KIC News
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အမျိုးသမီးနှင့်ကလေးငယ် ၆ ဦး ထိခိုက် ဒဏ်ရာရ
ဇွန်လ ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချူပ်နယ်မြေ သထုံခရိုင် ဘီးလင်းမြို့ရှိ ရွှေရောင်ပြကျေးရွာနှင့် အလူးလေးအနောက်ရွာတို့တွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်၏လက် နက်ကြီးပစ်ခတ်မှုများကြောင့် ရွာခံအမျိုးသမီး(၃)ဦးနှင့် အသက်ဆယ့်ရှစ်နှစ်အောက် ကလေး ငယ်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းက အလုံတောင်ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီခြေလျင်တပ်ရင်း...
အိမ်ရှင်များ၏ ဖိနှိပ်ခြိမ်းခြောက်မှုကြုံတွေ့နေရကြောင်း အိုမန်ရောက် မြန်မာအမျိုးသမီးငယ်များပြောဆို
ဇွန် ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
အိမ်ရှင်များ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရပြီး ဒုက္ခရောက်နေသူ တချို့ရှိ ကြောင်း အိုမန်နိုင်ငံတွင် အိမ်အကူ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးငယ်များထံမှ သိရသည်။
ဒေသတွင်း အလုပ်သမားပွဲစားများ၏ ချိတ်ဆက်မှုဖြင့် အိုမန်နိုင်ငံသို့ ရောက်ရှိ လာကြပြီး နောက် အေးဂျင့်ရုံးတွင် အလုပ်အကိုင်...
ကြာအင်းဆိပ်ကြီးမြို့တိုက်ပွဲတွင် အရပ်သားနှင့် သံဃာများ လက်နက်ကြီး ထိမှန်သေဆုံး
ဇွန် ၂ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် ယနေ့ ဇွန်လ ၂ ရက် နံနက် ၁ နာရီကျော်မှစ၍ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် ပြင်းထန်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့် အတွက်...
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KRF ထုတ်ပြန်
ဇွန်လ ၁ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်အနီးရှိ စစ်ကောင်စီတပ်များကို ယနေ့ ဇွန်လ(၁)ရက်၊ နေ့လည် ၁၂နာရီခွဲအချိန်ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA...
ဖရူဆိုနှင့်ဒီမောဆိုမြို့နယ်ရှိ စစ်ဘေးရှောင်သူများ စားနပ်ရိက္ခာပြတ်လပ်နေ
ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီမောဆိုမြို့နယ်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တမ်းရှောင် လာသူ စစ်ဘေးရှောင်များသည် လက်ရှိတွင် စားနပ်ရိက္ခာများ ပြတ်လပ်မှုနှင့် စတင်ကြုံတွေ့လာရပြီဟု တိမ်းရှောင်လာသူများထံမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် အချိန်အတော်ကြာ ကူညီထောက်ပံ့မှုမရရှိတော့သဖြင့် ဆန်စားနပ် ရိက္ခာများ...
လဝကရုံးပစ်ခတ်ခံရပြီးနောက် လောင်းလုံးဒေသခံများ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံနေရ
ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ပြီးခဲ့ သည့် မေလ ၂၃ ရက်နေ့တွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် တိုက်ခိုက်မှုကို ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများကိုအကြောင်းပြချက်မရှိဘဲ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း လောင်းလုံးမြို့ခံများ...
သံတံတား စစ်ဆေးရေးဂိတ်စခန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံး
ဇွန်လ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နှင့်ဘီးလင်းမြို့အစပ်ရှိ စစ်ကောင်စီ၏သံတံတားစစ်ဆေးရေးဂိတ်စခန်းသို့ ယမန်နေ့ မေလ(၃၁)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်များမှ သိရသည်။
ထိုနေ့ နံနက် (၅) နာရီခွဲအချိန်တွင်...
သံတောင်မြို့နယ်အတွင်း ဆန်သယ်ဆောင်ခွင့်ပိတ်ထားသောကြောင့် ဒေသခံများစားနပ်ရိက္ခာခက်ခဲလာ
ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆန်သယ်ဆောင်ခွင့်ပိတ်ထားသည့်အတွက် စစ်ရှောင်လူထုအပါအဝင် ဒေသအတွင်းရှိ ဒေသခံများလည်း စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့လာရသည်ဟု ဒေသခံထံမှ သိရသည်။
သံတောင်မြို့၏ အဓိက ရိက္ခာသယ်ဆောင်သည့်လမ်းကြောင်းဖြစ်သည့် တောင်ငူ-သံတောင်-လိပ်သို၊ သံ တောင်ကြီး၊ ဘောဂလိမြို့များကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်တွင်...
ကျုံဒိုးရဲစခန်းနှင့် ခလရ ၅၄၅ တပ်ရင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်တပ်ပြန်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ
မေလ ၃၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့မရဲစခန်းနှင့် ခြေလျင်တပ်ရင်း-ခလရ ၅၄၅ ပေါ်သို့ ယမန်နေ့ မေလ ၃၀ရက် နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့များ ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် ရဲနှင့်စစ်သား ၅ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။
အဆိုပါ ရဲစခန်းနှင့်...
စစ်ကိုင်းဖိုရမ်သို့ KNU နှင့် PNFC ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့
မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပထမအကြိမ်ကျင်းပပြုလုပ်သော စစ်ကိုင်းဖိုရမ်သို့ KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့က ယမန်နေ့ မေလ(၃၀)ရက် နေ့စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။
စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအင်အားစုများ ပါဝင်သော အဆိုပါ စစ်ကိုင်း ဖိုရမ်ကို မေလ (၃၀)ရက်မှ (၃၁)ရက်နေ့ ညနေပိုင်းအထိ နှစ်ရက်ဆက်တိုက်...














