Home Authors Posts by KIC News

KIC News

22363 POSTS 0 COMMENTS

ဖားအံ-ကော့ကရိတ်လမ်းပေါ် ကျေးရွာအချို့တွင် စစ်အုပ်စုတပ်စွဲထားသဖြင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်

ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့မှ ကော့ကရိတ်ဘက်သွားသည့်လမ်းမကြီးပေါ်ရှိ နောင်လုံအပါအဝင် ကျေးရွာ(၃)ရွာထက်မနည်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှစပြီး စစ်အုပ်စု ဝင်ရောက်တပ်စွဲမှုများလာသဖြင့် စစ်ဘေးအန္တရာယ်ကျရောက်မည့်အရေး စိုးရိမ်မှုမြင့်တက်နေကြောင်း ရွာခံလူထုပြောပြချက်အရ သိရသည်။ ကျေးရွာတာဝန်ရှိသူများထံကြိုတင်အသိပေးမှုမရှိဘဲ စစ်အုပ်စုက အင်အား(၃၀)ဝန်းကျင်ရှိ ၎င်းတို့တပ်ဖွဲ့ဝင်များအပါအဝင် မိသားစုဝင်ဟုယူဆရသူများကိုပါခေါ်ဆောင်ပြီး စစ်သုံးမော်တော်ယာဥ်များဖြင့် ထိုရွာများသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်...

ဖာပွန်ဗျူဟာစခန်းသိမ်းတိုက်ပွဲအရှိန်မြင့်လာ၍ စစ်အုပ်စုက တကျော့ပြန်လေကြောင်းပစ်ကူပေး

ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အခြေချ စစ်အုပ်စုဗျူဟာစခန်းကုန်း သိမ်းနိုင်ရေးကြိုးပမ်းနေသည့် တော်လှန်ရေးတပ်များက ဖေဖော်ဝါရီ(၅)ရက်နေ့မှစပြီး ‌တိုက်ပွဲအရှိန်မြှင့်လာသဖြင့် စစ်အုပ်စုက တကျော့ပြန်လေကြောင်းပစ်ကူပေးနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ခုနှစ်က ဖာပွန်မြို့ပေါ်ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၃၄၃ နှင့်ခြေလျှင်တပ်ရင်း...

အလုပ်အကိုင်ကွဲလွဲမှုကြောင့် မဲဆောက်တွင် မြန်မာအလုပ်သမား(၅၀)ဝန််းကျင် ဒဏ်ငွေရိုက်ခံရ

ဖေဖော်ဝါရီီ (၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပန်းရောင်ကတ်ပါ အလုပ်အကိုင်နှင့်လက်တွေ့အလုပ်အကိုင် ကွဲလွဲမှုကြောင့် ဇန်နဝါရီလ(၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၆)ရက်နေ့အထိ မြန်မာရွှေ့‌ပြောင်းအလုပ်သမား (၅၀) ဝန််းကျင် ဖမ်းဆီး၊ ဒဏ်ငွေရိုက်ခံရကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများထံမှ သိရသည်။ စီမံချက်ဖြင့် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးကြီးဝန်းကျင်ရှိ ပန်းဆိုင်တန်း၊ နတ်စင်လမ်း၊...

ကရင်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်မည်ဟု KNU/KNLA-PC ပြော

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းသောနည်းလမ်း၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်သာ ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်နေ့) တွင်...

Karen Refugee Committee Education Entity အတွင်းရေးမှူး စောထူးကပေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း

“အရင်က ပုံနှိပ်စာအုပ်ကို ၃ ယောက်တစ်အုပ် မျှပြီးကြည့်ရတယ်။ အခု အချိန်မှာတော့ ၅ ယောက်ကို တစ်အုပ် အဲလို ပြန်ကြည့်ရတယ်။” စောထူးကပေါ် KRCEE အတွင်းရေးမှူး Karen Refugee Committee Education Entity အတွင်းရေးမှူး စောထူးကပေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း ဖေဖော်ဝါရီ ၇ရက်၊ ၂၀၂၆ခုနှစ်။...

