KIC News
တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်စဉ်အတွင်း လူနေအိမ် ၄ လုံးမီးလောင်ပျက်စီးခဲ့
နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၂ခုနှစ်။ကေအိုင်စီ။
ကော့ကရိတ်မြောက်ပိုင်း တနေမူး(ခနိမ်းမူ)ကျေးရွာတွင် ဒေသခံတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်အတွင်း လူနေအိမ် ၄ လုံး လက်နက်ကြီးကျည်ထိမှန်၍ မီးလောက်ပျက်စီးသွားကြောင်း ဒေသခံ ရွာသူ၊ ရွာသားများက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ ကော့ကရိတ်တောင်ပိုင်း...
ကော့ကရိတ် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီပေး
နို၀င်ဘာ ၂ ရက်။ ၂၀၂၂ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ်အတွင်း စစ်ဘေးရှောင်လာသည့် ကော့ကရိတ်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် လိုအပ်သည့် အရေးပေါ်စား နပ်ရိက္ခာကို ယနေ့ နိုဝင်ဘာလ ၂ရက်နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWOနှင့် ဒေသခေါင်း ဆောင်များပူးပေါင်း၍ အကူအညီများပေးအပ်ခဲ့သည်။
အောက်တိုဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ၏ ကျေးရွာအတွင်း လက်နက်ကြီး...
ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာရသည့် ကော့ကရိတ် စစ်ဘေးရှောင် ၅,၀၀၀ ကျော်ရှိနေ
နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်း/ မြောက်ပိုင်းကျေးရွာများဘက်တွင် စစ်ကောင်စီစစ်ကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ဒေသခံ စစ်ရှောင်အရပ်သားပြည်သူ ၅,၀၀၀ ကျော်ရှိနေပြီဟု သိရသည်။
ယမန်နေ့ နို၀င်ဘာလ ၁ ရက်နေ့က ...
တော်လှန်ရေးအဖွဲ့များ၊ CDM ပြုလုပ်တိမ်းရှောင်လာသည့်၀န်ထမ်းများအား လက်ခံမထားရန် BGF ပြော
နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်၊ ကျုံဒိုးကျေးနယ်ဒေသကျေးရွာများဘက်နှင့် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များအတွင်းနေထိုင်ကြသည့် ဒေသခံများအနေဖြင့် တော်လှန်ရေးအဖွဲ့များ၊ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်တိမ်းရှောင်လာသည့် ၀န်ထမ်းများအား လက်ခံမထားရန် ကရင်နယ်ခြားစောင့်တပ်-BGF က ပြောဆိုမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ များကြောင့် မိမိတို့ရပ်ရွာတွင်...
ကမမောင်း-ဝါးဘိုးတောလမ်းပေါ်ရှိ BGF စခန်း တိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့
နိုဝင်ဘာ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေကို ဆက်သွယ်ထားသော ကမမောင်း-ဝါးဘိုးတောလမ်းပေါ်ရှိ နယ်ခြားစောင့်တပ်-BGF စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် BGF တပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ဖားအံမြို့နယ် မိထ္ထီလာ ကျေးရွာအနီးရှိ...














