင်း ဒရုန်းအသုံးပြု ဗုံးကြဲချမှုနေ့စဥ်လိုလိုရှိနေသည်ဟု သိရသည်။ "ဒီရက်ပိုင်းမှာပိုများလာတာ။ မနက်တစ်ကြိမ်...

မြိုင်ကြီးငူဆေးရုံနား လက်နက်ကြီးကျပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ၊ ဇီဇဝါမြိုင်ရပ်ကွက်ရှိ မြိုင်ကြီးငူတိုက်နယ်ဆေးရုံအနီး ယနေ့(ဖေဖော်ဝါရီ ၉ရက်) မနက် ၇ နာရီဝန်းကျင်က လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦးဒဏ်ရာရပြီး ဆေးရုံအဆောက်အဦးလည်း ထိခိုက်ပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအသိုင်းအဝိုင်းကပြောသည်။ “ဟိုဘက်ကမ်းကမြိုင်ကြီးငူမှာ ပေါက်ကွဲသံကြားလိုက်ရတယ်။ ဆေးရုံထိတယ် ကလေးတစ်ယောက်လည်းထိတယ်လို့ပြောတယ်” ဟု...

စစ်အုပ်စုယူဆထားသည့် ဖလူးဒေသ KNLA စခန်းကုန်းနေရာများ လက်နက်ကြီးပစ်ခတ်ခံနေရ

ဖေဖော်ဝါရီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးဒေသသို့ စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်စခန်းဟု ယူဆရသည့်နေရာများကို ဖေဖော်ဝါရီ(၈)ရက်နေ့၊ ညပိုင်းကတည်းက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ ယမန်နေ့မှ လက်ရှိသတင်းရေးသားချိန် မွန်းလွဲပိုင်းအထိ ဖလူးဘက်ကို လက်ခတ်တောင်ဘုရားကုန်းနေရာမှစစ်အုပ်စုက ဟောင်ဝှစ်ဇာ...

ဖားအံမြို့တွင် လိုင်စင်မဲ့ယာဥ်ထပ်ဖမ်း၊ ထိုင်းကုန်စည်သယ်ဆောင်မှုများ စစ်ဆေးနေ

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးမှုကို ထပ်မံလုပ်ဆောင်နေပြီး တရားမဝင်ထိုင်းကုန်ပစ္စည်းသယ်ဆောင်မှုကိုပါ စစ်ဆေးနေကြောင်း မြို့ခံများပြောပြချက်အရသိရသည်။ ဖားအံမြို့တွင် ပြီးခဲ့သည့် ၂၀၂၅၊ ဒုတိယနှစ်ဝက်အတွင်း စစ်အုပ်စုက အရပ်သားပိုင် လိုင်စင်လျှောက်မထားသော မော်တော်ယာဥ်များကိုဖမ်းဆီး ငွေတောင်းခံခြင်းပြုလုပ်ခဲ့သည်။ ယခုတစ်ခေါက်တွင်လည်း (၃)လစီမံချက်ဖြင့်...

လူသောမြို့နယ်တွင် လေယာဥ်ဗုံးကြဲမှုကြောင့် အသက်မပြည့်သေးသောကလေးတစ်ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး

ဖေဖော်ဝါရီ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ သေးမီဒဲကျေးရွာအုပ်စုသို့ ဖေဖော်ဝါရီလ(၇)ရက်နေ့က စစ်အုပ်စုမှ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်(၁၆)နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီးသွားကြောင်း တပ်မဟာ(၅)ကေအဲန်ယူနှင့်ဒေသသတင်းအရင်းအမြစ်မှ သိရသည်။ ထိုနေ့၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအကြားတွင် စစ်အုပ်စုကလေယာဥ်ဖြင့်ဗုံးကြဲချခဲ့ဖြစ်ပြီး ရွာသားစိုက်ပျိုးလုပ်ကိုင်ရာနေရာနှင့် ဈေးဆိုင်နေရာတို့၌ကျရောက်ပေါက်ကွဲခဲ့သည်။...

စစ်လက်နက်အကြွင်းအကျန်ကြောင့် ကမမောင်းတွင် ကလေးငယ်(၁)ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်းမြို့ပေါ်နေ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၆)ရက်နေ့က စစ်လက်နက်အပိုင်းအစတစ်ခုကိုကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မိသားစုနှင့်ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်၊ တံတားဦးကုန်းနေ စတုတ္ထတန်းကျောင်းသူမှာ ထိုနေ့ညနေ (၃) နာရီဝန်းကျင်က မပေါက်ကွဲသေးဘဲမြေတွင်ကျန်နေသည့် စစ်လက်နက်အကြွင်းအကျန်ကို...

လက်နက်ကြီးထိမှန်၍ သံတောင်ကြီးဒေသခံကလေးမိခင် ပွဲချင်းပြီးသေဆုံး

ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ဒေါဖာခို(သံတောင်)မြို့နယ်နေ အသက်(၃၈)နှစ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦး ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၃)ရက်နေ့က လက်နက်ကြီးထိမှန်၍ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကေအဲန်ယူက ယနေ့သတင်းထုတ်ပြန်သည်။ လိပ်သိုမြို့နယ်ခွဲ ထုံးဘိုကြီးရွာအခြေစိုက်စစ်အုပ်စုတပ်စခန်းမှ ဖေဖော်ဝါရီ(၃)ရက်နေ့မနက်ပိုင်းက ဖိုးဝါးချောင်းကျေးရွာသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် နော်နီကမွီးဆိုသူ ကလေးနှစ်ယောက်မိခင်မှာ နေရာတွင်ပင် ကျည်စထိမှန်ဒဏ်ရာဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု...
Donate