Home သတင်း NUCC ဦး‌ဆောင်သည့် ပြည်သူ့ ညီလာခံ ‌ခေါ်ယူ ကျင်းပသွားမည်

NUCC ဦး‌ဆောင်သည့် ပြည်သူ့ ညီလာခံ ‌ခေါ်ယူ ကျင်းပသွားမည်

1538

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အမျိုးသား ညီညွတ်‌ရေးအတိုင်ပင်ခံ ‌ကောင်စီ(NUCC) မှ ဦး‌ဆောင်ပြီး ပြည်သူ့ ညီလာခံကို ကျင်းပသွား မည်ဖြစ်‌ကြောင်း ယ‌နေ့ နိုဝင်ဘာလ ၁၆ ရက်‌နေ့တွင် ပြုလုပ်သည့် NUCC ၏ ပထမဦးဆုံး သတင်းစာရှင်း လင်းပွဲ၌ ထုတ်‌ဖော်‌ပြော ဆိုသွားသည်။

အဆိုပါ ပြည်သူ့ ညီလာခံကို လာမည့် ဒီဇင်ဘာလတွင် ‌ခေါ်ယူ ကျင်းပသွာရန် လျာထားပြီး လတ်တ‌လောတွင် ညီလာခံကို ‌ခေါ်ယူကျင်းပသွားရန် လုပ်ငန်းလမ်းညွှန်များကို ‌ဆွေး‌နွေး‌နေပြီးဖြစ်ကာ လက်ရှိတွင် ပြင်ဆင် ‌ဆောင်ရွက်‌နေ‌ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ယ‌နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

၆ လတစ်ကြိမ် ပြုလုပ်သွားရန် စီစဉ်ထားသည့် ၎င်းညီလာခံ၌ အ‌ရေးကြီးသည့် NUCC တိုးချဲ့ဖွဲ့စည်းသွားမည့် အ‌ခြေအ‌နေများ ဖက်ဒရယ် ဖွဲ့စည်းပုံ ဆိုင်ရာများ၊ ကြားကာလ အစီအစဉ်များနှင့် အမျိုးသားညီညွတ်‌ရေး အစိုးရ (NUG)ကို ထပ်မံ အတည်ပြုမည့် လုပ်ငန်းစဉ်များပါဝင်‌ကြောင်း မုံရွာလူထုသပိတ် တိုက်ပွဲဦး‌ဆောင်‌ကော်မတီ ဦးခန့်‌ဝေဖြိုးက ယခုလို ရှင်းလင်း ‌ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“ဒီဖက်ဒရယ်ဒီမိုက‌ရေစီ ပဋိညာဉ်အရ အစိတ်အပိုင်း ၂ဖြစ်တဲ့ ကြားကာလဖွဲ့စည်းပုံ ဆိုင်ရာ အစီအမံအရ ပြည်သူ့ ညီလာခံ‌တွေကို ၆လ တစ်ကြိမ် ‌ခေါ်ယူ ကျင်းပသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် ပြည်သူ့ညီလာခံမှာ စစ်အာဏာရှင် ချုပ်ငြိမ်း‌ရေးနဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု ထူ‌ထောင်‌ရေးကို လိုလားတဲ့ အင်အားစု အသီးသီးပါဝင်တဲ့ ပြည်သူ့ ညီလာခံကို ‌ခေါ်ယူသွားမှာဖြစ်ပါတယ်။” ဟု သူက တင်ပြ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညီလာခံ၌ လုပ်ငန်းစဉ် ၃ ခုကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်း လုပ်ငန်းစဉ် ၃ခုမှာ NUCC ကို တိုးချဲ့ ဖွဲ့စည်းသွားရန်၊ ဖက်ဒရယ် ဒီမိုက‌ရေစီ ပဋိညာဉ် အစိတ်အပိုင်း ၁ နှင့် ကြားကာလ ဖွဲ့စည်းပုံ အ‌ခြေခံဆိုင်ရာအစီအမံများကို အတည်ပြုခြင်း နှင့် NUCC မှ ဖွဲ့စည်းထား‌ပေးသည့် NUG ကို အဆိုပါ ပြည်သူ့ ညီလာခံတွင် ထပ်မံ အတည်ပြုသွားမည်ဖြစ်‌ကြောင်းလည်း ဦးခန့်‌ဝေဖြိုး က ဆက်လက် ‌ပြောဆိုတင် ပြခဲ့ခြင်းဖြစ်သည်။

