KIC News
ထိုင်းဘက်ခြမ်းအထိ ကျည်ဆန်ရောက်၍ မယ့်ကိုကင်းရွာနေထိုင်သူများ ကျည်ကွယ်ရာမှနေအိမ်မပြန်ရဲ
ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက် တိုက်ပွဲများအတွင်း သောင်ရင်းမြစ်အစပ်၊ ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းရွာအထိ ကျည်ဆန်ရောက်၍ ကျည်ကွယ်ရာ ရွာအပေါ်ဘက်နေရာများသို့ ပြောင်းရွှေ့နေထိုင်သည့် ဒေသခံနှင့်စစ်ရှောင်အများစု နေအိမ်မပြန်ရဲသေးကြောင်း နယ်စပ်နေသတင်းအရင်းအမြစ်က ပြောသည်။
စစ်အုပ်စုက ဝေါလေဘက်သို့ထိုးစစ်ဆင်နိုင်ရန် ဖလူးနှင့်မင်းလက်ပံဒေသမှတဆင့် စစ်ကြောင်းဖြန့်ဝင်နိုင်ရေး ကြိုးပမ်းလာခြင်းဖြစ်ပြီး...
ကော်သူးလေချာတာရေးဆွဲမှုနှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့်တွေ့ဆုံမေးမြန်းခြင်း
“ကေအဲန်ယူက Document ကို develop လုပ်တယ်။ အဲဒါကိုအခြေခံပြီးတော့ ပါဝင်ရမယ့်အစုအဖွဲ့ ကိုယ်စားလှယ်ကနေ Zero Draft ကို စဆွဲနေပြီ။ သူ့ရဲ့ Process တစ်ဆင့်ရသွားပြီဆိုရင် နောက်ဆုံးအတည်ပြုတဲ့အဆင့်ကိုရောက်သွားမယ်။” ပဒို စောအယ်ကလူစေး၊ KNU ဗဟို အလုပ်အမှုဆောင်ကော်မတီ
ကော်သူးလေချာတာရေးဆွဲမှုနှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဖေဖော်ဝါရီ...
တပ်မဟာ(၁)စစ်ရှောင် ၆,၀၀၀ ကျော် စားနပ်ရိက္ခာလိုအပ်
ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထို(ဘီးလင်း)မြို့နယ်တွင် စစ်အုပ်စုစစ်ကြောင်းအပြိုင်ထိုးမှုကြောင့် ဖေဖော်ဝါရီလဆန်းကတည်းက စစ်ရှောင်နေရသည့် ကျေးရွာ(၈)ရွာနေ ဒေသခံပြည်သူ(၆,၀၀၀)ကျော် စားနပ်ရိက္ခာအဓိကလိုအပ်နေကြောင်း ကေအဲန်ယူနှင့်စစ်ဘေးရှောင်ကူညီသူ သတင်းအရင်းအမြစ်မှ သိရသည်။
ဖေဖော်ဝါရီ(၅)ရက်နေ့မှစ၍ ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းထိုးမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အလူးကြီး၊ ရှမ်းစု၊...
ဒုက္ခသည်စခန်းရှိ Standard အုပ်စုပါဝင်သူများကို ဖေဖော်ဝါရီလမှစပြီး ရိက္ခာဖြတ်
ဖေဖော်ဝါရီ၊ (၁၂) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာအကူအညီလျော့နည်းလာသောကြောင့် ယခု ဖေဖော်ဝါရီလမှစတင်၍ သာမာန်ဝင်ငွေအနည်းငယ်ရှိသည့် Standard Household (STD) အုပ်စုပါဝင်သူများကို ရိက္ခာစတင်ဖြတ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှသိရသည်။
ဒုက္ခသည်များကို စားနပ်ရိက္ခာပံ့ပိုးပေးရန် ရံပုံငွေလုံလောက်စွာမရရှိတော့သဖြင့် ၂၀၂၆ ခုနှစ်တွင် ရိက္ခာထပ်မံလျှော့ချမည်ဟု TBC(The Border...
ဝေါလေတွင် လေကြောင်းတိုက်ခိုက်မှုပြင်းထန်၍ ဒေသခံများ ထိုင်းဘက်စစ်ရှောင်နေရ
ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဝေါ လေမြိုင်မြို့နယ်ရှိ စစ်အုပ်စုဗျူဟာကုန်းနေရာတဝိုက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၈)ရက်နှင့် (၉)ရက်နေ့က Y12နှင့် ဂျက်တိုက်လေယာဉ်များအသုံးပြုပြီး စစ်အုပ်စုက အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံများ ထိုင်းနိုင်ငံဘက်စစ်ရှောင်နေရကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။
ဝေါလေဗျူဟာကုန်းနေရာ၌ ဇန်နဝါရီ(၃၁)ရက်နေ့ကစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး...
