ဇွန်လ ၂ဝရက်။ စောကျော်ခွီး (ကေအိုင်စီ)
မြန်မာ့နိုင်ငံရေး အကြပ်အတည်းဆိုင်ရာ လူထုအစည်းအဝေးနှင့် ဒုက္ခသည်များနေ့ အခမ်းအနားကို ဩစတြေးလျနိုင်ငံ နယူး ဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ ကာရာမာရပ်ကွက်ရှိ The Conference Hall of STARTTS တွင် ဩစတြေးလျား ကရင်အ မျိုးသားအဖွဲ့အစည်း(AKO)မှ ဇွန်လ ၁၈ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။
ထိုနေ့တွင် အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပရာ နေ့လည် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်မှု အပါအဝင် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စရပ်များကို ကျောင်းဆရာ/ဆရာမများ၊ ဆရာဝန်များ၊ Burma Campaign ဩစတြေးလျား၊ Burma Campaign-UK၊ ကေအဲန်ယူ UK ကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများ၊ ဩစ တြေးလျားရောက် ကရင်အမျိုးသားများနှင့် မြန်မာ့အရေး စိတ်ပါဝင်စားသူပေါင်း ၃ဝဦးကျော်က တက်ရောက်ဆွေးနွေးခဲ့ကြ သည်။
“နိုင်ငံရေးအကျဉ်းသားအားလုံးကို မလွှတ်ပေးသရွေ့၊ တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်နေမှုတွေကို မရပ်တန့်သရွေ့ နိုင်ငံတကာ ကမ်ပိန်းတွေမှာ လုပ်လို့ရနိုင်သမျှ နိုင်ငံရေးနည်းလမ်းပေါင်းစုံနဲ့ ဒီမဟာလူမျိုးကြီးဝါဒ လက်ကိုင်ထားတဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာဖိအားတွေ ပိုမိုပေးလာနိုင်အောင် ကြိုးစားသွားရမယ်။ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ နအဖတဖြစ်လည်း ကြံ့ဖွံ့စစ် အစိုးရကို ကမ္ဘာ့စစ်ခုံရုံး တင်နိုင်အောင် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့နိုင်အောင် ကြိုးစားသွားမယ်။”ဟု အစည်းအ ဝေး တက်ရောက်ခဲ့သူ Burma Campaign UK ၏ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ နမ့်ဇိုယာဖန်းက ကေအိုင်စီကို ပြောဆိုခဲ့သည်။
ထိုလူထုအစည်းအဝေးမှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊ လက်ရှိ အစိုးရမှ နိုင်ငံရေးအကျဉ်း သားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားဒေသများအား စစ်ဆင်တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တံ့ပေးရန်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာရန် နိုင်ငံတကာဖိအားကို ရယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဟု ဆုံးဖြတ်နိုင်ခဲ့ကြသည်။
Burma Office Director ဒေါက်တာမြင့်ချိုက “ဩစတြေးလျားအစိုးရအနေနဲ့ နယ်ခြားဖြတ်ကျော် အကူအညီပေးရေးတွေမှာ မပါဝင်လာသေးပေမယ့် ဒုက္ခသည်တွေကို အရင်က တနှစ်ကို ဒေါ်လာ ၂၉သန်း ကူညီခဲ့ရာကနေ အခုဆိုရင် ဒေါ်လာသန်း ၅ဝ အထိ ကူညီလာပြီဖြစ်တယ်။ ဩစတြေးလျားလွှတ်တော်အမတ်များ၏ အကြံဉာဏ်ပေးသူတွေဟာ နယ်စပ်ဖြတ်ကျော် အကူအ ညီပေးဝန်ထမ်းများ၏ လုံခြုံရေးအာမခံချက် မရှိတာနဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်ခြားဖြတ်ကျော်ခွင့် ရှိမရှိဆိုတဲ့ အကြောင်းပြ ချက်တွေကြောင့် Cross Border Aid ကိစ္စမှာ ဩစတြေးလျား အစိုးရအနေနဲ့ ချီတုံချတုံ ဖြစ်နေရတာ ဖြစ်တယ်။”ဟု ဆွေးနွေး ပြောဆိုခဲ့သည်။
