Home သတင်း ဌာနဆိုင်ရာရုံးများရှိ စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိ

ဌာနဆိုင်ရာရုံးများရှိ စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိ

539
Photo-Crd

ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်များတပ်ဆွဲထားသည့် ဌာနဆိုင်ရာရုံးများကို ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ များက ထပ်မံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင် ရေးတပ်ဖွဲ့ထံမှ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတာ် -KNLA ၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်၏လက်အောက်ခံ ဇမိခန်းမ၊ မြို့နယ် (လဝက) ရုံးများကို ၈၁ မမ ဒရုန်းဗုံးသီးများ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ရဲဘော်ဝင်တစ်ဦးက ယခုလိုပြောသည်။

“ဇမိခန်းမ၊မြို့နယ် လဝက ရုံးတွေကို ၇ ရက်နဲ့ ၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်။ စကစတွေ ၂ ယောက်သေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်ပေါ့နော်။ ဒါက အနည်းဆုံးထိခိုက်သေဆုံးမှုပေါ့။ ဌာနဆိုင်ရာ ရုံးတွေရဲ့ထိခိုက်မှုကိုကြည့်ရင် အမာခံအုပ်နဲ့လုပ်ထားတဲ့ အတွင်းနံရံတွေတောင်မှ ကြေမွနေတယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့ကတော့ ထိခိုက် ဒဏ်ရာမရှိခဲ့ပါဘူး”ဟု ပြောသည်။

ထို့နောက် တိုက်ပွဲဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်၏ ခလရ ၁၃၈ ၊ ခလရ−၁၈၄ နှင့် ၃၂ တပ်ရင်းကုန်းမှ နီးစပ်သည့်ကျေးရွာများအတွင်းသို့ ၁၂၀ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ၎င်း SOF ၏ ရဲဘော်ဝင်က ဆက်ပြောသည်။

ထိုသို့စစ်ကောင်စီတပ်များ၏ ဌာနဆိုင်ရာများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတော်လှန်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။

Photo-Crd

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ တရားသူကြီးရုံး စသည့်ရုံးများကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF က ထုတ်ပြန်ချက်အရ သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွား နေဆဲရှိနေသောကြောင့် ၎င်းမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေယာထိုင်ခင်း ခက်ခဲမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။