Home သတင်း ‌ကြွေး‌ကြော်သံ (၄) ရပ်ဖြင့် တိုင်းရင်းသားလူမျိုးများ စု‌ပေါင်း သပိတ် စတင်

‌ကြွေး‌ကြော်သံ (၄) ရပ်ဖြင့် တိုင်းရင်းသားလူမျိုးများ စု‌ပေါင်း သပိတ် စတင်

1935

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အဓိက ‌ကြွေး‌ကြော်သံ (၄)ရပ်ဖြင့် တိုင်းရင်းသားလူမျိုးများစု‌ပေါင်းပြီး ရန်ကုန်တိုင်း ‌ဒေသကြီး ‌မြေနီကုန်း တံတား‌အောက်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သပိတ်‌မှောက်ဆန္ဒပြမှု ယ‌နေ့ နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့သည်။

အခြားသပိတ်‌မှောက် ဆန္ဒပြမှုများနှင့်မတူဘဲ စစ်အာဏာရှင်စနစ် ဖျက်သိမ်း‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ဖျက်သိမ်း‌ရေး၊ ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေး နှင့် မတရားဖမ်းဆီးခံရသူများ လွတ်‌မြောက် ‌ရေးစသည့် အဓိက ‌ကြွေး‌ကြော်ချက် (၄)ရပ် ဖြင့် စု‌ပေါင်း သပိတ်‌မှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

တိုင်းရင်းသား လူမျိုးများအ‌ထွေ‌ထွေသပိတ်‌ကော်မတီမှ ဦး‌ဆောင်ပြီး ကရင်၊ ချင်း၊ ရခိုင်၊ ကချင်၊လီဆူး၊ပအိုဝ်း၊ ရှမ်း၊ ရှမ်းနီ စသည့် တိုင်းရင်းသားများအပါအဝင် သမဂ္ဂ အဖွဲ့အစည်းများ၊လူငယ်အဖွဲ့အစည်းများ စု‌ပေါင်း၍ ဆန္ဒ‌ဖော်ထုတ်ကြခြင်းဖြစ်သည်။

ယ‌နေ့နံနက်တွင် ‌မြေနီကုန်း တံတား‌အောက်တွင် စတင် စုရုံးခဲ့ကြပြီး လက်ရှိတွင် သပိတ်စစ်‌ကြောင်းအ‌နေဖြင့် ‌ရွှေဂုံတိုင်ဘက်သို့ ဆက်လက်ချီတက်သွားမည်ဖြစ်‌ကြောင်း သိရသည်။ လက်ရှိ သပိတ်‌မှောက်မှုကို ယ‌နေ့ ကျ‌ရောက်သည့် ၇၃ နှစ်‌မြောက်ကရင်အမျိုးသား‌နေ့မှစ၍ ဆက်တိုက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ဦး‌ဆောင်ပါဝင်သူများက ‌ပြောသည်။