မန္တလေးတိုင်း အရှေ့မြောက်မြို့နယ် NLD လွှတ်တော်အမတ် ဦးမောင်မောင်အေးက ကရင်ဘလော့ဂါ လူငယ်တစ်ဦး၏ တော် လှန်ရေးနှင့် နိုင်ငံရေး ဟန်ချက်မညီမှုအပေါ် ဆွေးနွေးမေးမြန်းချက်ကို ဦးမောင်မောင်အေးက “ချွတ်ယွင်းချက်တွေ၊ အားနည်း ချက်တွေကို သင်ခန်းစာယူပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုတွေဟာ အမြှော်အမြင်ရှိရှိ စည်းလုံး ညီညာစွာနဲ့ ပူးတွဲလုပ်ဆောင်ရမယ်။ တပ်ပေါင်းစုနဲ့သာ ဒီစစ်အာဏာရှင်ကို ဖြိုချနိုင်မှာ ဖြစ်တယ်။”ဟု ဖြေကြားခဲ့သည်။
ဆက်လက်၍ AKO က ညနေ ၃နာရီတွင် နှစ် ၆၀မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ကရင်လူငယ်မောင်မယ် များက အုပ်စုလိုက် သီချင်းသီဆိုကာ စတင် ဖွင့်လှစ်ခဲ့ပြီး ဩစတြေးလျားအစိုးရ၏ လူသားချင်းစာနာမှု အကူအညီဖြင့် ရောက် ရှိလာသူ နော်ထူးရာဖောနှင့် နော်မာနာဖောတို့မှလည်း ၎င်းတို့၏ ဒုက္ခသည်ဘဝ အခြေအနေများကို ရုပ်ပုံ slide show ဖြင့် ပရိ ဿတ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် အခမ်းအနား၌ ဖန်းဖေါင်ဒေးရှင်း ဒါရိုက်တာ နမ့်ဘွားဘွားဖန်းက “ကျမတို့လူမျိုးတွေဟာ နအဖ စစ်အာဏာရှင်တွေ ရဲ့ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို နေ့စဉ်နဲ့အမျှဆိုသလို ခံစားကြောက်ရွံ့ပြီး ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဖြစ်တယ်။ ဒါ တွေကို မမေ့ကြဘဲ ဒုက္ခသည်တွေအတွက် ပြန်လည် စာနာကူညီပေးဖို့ လိုအပ်ပါတယ်။”ဟု ပြောခဲ့သည်။

TAFE ကောလိပ်မှ Institute Multicultural Education Coordinator Mrs. Dimitra Gallos ကလည်း ဒုက္ခသည်များအနေ ဖြင့် ဩစတြေးလျားတွင် ပညာရေးပိုင်း၌ ဘာသာရပ်ပေါင်း ၁၂ဝမှ မိမိစိတ်ဝင်စားရာကို စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်းနှင့် အ ခက်အခဲရှိပါက counselor (နှစ်သိမ့်အားပေးရေး)ထံ တိုင်ပင်ဆွေးနွေးနိုင်ကြောင်း ဒုက္ခသည်များအား အားပေးပြောဆိုခဲ့သည်။
ဒုက္ခသည်ဘဝများသည် မျှော်လင့်ချက်နှင့် ရွေးချယ်စရာလမ်း မရှိသည့်အပေါ် တတိယနိုင်ငံရောက်ရှိလာသော ဒုက္ခသည်များ အနေဖြင့် ကျန်ရှိနေသည့် ဘဝတူ ဒုက္ခသည်များကို ပြန်လည်ငဲ့ညှာကြည့်ရှုရမည့် တာဝန်ရှိကြောင်းလည်း နမ့်ဇိုယာဖန်းက ပြောသည်။
မြန်မာပြည်အတွင်း လူမျိုးရေး ခွဲခြားဖိနှိပ် ဆက်ဆံခံခဲ့ရမှု၊ စစ်အာဏာရှင်၏ လူသားချင်းမစာနာသော လူ့အခွင့်ရေး ချိုးဖောက် မှုကြောင့် ဒုက္ခသည်များ ဖြစ်ပေါ်လာရပြီး စစ်ပြေးဒုက္ခသည်များဘဝဖြင့် တတိယနိုင်ငံသို့ ရောက်ရှိအခြေချလာရပုံတို့ကို ဩစ တြေးလျားပြည်သူများနှင့် လူမှုအဖွဲ့အစည်း ပိုမိုသိရှိနားလည် စာနာလာကြစေရန်အပြင် လက်ရှိ ရှိနေဆဲ ဒုက္ခသည်များကို ကူ ညီပံ့ပိုးသွားရေး ရည်ရွယ်ကျင်းပခဲ့သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတွင် လူဦးရေ ၆၀ကျော် တက်ရာက်ခဲ့သည်။
AKO သည် ပြည်ထောင်စုအရေး၊ ကရင်အမျိုးသားရေးဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံရေး နိုးကြားသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူထုအစည်းအဝေးကို အခါအားလျော်စွာ ဖိတ်ခေါ်ကျင်းပလေ့ရှိသည်။


















