KIC News
ကျား/မအခြေပြု အကြမ်းဖက်မှုပပျောက်ရေး အစီအစဉ်မရှိကြောင်း UNOCHA ၏ ထုတ်ပြန်မှုအပေါ် KWO တုန့်ပြန်
နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက် နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုပြင်ပတွင် ကျား/မအခြေပြု အကြမ်းဖက်မှု(GBV) ပပျောက်ရေးလုပ်ဆောင်သည့် အဖွဲ့အစည်းများမရှိကြောင်း ထုတ်ပြန်မှုခဲ့အပေါ် ကရင်အမျိုးသမီးအစည်းအရုံး-KWO က...
ကလေးငယ် ၂ ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ၄ ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်
အောက်တိုဘာ ၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လေးဖိုးကျေးရွာတွင် ဖြစ်ပွားခဲ့ သော အရွယ်မရောက်သေးသူ ကလေးငယ် ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသား ၄ ဦးအား သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လိုက်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄...
ပြည်နယ်နေ့ကျင်းပသည့် ကွင်းအနီး အသံဗုံး ၂ ကြိမ်ခန့် ပေါက်ကွဲသံကြားရကြောင်း မြို့ခံများပြောဆို
နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်နေ့ ကျင်းပမည့် ပြည်နယ်ကွင်းအနီးရှိ လုံခြုံရေးတင်းကြပ်လမ်းပိတ်ထားသည့် ပြည်နယ်လ၀က ရုံးအနီးနှင့် ယဉ်ကျေးမှုပြတိုက်အနီးနေရာ ၂ ခုတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားသံကြားရကြောင်း ဖားအံမြို့ခံများက ပြောသည်။
“ရဲမှရဲ စစ်မှစစ်ဆိုတဲ့နေရာမှာပေါက်တယ်။ ဗျောက်အိုးဖောက်တယ် ထင်နေတာ၊ နောက်တော့...
ကွယ်လွန်သူ ဝါရင့်ကရင့်တော်လှန်ရေး တပ်ဖွဲ့ဝင်ဟောင်းစောသန်းလှကို KNU မှတ်တမ်းတင်ဂုဏ်ပြု
နိုဝင်ဘာ ၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင့်တော်လှန်ရေးတွင် နာမည်ကြီး ပဲခူးရိုးမပြန်အခြေချမှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသူ ဝါရင့် ကရင့်တော်လှန်ရေး တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှ ကွယ်လွန်မှုအပေါ် လေးစားဦးညွတ်ကြောင်း ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ဗိုလ်ကြီးစောသန်းလှသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ရက်နေ့တွင် ၎င်း၏ဇာတိမြေ...
ဖလံတောင်ဆေးရုံ ယာယီပိတ်ထား၊ လူနာ ၁၀၀ နီးပါး ပြောင်းရွှေ့ရ
နိုဝင်ဘာ ၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ်တွင် ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ဒေသတွင်းရှိ ဖလံတောင်ဆေးရုံကို ယာယီပိတ်ထားလိုက်ရပြီး ဆေးရုံတက်ရောက်နေကြသည့် လူနာအယောက် ၁၀၀ ကို နေရာပြောင်းရွှေ့ကာ ကုသနေရကြောင်း ဒေသခံများထံမှ သိရသည်။
ကမမောင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၈)လက်အောက်ခံ...
ထားဝယ်တွင် CDM ဆရာ၊ ဆရာမများကို လိုက်လံဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေ
အောက်တိုဘာ ၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်သူ ကျောင်းဆရာ၊ ဆရာမများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ရှောင်တိမ်းနေရသည်ဟု CDM ဆရာ၊ ဆရာမများထံမှ သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် CDM ပြုလုပ်သူများကို...
ကရင်ပြည်နယ်ပွဲ လုံခြုံရေးကို ယခင်နှစ်ကထက် ပိုမိုတင်းကြပ်စွာချထား
နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်ကောင်စီ ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် ပြည်နယ်နေ့ပွဲတော်အတွက် လုံခြုံရေးကို ယခင်နှစ်ကထက် ပိုမိုတင်းကြပ်စွာချထားလျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်အတွက် ဖားအံမြို့တွင်း နေရာအနှံ့တွင် လုံခြုံရေးတပ်ဖွဲ့များ...
နယ်မြေမတည်ငြိမ်မှုကြောင့် ကော့ကရိတ်မြို့ပေါ်ရှိ စာသင်ကျောင်းအားလုံး ပိတ်ထားရ
နိုဝင်ဘာ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
နယ်မြေတွင်း မတည်ငြိမ်သည့် အခြေအနေကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စာသင်ကျောင်းအားလုံး ဆက်လက်မဖွင့်နိုင်ဘဲ ကျောင်းပိတ်ထားလိုက်ရသည်ဟု ကျောင်းဆရာ၊ ဆရာမများထံမှ သိရသည်။
ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာဝင်းထဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA...
မြ၀တီနှင့် ကော့ကရိတ်တွင် ခရိုင်ရဲမှူးများ လစ်လပ်နေပြီး ရာထူးနေရာရွှေ့ပြောင်းတာ၀န်ထမ်းဆောင်လိုသည့် အရာရှိ မရှိဖြစ်နေ
နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် စစ်ကောင်စီ ရဲတပ်ဖွဲ့ လက်အောက်ခံမြ၀တီနှင့် ကော့ကရိတ်ခရိုင်အဆင့် ရဲတပ်ဖွဲ့ရုံးများတွင် ခရိုင်ရဲမှူးအဆင့် တာ၀န်ရှိသူများ လစ်လပ်နေပြီး ရာထူးနေရာ ရွှေ့ပြောင်းတာ၀န်ထမ်းဆောင်လိုသည့် အရာရှိ မရှိဘဲ တာ၀န်ကျ ရွှေ့ပြောင်းမခံရရေး အကြောင်းအမျိုးမျိုးပြ၊ ငွေပေးနေကြရကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူများ...
သာမညကျေးရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ဖြစ်ပေါ်
နိုဝင်ဘာလ(၃)ရက်၊၂၀၂၂ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ သာမညကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ(၂)ရက် ည(၇)နာရီခွဲ အချိန်ခန့်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ညပိုင်းအချိန်တွင် သာမညကျေးရွာ၊ ပန်းမြိုင်စုံ ရပ်ကွက်အနီးတွင် ပေါက်ကွဲသံများ ထွက်ပေါ် လာပြီးသည့်နောက် နာရီအနည်းငယ်အကြာတွင်စစ်ကောင်စီတပ်များနှင့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု...














