အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေထဲရှိ ကျုံးဒိုး-ကော့ကရိတ်လမ်းပိုင်းကို လက်မလွှတ်ရရေး စစ်အုပ်စုတပ်ရင်းများမှ ကျုံဒိုးမြို့ဝန်းကျင်ရှိကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ပြီး အင်အားများတိုးမြှင့်ချထားကြောင်း ကျုံဒိုးစစ်အုပ်စုနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။
အချက်အချာကျပြီးအရေးပါသည့် အဆိုပါလမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ တိုက်ခိုက်မည့်သတင်းထွက်ပေါ်နေချိန် ယခုအောက်တိုဘာ ဒုတိယအပတ်ထဲတွင် စစ်အုပ်စု၏...