၎င်းညီလာခံတွင် ပါဝင်လာရန် စစ်အာဏာရှင် ချုပ်ငြိမ်း‌ရေး နှင့် ဖက်ဒရယ်ဒီမိုက‌ရေစီ လိုလားသည့် အင်အားစု များကို ဖိတ်‌ခေါ်နိုင်ရန် လုပ်ငန်းလမ်းညွှန်များကို ပြင်ဆင်‌နေပြီးဖြစ်သလို စစ်အာဏာရှင်ကို မလိုလားသည့် ပြည်သူလူထုနှင့် အင်အားစုများအ‌နေဖြင့် ပါဝင်တက်‌ရောက်သွားနိုင်မည့် ပုံစံကိုလည်း ထုတ်ပြန်သွားမည် ဖြစ်‌ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယ‌နေ့ ပြုလုပ်သည့် NUCC ၏ လုပ်ငန်းစဉ် ရှင်းလင်းတင်ပြမှုတွင် ၎င်းတို့၏ ကဏ္ဍအလိုက် ပါဝင်ဖွဲ့စည်းမှုများ ‌ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ရှင်းလင်းတင်ပြခဲ့ပြီး လက်ရှိ NUCC တွင် အဓိက အင်အားစု ၅စုဖြင့် အဖွဲ့ဝင် အဖွဲ့အစည်း နှင့် အဖွဲ့ဝင် အစုအဖွဲ့ ‌ပေါင်း ၂၈ ဖွဲ့ ဖွဲ့စည်းထား‌ကြောင်း ‌ပြောဆိုရှင်းလင်း ခဲ့ကြသည်။

အဆိုပါ အင်အားစု ၅ စုတွင် ပြည်‌ထောင်စု လွှတ်‌တော် ကိုယ်စားပြု ‌ကော်မတီ (CRPH)၊ နိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊ ပြည်နယ်အတိုင်ပင်ခံ‌ကောင်စီများ၊ ‌နွေဦး‌တော်လှန်‌ရေး အင်အားစုများ ဖြင့်ဖွဲ့စည်းထား‌ကြောင်း နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွင် ၈ ဖွဲ့ပါဝင်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီ တိုးတက်‌ရေးပါတီ(KNPP)စသည့် အဖွဲ့များပါဝင်‌ကြောင်း ထုတ်‌ဖော်‌ပြောဆို‌သော်လည်း ကျန် ၅ ဖွဲ့၏ အမည်များကို ထုတ်‌ဖော်‌ပြောကြားခြင်း မရှိခဲ့‌ကြောင်း ‌တွေ့ရသည်။

အမျိုးသား ညီညွတ်‌ရေး အတိုင်ပင်ခံ ‌ကောင်စီ-NUCC ကို ပြီးခဲ့သည့် မတ်လ ၈ ရက်‌နေ့က အစုအဖွဲ့အင်အားစု ၄ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းမှတဆင့် အမျိုးသားညီညွတ်‌ရေး အစိုးရ(NUG)ကိုပါ ဆက်လက်ဖွဲ့စည်းခဲ့ကာ ဖက်ဒရယ် ဒီမိုက‌ရေစီ ပဋိညာဉ်များကိုလည်း CRPH မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ယ‌နေ့ ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ ကို ပြီးခဲ့သည့် ‌အောက်တိုဘာလ ၅ ရက်‌နေ့က ပြုလုပ်ရန် တစ်ကြိမ်ဖိတ်‌ခေါ်ခဲ့‌သော်လည်း ညှိနှိုင်း‌ဆွေး‌နွေးမှု မပြီးပြတ်‌သေးသည့်အ‌ပေါ် ယ‌နေ့ မှသာ ပထမဦးဆုံးအကြိမ် ပြုလုပ်ရခြင်း ဖြစ်‌ကြောင်း သိရသည်။

ယ‌နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမင်းကိုနိုင် (၈၈ မျိုးဆက်ငြိမ်းချမ်း‌ရေး နှင့်ပွင့်လင်း လူ့အဖွဲ့ အစည်း )၊ ဦး‌အောင်ဆန်းမြင့်(ကရင်နီပြည်နယ်အတိုင်ပင်ခံ‌ကောင်စီ)၊ ပဒို‌စော‌တောနီး (ကရင်အမျိုးသား အစည်း အရုံး-KNU)၊ ‌ဒေါက်တာလျန်မှုန်းဆာ‌ခေါင်း(ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ‌ကောင်စီ)၊ ဦးမိုးသူ (စစ် အာဏာရှင်စနစ်တိုက်ဖျက်‌ရေး အ‌ထွေ‌ထွေသပိတ်‌ကော်မတီ)၊ ‌ဒေါက်တာ‌တေဇာစန်း (စစ်အာဏာရှင်ဆန့်ကျင် ‌ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်း‌ရေး‌ကော်မတီ-မန္တ‌လေး)၊ ဦးလွင်ကိုလတ် (ပြည်‌ထောင်စုလွှတ်‌တော် ကိုယ်စားပြု‌ကော်မတီ)၊ ဦနန္ဒာစစ်‌အောင် (မြန်မာနိုင်ငံအလုပ်သမားတပ်‌ပေါင်းစု)၊ ဦးခန့်‌ဝေဖြိုး (မုံရွာလူထုသပိတ် တိုက်ပွဲဦး‌ဆောင်‌ကော်မတီ)နှင့် မ‌လွေးပိုးငယ် (အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ))စသည့် ကိုယ်စားလှယ် အသီးသီးက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြသွားခဲ့သည်။