ဧပြီလ ၆ ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ
ယမန်နေ့မတ်လ ၅ရက်နေ့တွင် ကျရောက်သည့် ၃၈ ကြိမ်မြောက် ကရင်အမျိုးသမီးအစည်း (KWO)နေ့ကို ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ နို့တကော၊ နှင့် ဝင်းရေး စသည့် မြို့နယ်(၄)မြို့ နယ်က ကော့ကရိတ်မြို့နယ်တစ်နေရာတွင် စုပေါင်းကျင်းပခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် ခက်ခဲသည့် ကာလ ဖြစ်သော်လည်း ယခင်ခေါင်းဆောင်များချန်ထားပေးသည့် နေ့ထူးနေ့မြတ်ကို မမေ့ဘဲ အထိမ်းအမှတ်အနေဖြင့် ယခုလို ဂုဏ်ပြုအခမ်းအနားအစီအစဉ်များ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင် KWO ဥက္ကဌ ပဒိုနော်မေရီဌေးက ကေအိုင်စီသို့ ပြောသည်။
“၎င်းက အရင်ခေါင်းဆောင်တွေ ချန်ထားပေးတဲ့ဒီနေ့ထူးနေ့မြတ်ကို မမေ့ပျောက်ဖို့ တစ်နှစ်တစ်ခါ ဂုဏ်ပြု အမှတ်ရကြောင်းပြုလုပ်ရမယ်။ ဒါပေမယ့် အခက်အခဲတော့အများကြီးတယ်။ အခမ်းအနားပြုလုပ် တဲ့နေရာကို အမျိုးသမီး ခေါင်းဆောင်တွေလာဖို့ လုံခြုံရးအတွက်စိုးရိမ်ရတယ်။ ကရင်အမျိုးသမီးနေ့ ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြည်သူလူထုတွေ အများအပြား ဖိတ်ခေါ်ချင်တယ်။ သူတို့ လုံခြုံရေးအတွက် ခေါ်မရဲဘူးအခက်ခဲဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့ ကျင်းပသည့် (KWO)နေ့အခမ်းအနားသို့ ဒူးပလာယာခရိုင်၊ မြို့နယ် ၄ မြို့နယ်မှ ကရင်အမျိုး သမီးခေါင်းဆောင်များ၊ ပြည်သူလူထုများများအပါအဝင် စုစုပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ပြီး KWO အဖွဲ့အစည်းတွင် ၁၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်များကို ဂုဏ်ပြု ဆုချီးမြှင့်ခြင်းအပြင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲအတွင်းကျ ဆုံးသွားသူများကိုလည်း ဂုဏ်ပြုမှုပြုလုပ်ပေးကြောင်း သိရသည်။
ကရင်အမျိုးသမီးအစည်းအရုံး(KWO) သည် ၁၉၄၉ ခုနှစ်တွင် ကော်သူးလေ ကရင် အမျိုးသမီးအစည်းအရုံးအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်တကွ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့သည်။
မတ်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသမီးအစည်းအရုံး -KWO နေ့ကို KNU တပ်မဟာ၊ ခရိုင် (၇)ခုအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများနှင့် နယ်စပ်ဒေသအချို့တွင် ဂုဏ်ပြုကျင်းပခဲ့ကြသည်။



















