Home ထိပ်တန်းသတင်း မြဝတီ-‌ကော့ကရိတ် ကားလမ်း ပစ်ခတ်မှုတွင် အရပ်သား ၁ဦး‌သေဆုံး

မြဝတီ-‌ကော့ကရိတ် ကားလမ်း ပစ်ခတ်မှုတွင် အရပ်သား ၁ဦး‌သေဆုံး

1966
ဇွန်လ ၂ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းတွင် အစိုးရတပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုတစ်ခု ယ‌နေ့ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဦး ‌သေဆုံးသွားခဲ့သည်ဟု မြဝတီမြို့ခံများက ‌ပြောသည်။

ယ‌နေ့ မွန်းလွဲ ၁နာရီအချိန်တွင် ဗိုလ်မှူး‌ကျော်သက် ဦး‌ဆောင်သည့် ကရင်ပူး‌ပေါင်းတပ်ဖွဲ့ဝင်များသည် မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်း ‌ရေတံခွန်‌လေးအနီးရှိ အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ခလရ (၂၇၅)တပ် ရင်းအား ၁နာရီနီးပါးကြာ သွား‌ရောက်ပစ်ခတ်ခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောဆိုသည်။

၎င်းက “အလယ်ဘိုတဲ‌အောက်က ‌ရေတံခွန်‌လေးနားမှာ ကရင်တပ်ဖွဲ့နဲ့ အစိုးရတပ်တို့ ကြီးကြီးကျယ်ကျယ် တိုက်ပွဲဖြစ်တယ်။ အဲဒီ မှာ ‌ကော့ကရိတ်က ဆိုင်ကယ်တက္ကစီသမား ၁‌ယောက် ‌သေသွားတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ မဖြတ်သွားဖို့ စစ်တပ်က တား ‌ပေမယ့် သူက ဆိုင်ကယ်‌မောင်းထွက်သွား‌တော့ စစ်တပ်က ပစ်သတ်လိုက်တယ်လို့ မျက်မြင်‌တွေက ‌ပြောတယ်။”ဟု ‌ပြောသည်။

ပစ်ခတ်မှုအတွင်း ‌သေဆုံးသွားခဲ့သူသည် ‌ကော့ကရိတ်မြို့၊ တံတားဦးတွင် ‌နေထိုင်သည့် မွတ်ဆလင်လူမျိုးတဦးဖြစ်ပြီး ‌ကော့က ရိတ်-မြဝတီကားလမ်းတွင် ဆိုင်ကယ်တက္ကစီ ပုံမှန် ‌ပြေးဆွဲ‌နေသူ ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုတွင် ဗိုလ်မှူး‌ကျော်သက် ဦးစီးသည့် ကရင်ပူး‌ပေါင်းတပ်ဖွဲ့ဟု မြဝတီမြို့ခံများက ‌ပြောဆိုကြ‌သော်လည်း ကရင်အ မျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)မှ အလယ်တန်းအရာရှိတစ်ဦးက “ဒီ‌နေ့ စစ်တပ်ကို ဝင်ပစ်ခတ်တာက‌တော့ ကျ‌နော် တို့ ကြားပါတယ်။ ဒါ‌ပေမယ့် ဘယ်သူ့အဖွဲ့လဲဆိုတာက‌တော့ အ‌သေးစိတ် ဘာမှမသိရ‌သေးဘူး။”ဟု ဆိုသည်။

နယ်ခြား‌စောင့်တပ် လက်မခံခဲ့သည့် ဗိုလ်မှူးချုပ်‌စောလားပွယ် ဦးစီး‌သော ဒီ‌ကေဘီ‌အေ တပ်ဖွဲ့မှ ဗိုလ်မှူး‌စော‌ကျော်သက်သည် လက်ရှိအချိန်တွင် ‌ကော့ကရိတ်မြို့နှင့် မြဝတီ-‌ကော့ကရိတ်ကားလမ်းတွင် အစိုးရ စစ်တပ်ကို မကြာခဏ ပစ်ခတ်တိုက်ခိုက်‌လေ့ ရှိ သည်။