Home သတင်း ပစ်ခတ်မှုဖြစ်ပြီး‌နောက် စစ်‌ကောင်စီနှင့် BGF တို့ ထပ်မံအင်အားဖြည့်လာ၍ တိုက်ပွဲဖြစ်လာမည်ကို ရွာသားများစိုး ရိမ်

ပစ်ခတ်မှုဖြစ်ပြီး‌နောက် စစ်‌ကောင်စီနှင့် BGF တို့ ထပ်မံအင်အားဖြည့်လာ၍ တိုက်ပွဲဖြစ်လာမည်ကို ရွာသားများစိုး ရိမ်

5696

ဇွန်လ ၄ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ် တံခွန်တိုင်ရဲစခန်းတွင် စစ်‌ကောင်စီ၊ နယ်ခြား‌စောင့်တပ် (BGF) ပူး‌ပေါင်းအဖွဲ့နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)တို့ ယ‌နေ့ဇွန် ၄ ရက် ‌နေ့လည် ၁၂ နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် စစ်‌ကောင်စီဘက်မှ ၎င်းတို့တပ်အင်အား အများ အပြား ထပ်မံဖြည့်လာသည့်အတွက် ‌ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြ‌ကြောင်း သိရ သည်။

ပတ်ခတ်မှုဖြစ်ပြီး‌နောက် ည‌နေ ၃ နာရီအချိန်တွင် BGF နှင့် စစ်‌ကောင်စီတပ်ဖွဲ့ တို့ပူး‌ပေါင်းကာ ခလယ်-တံခွန်တိုင်ရွာ ရဲစခန်းတွင် ကားအစီး‌ရေ ၃ဝ နီးပါး အင်အားအလုံးအရင်း ထပ်မံတက်‌ရောက်ရှိလာသည့်အတွက် ပတ်ခတ်မှုထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကြသဖြင့် ရွာသားများမှာ ‌ဘေးလွတ်ရာသို့ ပုန်း‌ရှောင်‌နေကြရသလို ‌ဈေးဆိုင်များနှင့် လုပ်ငန်းများလည်း ပိတ်သိမ်းထားလိုက်ရပြီးဟု ခလယ်-တံခွန်တိုင်‌ဒေသခံများက ‌ပြောသည်။

“ ၃ နာရီအချိန်‌လောက်မှာ အိမ်စီးကား ၃ဝ နီးပါးရှိမယ်။ BGF ‌ရော၊ စစ်တပ်‌ရော ‌ပေါင်းပြီး တံခွန်တိုင်ရဲစခန်းမှာ အင်အားအလုံးအရင်းနဲ့ တက်လာ‌နေကြတယ်။ စစ်ပွဲမဖြစ်ချင်‌တော့ဘူးဗျာ။ အခု‌ဈေးဆိုင်‌တွေ ပိတ်ထားလိုက်ရပြီး။ ဘယ်မှာ‌ပြေးရမလဲ မသိ‌တော့ဘူး။ အားလုံးက စိုးရိမ်‌နေကြတယ်” ဟု တံခွန်တိုင်ရွာ ‌ဒေသခံတစ်ဦးက ယ‌နေ့ဇွန် ၄ ရက် ‌ကေအိုင်စီသို့‌ပြောသည်။

တံခွန်တိုင်ရွာရှိ ရဲစခန်းအနီးတစ်ဝိုက်တွင် ယ‌နေ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အ‌ဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးမှုရှိပြီး နှစ်ဖက်ထိခိုက်မှုအ‌ခြေအ‌နေ မသိရှိရ‌သေး‌သော်လည်း လက်ရှိ စစ်‌ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ထပ်ဖြည့်လာသည့်အတွက် စစ်‌ရေးတင်းမာမှုအ‌ခြေအ‌နေ ကြီးထွား လာနိုင်သည်ဟု ‌ဒေသခံများထံမှ သိရသည်။