ကရင်နဲ့ စွမ်းအင်

ကရင်နဲ့ စွမ်းအင် မန်းကိုကို (ဖေဖော်ဝါရီ ၇ရက်၊ ၂၀၂၆) ‘လုံခြုံရေး’ပညာရပ်ကို လေ့လာတဲ့အခါ ‘စွမ်းအင်လုံခြုံရေး’ဆိုတဲ့ ကဏ္ဍကို ချန်ထားခဲ့လို့ မရပါဘူး။ ထိုနည်း တူပဲ စွမ်းအင်ထုတ်လုပ်ဖို့နဲ့ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိက အရင်းအမြစ်တွေ ဖြစ်တဲ့ ရေ၊ ရေနံ၊ ကျောက်မီးသွေး၊ ဓါတ်သတ္တုတွေရဲ့ အရေးပါမှုတွေကိုလည်း ကျော်သွားလို့...

ပြည်နယ်စစ်အုပ်စုက ကရင်လက်နက်ကိုင် ဂိတ်နေရာများကို ဆက်တိုက်လိုက်ပိတ်

ဖေဖော်ဝါရီ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်-BGF၊ DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC တပ်ဖွဲ့ တို့ဖွင့်လှစ်၊ လုံခြုံရေးယူထားသည့် ကမ်းကူးဂိတ်များ၊ ရွာချင်းဆက်မြို့ချင်းဆက်ဂိတ်များကို ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁)ရက်နေ့ကစပြီး လိုက်လံပိတ်ပင်မှု ပြည်နယ်စစ်အုပ်စုကလုပ်ဆောင်နေကြောင်း ကရင်ဒေသသတင်းအရင်းအမြစ်မှ သိရသည်။ စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့နီးစပ်သူပြောပြချက်အရ တရားဝင်ခွင့်ပြုမထားဘဲ ပြည်နယ်အတွင်း...

ဒေသအတွင်း အုပ်ချုပ်ရေး၊ တရားရေး၊ ဥပဒေပြုရေးများ၌ အမျိုးသမီးများ ပိုမိုပါဝင်ဦးဆောင်မှု တိုးမြှင့်ပေးရန် ကော်သူးလေအမျိုးသမီးများ တောင်းဆို

ဖေဖော်ဝါရီ ၆ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ကော်သူးလေနယ်မြေဒေသအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာကဏ္ဍများ၌ အမျိုးသမီး များ၏ ပိုမိုပါဝင်မှုနှင့် ဦးဆောင်မှုများကို အလေးထားဆောင်ရွက်ရန် ခရိုင်အဆင့် ကော်သူးလေအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲအပြီး ဖေဖော်ဝါရီလ ၆ရက် ယနေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။ “အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အများကြီးပဲ။ အုပ်ချုပ်ရေး၊...

မူး(မုန်း)တွင် စစ်အုပ်တပ်ပစ်ခတ်မှုကြောင့် ၉ နှစ်သားကလေးအပါအဝင် အရပ်သား (၃) ဦး သေဆုံး၊ လူနေအိမ် ၁၇ လုံး...

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူး(မုန်း)မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေး ငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး နေအိမ် (၁၇) လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု...

ထားဝယ်တွင် စစ်အုပ်စုဖမ်းဆီးထားသည့် အရပ်သား(၆)ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း DNLA ထုတ်ပြန်

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးနံဘေးမှာ တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များဖမ်းဆီးထားသော အရပ်သား(၆)ဦးကို ထားဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော်-DNLA လက်အောက်ခံမဟာမိတ်တပ်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ယမန်နေ့(ဖေဖော်ဝါရီ ၆ ရက်နေ့)ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၂၃)ရက်နေ့က ဇီးကျနှင့်ညှင်းထွေးရွာကြား ရိပ်သာနေရာ၌တပ်စွဲထားသော စစ်အုပ်စုအား...
Donate