KIC News
ကော့ကရိတ် မောင်းမရွာတိုက်ပွဲတွင် စစ်တပ် အကျအဆုံးများပြီး တပ်ပြန်ဆုတ်
နိုဝင်ဘာ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မောင်းမရွာ၌ တော်လှန်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အကျအဆုံးပိုများပြီး တပ်ပြန်ဆုတ်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
စစ်တပ်က ကော့ကရိတ်-ကျိုက်ဒုံလမ်းပိုင်းနှင့် ရေကျော်ကြီးရွာ ဘက်မှ...
ကရင်အမျိုသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
“လက်နက်ကိုင်နည်းနဲ့ တိုက်လာတာက များနေပြီး၊ ဒါပေမယ့် မအောင်မြင်ဘူး”
ကရင်အမျိုသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် ပြင်ဆင်နေသည့် ကရင်ပြည်နယ်အတွင်း ပါတီနိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝသည့် ကရင်အမျိုးသားပါတီ၏...
“ကော်သူးလေ” ထူထောင်ရေးနှင့် ခေါင်းဆောင်မှု မြှင့်တင်ရေး အလွှာစုံကရင်လူငယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့
နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဒေသအသီးသီးမှ အလွှာစုံကရင်မျိုးဆက်ခေါင်းဆောင် လူငယ်များပါဝင်သည့် ဒုတိယအကြိမ်မြောက် (Karen Intergenerational Leadership Conference-KILC) တွေ့ဆုံမှုတွင် “ကော်သူးလေ” ထူထောင်ရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ထိုတွေ့ဆုံမှု၏ နိုဝင်လာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ...
အထူးအဖွဲ့ဖွဲ့စည်းပြီး နယ်စပ်အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းနှိမ်နင်းမည်ဟု ကေအဲန်ယူ ကြေညာ
နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များပါဝင်သော အထူးအဖွဲ့ကိုဖွဲ့စည်းပြီး ထိုင်း-မြန်မာ မြဝတီနယ်စပ်ဒေသက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နင်းရေးတွင် နိုင်ငံတကာနှင့် အတူ ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ယမန်နေ့(နိုဝင်ဘာ ၂၀)ရက်နေ့တွင် ကေအဲန်ယူ ထုတ်ပြန်ကြေညာလိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၁၂)ရက်နေ့က ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန် အမေရိကန်က အွန်လိုင်းငွေလိမ်စင်တာများ...
စစ်အုပ်စုက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို လက်နက်သဖွယ်အသုံးပြုနေကြောင်း MIP ထောက်ပြ
နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရွေးကောက်ပွဲဖြစ်မြောက်ရေး နှောင့်ယှက်ဟန့်တားသူများအား ထောင်ဒဏ်မှသေဒဏ်အထိ ချမှတ်နိုင်သည့် ဥပဒေကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေကြောင်း မြန်မာအင်တာနက်ပရောဂျက်-MIP က နိုဝင်ဘာ ၁၉ ရက်နေ့အစီရင်ခံစာတွင် ထောက်ပြသည်။
ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြောလှုံ့ဆော်စည်းရုံးခြင်းနှင့် ဖြန့်ချိခြင်း၊ ဆန္ဒပြခြင်းတို့မပြုလုပ်ရန် ထို ဥပဒေကတားမြစ်ထားပြီး ကျူးလွန်သူများကို...
မုန်းတွင် စစ်သား ၃ ဦး ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံ
နိုဝင်ဘာ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ မူး(မုန်း) မြို့နယ်တွင် စစ်တပ် ခြေမြန် တပ်ရင်း (ခမရ-၅၈၁) မှ တပ်သား ၃ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၈)ထံသို့ ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။
ဘက်ပြောင်းခိုလှုံလာသူများမှာ အသက်...














