ဩဂုတ် ၁၉ရက်၊ ၂၀၂၂။ ကေအိုင်စီ
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စစ်ဆင်ရေးများ တာဝန်ယူ ဆောင်ရွက်ရသော အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းလဲခန့်အပ် တာဝန်ပေးလိုက် ကြောင်း သတင်းရရှိသည်။
လစ်လပ်သွားသော အရှေ့တောင်တိုင်း စစ်ဌာနချုပ် ( ရတခ ) တိုင်းမှူးနေရာအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးအား ခန့်အပ်လိုက်သည်ဟု သိရသည်။
ရတခ တိုင်းမှူးဖြစ်လာသူ ဗိုလ်ချုပ်မြတ်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ( ၃၈ ) ကျောင်းဆင်း ကိုယ်ပိုင်အမှတ် ကြည်း -၂၀၂၇၈ ဖြစ်ပြီး တပ်မ ၇၇ တပ်မမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဗိုလ်ချုပ်မြတ်သက်ဦးသည် စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ မြောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်လာခဲ့ပြီး နောက် မြောက်ပိုင်းတိုင်းတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှု များလာပြီး စစ်ကောင်စီဖက်မှ အကျအဆုံးများခဲ့သလို စခန်းများစွာ ကျဆုံးခဲ့သည်။
ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇနီးမှာ ဒေါ်မီမီဆွေလှိုင်ဖြစ်ပြီး ဘုန်းပြည့်မြတ်လှိုင်နှင့် လင်းပြည့်မြတ်လှိုင် ဆိုသည့် သားနှစ်ဦးရှိသည်။



















