KIC News
ညောင်လေးပင်စစ်ရှောင်များ မိုးတွင်းကာလ နေထိုင်စားသောက်ရေးအကူအညီ ဆက်လက်လိုအပ်နေဆဲ
မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် အ တွင်းရှိ စစ်ဘေးရှောင်များ မိုးတွင်းကာလ နေထိုင်ရေးအတွက် အမိုးအကာနှင့်စားနပ်ရိက္ခာအကူ အညီများ ဆက်လက်လိုအပ်ဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့်ရွှေကျင်မြို့နယ်တို့တွင် ယခုနှစ်အစောပိုင်း စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းထိုးမှုနှင့်...
ကျောက်ကြီးမြို့နှင့်နတ်သံကွင်းမြို့ကြားရှိ လမ်းတံတားများ ဖျက်ဆီးခံရသဖြင့် မိုးတွင်းကာလ သွားလာရေးခက်ခဲ
မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့ ကြားရှိ လမ်းပန်းဆက်သွယ်ရေးတံတားများ ဖျက်ဆီးခံရပြီးနောက် မိုးတွင်းကာလတွင် ဒေသခံပြည်သူ များ သွားလာရေးခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ကျောက်ကြီးမြို့မှ နတ်သံကွင်း၊ တောင်ငူနှင့်ဖားအံအစရှိသည့် အခြားမြို့များသို့ သွားနိုင်သည့် တံတားများ...
ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေတိုးလာ၍ နေရာထိုင်ခင်းအခက်အခဲ ရှိနေ
မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တည်ရှိသည့် ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၌ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသူသားလူဦးရေ ထပ်တိုးလာသောကြောင့် နေရာထိုင်ခင်းခက်ခဲမှုများ ရှိနေကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတွင် ယခင်က ကျောင်းသူ/ကျောင်းသားဦးရေ ၂၀၀...
ဖားအံတွင် ယာဉ်များကို ရပ်ကွက်များအထိ ဝင်ရောက်ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုများပြုလုပ်နေ
မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့စုံမှလိုင်စင်မဲ့ကား၊ ဆိုင်ကယ်များအပြင် ရပ်ကွက်အတွင်းရှိ လိုင်စင်ရှိကားများကိုပါ လိုက်လံသိမ်းယူဖမ်းဆီးနေပြီး ငွေညှစ်တောင်းခံမှုများပါ ပြုလုပ်နေကြောင်း မျက်မြင်သက်သေနှင့် ကိုယ်တိုင်တွေ့ကြုံရသူများက ပြောသည်။
ဖားအံမြို့တွင် ယခု မေလပထမအပတ်မှစ၍ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများပါဝင်သည့် အဖွဲ့စုံဖြင့်...
လူနေအိမ်အတွင်း စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲမှုကြောင့် သံမိုးတောင်ဒေသခံများ နေရပ်မပြန်ရဲ
မေလ ၃၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုဒေသ သံမိုးတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိ လူမနေ အိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် ဒေသခံများ လက်ရှိအချိန်တွင် နေရပ်ပြန်မနေထိုင်ရဲကြကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ...
၁၀ စုနှစ်တစ်ခုနီးပါးရပ်ထားသည့် ဒုက္ခသည်များတတိယနိုင်ငံသို့ အခြေချနိုင်ရေးအစီအစဉ် ပြန်လည်စတင်
မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းကြာနေထိုင်သည့်သူများ တတိယနိုင်ငံသို့ အစုအဖွဲ့လိုက် ပြောင်းရွှေ့နေရာချထားရေးအစီအစဉ်နှင့်ပတ်သက်၍ ၁၀စုနှစ်တစ်ခုနီးပါးကြာ ရပ်ဆိုင်းထားခဲ့ရာမှ ယခုပြန် လည်စတင်ရန် စီစဉ်နေပြီဖြစ်သည်ဟု ဒုက္ခသည်အရေးဆောင်ရွက်သူထံမှ သိရသည်။
အဆိုပါ နေရာချထားရေး အစီအစဉ်သည် အမေရိကန်အစိုးရ၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး -UNHCR နှင့်...
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံး...
မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းသို့ မေလ (၂၈) ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂...
ကျောက်ကြီး-နတ်သံကွင်းလမ်းရှိ ဓာတ်တိုင်များပြန်ထူရန် ဒေသခံ(၁၇)ဦးကို အကာအကွယ်အဖြစ် စစ်ကောင်စီ ဖမ်းဆီးထား
မေလ ၃၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင်၊ ကျောက်ကြီး-နတ်သံကွင်းလမ်းကြားရှိ ပြိုကျနေသော လမ်းမီးတိုင်များအား ပြန်ထူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသား(၁၇)ဦးအား ယနေ့ နံနက်ပိုင်းက ဖမ်းဆီးပြီး အကာအကွယ်အဖြစ်အသုံးပြုနေကြောင်း မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့်လပိုင်းများက စစ်ကောင်စီနှင့်နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများကြောင့် ပြိုကျပျက်စီးနေသော လမ်းမီးတိုင်များအား...
စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်ဒေသခံ အရပ်သားသေဆုံးထိခိုက်မှုများလာနေ
မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဒေသအတွင်း စစ်ကောင်စီတပ်က မြေပြင်တွင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲအမြှောက်လက်နက်ကြီး၊ လေယာဥ်ဗုံးကြဲချမှုများလုပ်ဆောင်တိုက်ခိုက်နေသောကြောင့် အရပ် သားဒေသခံများ ထိခိုက်သေဆုံးမှုများလာနေသည်ဟု ကော့ကရိတ်ဒေသစစ်ဘေးရှောင်အကူ အညီပေးနေသူက ပြောသည်။
မေလအတွင်း စစ်တပ်က ကော့ကရိတ်ဒေသတောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကျုံဒိုး၊ ကျိုက်ဒုံကျေးရွာများ ဘက်သို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့်...
ထားဝယ်အရှေ့တောနယ်တွင် ကွမ်းသီးစျေးများ ယခင်နှစ်ထက် စျေးထက်ဝက်လျော့ကျနေ
မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ ဒေသထွက် ကွမ်းသီးစျေးသည် ယခင်နှစ်ကထက် စျေးထက်ဝက်လျော့နည်းသွားကြောင်း ကွမ်းသီးစိုက်တောင်သူများက ပြောသည်။
အရှေ့တောနယ်ဒေသတွင် ယခင်နှစ်က ကွမ်းသီးစျေးတစ်ပိဿာလျှင် (၄,၀၀၀)မှ (၄,၅၀၀)ကျပ်အထိ စျေးရရှိသော်လည်း ယခုမိုးရာသီကာလတွင် ကွမ်းသီးစျေးတစ်ပိဿာ (၂,၀၀၀)မှ (၂,၅၀၀)ကျပ်ထိ စျေးကျသွားသောကြောင့်...














