Home သတင်း ဖားအံမြို့တွင် အထက (၃)‌ကျောင်းနှင့် ကညန ရုံးအနီးအပါအဝင် ‌နေရာ ၇ ခု ထက်မနည်း ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့

ဖားအံမြို့တွင် အထက (၃)‌ကျောင်းနှင့် ကညန ရုံးအနီးအပါအဝင် ‌နေရာ ၇ ခု ထက်မနည်း ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့

2019

ဇွန်လ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ယ‌နေ့ ဇွန်လ ၁၁ ရက် နံနက်ပိုင်းက အ.ထ.က ၃ ‌ကျောင်းနှင့် ကညန ရုံးအနီး အပါအဝင် ‌နေရာ ၇ ခုထက်မနည်း ဗုံး‌ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ဒီက‌နေ့ မနက် ၅ နာရီဝန်းကျင်ကတည်းက ဗုံး‌ပေါက်ကွဲမှု အသံ‌တွေ ကြား‌နေရတာပါ။ တစ်မြို့လုံး အနှံ့ပဲ။ အနည်းဆုံး ‌နေရာ ၇ ခုထက်မနည်းမှာ ‌ပေါက်ကွဲသံ‌တွေ ကြားရတယ်” ဟု ဖားအံ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ယ‌နေ့နံနက်တွင် ဇွဲကပင်ကုန်း၊ ကံ့‌ကော်လမ်းနား၊ ဖားအံ-လှိုင်းဘွဲသွားလမ်းဂွ ‌မော်‌တော်ပီကယ်ရုံးနား၊ အမှတ် ၈ ရပ်ကွက်ရုံးအနီး ၊ အမှတ် ၇ ရုံးနား ၊ ကညနရုံး နားနှင့် အထက(၃)‌ကျောင်းနားတို့တွင် ဗုံးတစ်လုံးစီ‌ပေါက်ကွဲခဲ့ပြီး အထက(၃) ‌ကျောင်းနားတွင်လည်း မ‌ပေါက်‌သေးသည့် ဗုံး‌နောက်တစ်လုံး ထပ်‌တွေ့သည်ဟု ဖားအံမြို့ အ‌ခြေစိုက် Hpa-an Update News Page ၏ လူမှုကွန်ယက်စာမျက်နှတွင် ‌ဖော်ပြထားသည်။

အဆိုပါ ဗုံး‌ပေါက်ကွဲမှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု အ‌ခြေအ‌နေ ရှိမရှိကို မသိရ‌သေး‌ကြောင်း မြို့ခံများက ‌ပြောသည်။

ထိုသို့ ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားပြီး‌နောက် ဖားအံမြို့အဝင် အထွက်‌နေရာများနှင့် မြို့‌ပေါ်ရပ်ကွက် ‌နေရာတစ်ချို့တွင် ယာဉ်ပိတ်ဆို့စစ်‌ဆေးမှုများရှိ‌နေပြီး လုံခြုံ‌ရေးတင်းကြပ်ထား‌ကြောင်း သိရသည်။

ဖားအံမြို့ နှင့် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း ပြည်သူများ ခရီးသွားလာမှုတွင် ယခုလ ၇ ရက်‌နေ့ မှ ယ‌နေ့ ဇွန်လ ၁၁ ရက်‌နေ့ထိ ‌မော်‌တော် ကား၊ ‌မော်‌တော်ဆိုင်ကယ်စသည်တို့ကို ယာဉ်လိုင်စင်၊ လူလိုင်စင်များကို ‌နေရာအနှံ့တွင် စစ်‌ကောင်စီအဖွဲ့က စစ်‌ဆေးမှုများ ပြုလုပ်ကာ ဒဏ်ရိုက် ဖမ်းဆီးမှုများလည်း ရှိ‌နေသည်။