Home သတင်း စစ်ကောင်စီမှ နယ်မြေခံ KPDF ဂိတ်စခန်းကို ဒရုန်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်မှုပြုလုပ်

စစ်ကောင်စီမှ နယ်မြေခံ KPDF ဂိတ်စခန်းကို ဒရုန်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်မှုပြုလုပ်

1311

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) စစ်ဆေးရေး ဂိတ်တစ်ခုကို စစ်ကောင်စီကဒရုန်းဖြင့် ဒုတိယအကြိမ် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KPDF၏ ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်ခရိုင်၊ ပုလောမြို့နယ် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)မှ မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီ ထုတ် ပစ္စည်းများ မဝင်ရောက်လာနိုင်စေရန်အတွက် တားမြစ်စစ်ဆေးမှုပြုလုပ်နေသောဂိတ်ကို စစ်ကောင်စီဘက်မှ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်ခန့်တွင် ဒရုန်းအသုံးပြု၍ ဗုံးသီးလေးလုံးဖြင့် ဒုတိယအကြိမ်အနေဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

ယခုလိုတိုက်ခိုက်ခံရမှုအပေါ် ပုလော Palaw KPDFမှ တာဝန်ခံ တစ်ဦးက ”Drone အမျိုးစားက မသိသေးဘူး။ ထိခိုက်မှု ပြင်အားမရှိဘူး၊ အသံတော့ကျယ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် စခန်းရှိ မီးကြိုးမီးတိုင်အနည်းငယ်သာပျက်စီးခဲ့ကြောင်း ၊ ယခုတစ်ခါ ဒရုန်းဖြင့်လာရောက်တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမတစ်ခေါက်တိုက်ခိုက်မှုတွင် ရဲဘော်တစ်ဦး ထိခိုက်မှုရှိခဲ့ကြောင်းကိုလည်း ယခင်ထုတ်ပြန်ချက်အရ သိရသည်။