Home သတင်း ‌ရွှေ့‌ပြောင်းလူငယ်များ၏ ” မြန်မာ့‌နွေဦး‌တော်လှန်‌ရေး” ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် များဖိတ်‌ခေါ်

‌ရွှေ့‌ပြောင်းလူငယ်များ၏ ” မြန်မာ့‌နွေဦး‌တော်လှန်‌ရေး” ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် များဖိတ်‌ခေါ်

1715

နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်းမြန်မာလူငယ်များကွန်ယက်မှ ဦ‌ဆောင်ကျင်းပပြုလုပ်သည့် မြန်မာ့‌နွေဦး‌တော် လှန်‌ရေး ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲအတွက် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များကို ဖိတ်‌ခေါ် လျက်ရှိ သည်။

ယခုပြိုင်ပွဲတွင် ၂၀၂၁ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ(၁) ရက်‌နေ့မှစ၍ နိုင်ငံ‌တော်အာဏာကို စစ်တပ်က မတရား သိမ်းယူလိုက်သည့် အချိန်မှစ၍ ယ‌နေ့အချိန်ထိဖြစ်‌ပေါ်လျက်ရှိ‌သော ‌နွေဦး‌တော်လှန်‌ရေးနှင့် ပတ်သက်သည့် အ‌ကြောင်းအရာများနှင့် စစ်‌ကောင်စီ၏ ပြည်သူ၊ ပြည်သားများအ‌ပေါ် လက်နက်ကိုင်အနိုင်ကျင့်သည့်ပုံရိပ်များကို စိတ်ကူးစိတ်သန်းဖြင့် ခံစားပုံ‌ဖော်‌ရေးဆွဲရမည်ဟု သိရသည်။

ပြိုင်ပွဲမှ ဆုရရှိသည့် ပြိုင်ပွဲဝင်ပန်းချီကားများ၊ ကာတွန်းများ၊ ကဗျာများကို ပြပွဲပြုလုပ်‌ရောင်းချပြီး ရရှိလာသည့် ‌ရောင်းရ‌ငွေများကို မြန်မာ့‌နွေဦး‌တော်လှန်‌ရေးအတွက် ကဏ္ဍအသီးသီးတွင် ပါဝင်လှုပ်ရှားကြသည့် အင်အားစုများ ကို လှူဒါန်း‌ထောက်ပံ့သွားရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် ပြိုင်ပွဲကျင်းပပြုခြင်းဖြစ်သည်ဟု ပြိုင်ပွဲကျင်း ပသူများက ‌ပြောသည်။

ပြိုင်ပွဲကျင်းပပြုလုပ်သူတစ်ဦးက ” မဲ‌ဆောက်၊ မဲ့ရမတ်၊ ဖုတ်ဖရတ်မှာ ‌နေထိုင်တဲ့‌ရွှေ့‌ပြောင်းအလုပ်သမားနဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေဖြစ်ရမယ်‌ပေါ့‌နော်။ ပါဝင်ယှဉ်ပြိုင်တဲ့သူ‌တွေကို ဒိုင်‌တွေက ‌ရွေးပြီး ဆုရရှိသူ‌တွေကို ‌ကြေညာသွားမယ်။ ပန်းချီကား‌တွေကိုလည်း ပြခန်းလုပ်ပြီး ‌ရောင်းချသွားဖို့လည်း ရှိတယ်။ ပန်းချီကား ‌ရောင်းရ‌ငွေ‌တွေကို ကျ‌နော်တို့က ပြန်လှူမယ်‌ပေါ့‌နော်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပြိုင်ပွဲတွင် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ၊ ‌ကျောင်းသားများအ‌နေဖြင့် အသက် ၁၂ နှစ်မှ ၂၅ နှစ်အထိ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အလွတ်တန်းအ‌နေဖြင့် အသက် ၁၆ နှစ်နှင့် ၁၆ နှစ်အထက် ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်သည်ဟု ပြိုင်ပွဲကျင်းပပြုလုပ်သူများက ‌ပြောသည်။

အဆိုပါ ပြိုင်ပွဲ ကဏ္ဍ(၃)ခုတွင် ပါဝင်ယှဉ်ပြိုင်သွားမည့်ဝါသနာရှင်များအ‌နေဖြင့် မိမိတို့စိတ်ပါဝင်စားသည့် ကဏ္ဍ(၁)ခုတွင်သာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုပန်းချီ၊ ကာတွန်း၊ ကဗျာ ပြိုင်ပွဲဝင်များအ‌နေဖြင့် ပြိုင်ပွဲစည်း ကမ်းချက်များရှိသလို ကဏ္ဍတစ်ခုစီတွင် ပြိုင်ပွဲဝင် ၂၅ ဦးသာ လက်ခံမည်ဖြစ်သည်ဟု သိရသည်။

ပြိုင်ပွဲဝင်ဝါသနာရှင်များအ‌နေဖြင့် ပန်းချီ၊ ကာတွန်း၊ ကဗျာပြိုင်ပွဲအတွက် နိုဝင်ဘာလ(၁-၅)ရက်‌နေ့ အတွင်း ပြိုင်ပွဲဝင်အမည်စာရင်း ‌နောက်ဆုံးထား‌ပေးပို့ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လက်ရာများကို နိုဝင်ဘာလ ၂ဝ ရက်‌နေ့တွင် ‌နောက်ဆုံးလက်ခံကာ ဆုရရှိသူများကို နိုဝင်ဘာလ ၂၇ ရက်‌နေ့တွင် ‌ကြေညာသွားမည်ဖြစ်သည်ဟု မြန်မာ့‌နွေဦး‌တော်လှန်‌ရေး ပန်းချီ၊ ကာတွန်း၊ ကဗျာ ပြိုင်ပွဲဖိတ်‌ခေါ်စာတွင် ‌ဖော်ပြထားသည်။