တိုက်ပွဲရေချိန်မြင့်နိုင်၍ ပြည်သူများ လုံခြုံရေးသတိထားကြရန် ဒူးပလာယာခရိုင်ဥက္ကဌ အသိပေး
ဖေဖော်ဝါရီ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏နယ်မြေထိုးစစ်ဆင်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် လုံခြုံရေး၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်၊ သတိထားကြရန် ခရိုင်ဥက္ကဌ ပဒိုစောလစ္စတန်က လူထုထံအသိပေးပြောဆိုသည်။
ပြီးခဲ့သည့်အပတ်ကတည်းက ကရင်ပြည်နယ်အတွင်း စစ်အုပ်စုအင်အားအလုံးအရင်းလိုက် တက်လာပြီးနောက် ဒူးပလာယာခရိုင် ကေအဲန်ယူအုပ်ချုပ်နယ်မြေတွင် စစ်ရေးနယ်မြေပိုမိုကျယ်ပြန့်လာမည့်အပေါ် လူထုစိုးရိမ်မှုမြင့်တက်နေသည်။...
မြိုင်ကြီးငူဆေးရုံ လက်နက်ကြီးပစ်ခံရမှု စစ်အုပ်စုအကြံအစည်ဟု KNU တပ်မဟာ(၅)ပြော
ဖေဖော်ဝါရီလ၊ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံသို့ ဖေဖော်ဝါရီလ (၉)ရက်နေ့က လက်နက်ကြီးပစ်ခတ်ခံရသည့်အပေါ် စစ်အုပ်စုမှ ပြဿနာရှုပ်ထွေးလာစေရန် ဖန်တီးနေခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောသည်။
လက်နက်ကြီးကြောင့် မြိုင်ကြီးငူဆေးရုံနေရာ အဆောက်အအုံအချို့ပျက်စီး၍ ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်တွင် စစ်တပ်ထောက်ခံသည့်မီဒီယာများနှင့်...
ကရင်အမျိုးသားနေ့တောင်းဆိုချက်များကို လက်ဆင့်ကမ်းပုံဖော်ရမည်ဖြစ်ကြောင်း ကေအဲန်ယူဥက္ကဌ တိုက်တွန်း
ဖေဖော်ဝါရီ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးတို့၏စည်းလုံးညီညွှတ်မှုကိုပြသနိုင်ခဲ့သည့် ကရင်အမျိုးသားနေ့၏ တောင်းဆိုချက်များကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး အနာဂတ်တွင်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)ကျရောက်သည့် (၇၈)ကြိမ်မြောက် ကရင်အမျိုးသားနေ့မိန့်ခွန်းအတွင်း တိုက်တွန်းပြောဆိုသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းရေးနှင့်အတူယှဥ်တွဲနေထိုင်ရေးကို ဖော်ညွှန်းသောတောင်းဆိုချက်(၄)ရပ်ဖြင့် ကရင်အမျိုးသားနေ့စတင်ဖြစ်ပေါ်လာသည့် ၁၉၄၈ ခုနှစ်၊...
ဒူးပလာယာခရိုင် နယ်မြေစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းချက်
“ဖိနှိပ်မှုနဲ့စစ်နဲ့ပဲ အုပ်ချုပ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းမှုမရနိုင်ဘူး။ စစ်အုပ်စုက တိုက်ပွဲတွေကို မဖြစ်မနေလုပ်တဲ့အခါကျတော့ ကျနော်တို့က ကာကွယ်တဲ့အနေနဲ့တိုက်ပွဲဖြစ်နေမှာပဲ။” ပဒိုစောလစ္စတန်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ
ဒူးပလာယာခရိုင် နယ်မြေစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းချက်
ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေများတွင် ...
Kawthoolei Art School ပန်းချီဒီပလိုမာသင်တန်းအတွက် ကျောင်းသူ၊ကျောင်းသားသစ် ခေါ်ယူနေ
ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art School ၏ ပန်းချီဒီပလိုမာ (Fine Art Diploma) သင်တန်းအတွက် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်ပြီး ကျောင်းသူ၊ ကျောင်းသားသစ်များ ခေါ်ယူလက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...














